ပေါင် (၆၅၀၀၀၀) တန် တူနာငါးကြီးကို တက္ကသိုလ် ကျောင်းသူတွေ ဖမ်းဆီးရမိ
![]() |
အေသင်အောင် |
ဒီတူနားငါးကို တက္ကသိုလ်ကျောင်းသူ ငါးဦးက ဖမ်းဆီရမိခဲ့ခြင်း ဖြစ်ပါတယ်။ သူတို့ဟာ အားလပ်ရပ် ခရီးစဉ်မှာ ပင်လယ်ပြင်ကို ခရီးထွက်ခဲ့ကြ ပါတယ်။ အပျော်တမ်း ငါးမျှားရာမှ တစ်ဆင့် တူနာငါးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။ အစောပိုင်းတုန်းက ငါးမန်းလို့ ထင်မြင်ခဲ့ပေမယ့် ကျွမ်းကျင်သူတွေ ရဲ့ ပြောပြချက်အရ အလွန်အဖိုးတန်တဲ့ ငါးဖြစ်နေကြောင်း သိရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၀မ်းနည်းစရာ ကတော့ ဒီတူနာငါးကို ဗြိတိန်မှာ တရားဝင် ရောင်းဝယ်ခွင့် ပိတ်ပင်ထားပါတယ်။ ဒီတူနာငါးဟာ ရှားပါးတဲ့ ငါးမျိုးဖြစ်တာမို့ ဥရောပသမဂ္ဂက ရောင်းဝယ် ဖောက်ကားမှု ပိတ်ပင်ထားခြင်းဖြစ်ပါတယ်။ အခုဖမ်းဆီးရမိတဲ့ တူနာငါးဟာ လေးပေနဲ့ ခြောက်လက်မ အထိရှိပါတယ်။ ဒီတူနာငါးမျိုးတွေဟာ အလေးချိန်ပေါင် (၁၀၀၀) ကျော် အထိရှိကြောင်း မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံမှာ အလေးချိန် (၄၈၉) ပေါင်ရှိတဲ့ အပြာရောင်တောင်ပံ တူနာငါးဟာ ပေါင်(၁ ဒသမ ၀၅) သန်းနဲ့ အရောင်း အ၀ယ်ဖြစ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
