သုက်ပိုး အလှူရှင်များရဲ့ အသက်အရွယ်နဲ့ သုက်ပိုး အရည်အသွေး ဆက်စပ်မှု ရှိသလား

အသက် ၄၅နှစ် အရွယ် ပုဂ္ဂိုလ် များက လှူဒါန်းတဲ့ သုက်ပိုး များဟာလည်း အသက်၂၉ အရွယ် အမျိုးသားငယ်များ လှူဒါန်းတဲ့ သုက်ပိုးများလိုပဲ သန္ဓေအောင်နိုင်စွမ်း တူညီမှုရှိကြောင်း သုတေသန တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယခင် သုတေသန များအရ အသက်ကြီး လာ လေလေ သုက်ပိုး အရည်အသွေး ကျဆင်းလေလေ လို့ ယူဆခဲ့ကြပေမယ့် အင်္ဂလန်နိုင်ငံမှ သုက်ပိုး လှူဒါန်းခြင်း၊ သန္ဓေအောင်နိုင် မှုနှုန်းများကို သုတေသနပြုချက်အရ သုက်ပိုးအလှူရှင်ရဲ့ အသက်ရွယ်နဲ့ သန္ဓေအောင်နိုင်စွမ်း၊ ကလေးရှင်သန် နိုင်မှုတွေဟာ ဆက်စပ်နေမှုမရှိ ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီရလဒ်တွေကို UK နိုင်ငံ၊ နယူးကာ ဆယ်မျိုးဆက်ပွားစင်တာမှ လေ့လာသူDr.Meen akshi Choudhary က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။
 
အင်္ဂလန် နိုင်ငံမှာ သုက်ပိုးလှူဒါန်းမှု စုစုပေါင်း ၂ သန်း၃ သောင်းရှိခဲ့ပြီး အဲဒီထဲကမှ ၃၉၂၈၂ခု ဟာ ဖန်ပြွန်သန္ဓေသား ကုသမှုကို ခံယူခဲ့ကြောင်း သိရှိရပါ တယ်။ မိခင်လောင်းများရဲ့ အသက် အရွယ်ဟာ ဖန်ပြန်သန္ဓေသားကုသမှု အပေါ် သက်ရောက်မှုကြီးစွာ ရှိနေ ကြောင်းကိုလည်း Dr.Meen akshi Choudhary က ရှင်းပြထားပါတယ်။

သုတေသနမှာ သုက်ပိုးလက်ခံ မယ့် အမျိုးသမီးရဲ့ သက်တမ်းအလိုက် အုပ်စု၂ခုခွဲခဲ့ပြီး ပထမအုပ်စု ကတော့ အသက် ၁၈နှစ်မှ ၃၄နှစ်အတွင်း ရှိကြပြီး ဒုတိယအုပ်စုကတော့ အသက် ၃၇နှစ် အထက် အမျိုးသမီး များဖြစ်ပါတယ်။ သုက်ပိုးများကိုရ ယူပြီး သန္ဓေအောင်နိုင်မှုနဲ့အသက်ရှင် နိုင်မှုတွေကို နှိုင်းယှဉ် လေ့လာခဲ့ပါ တယ်။ အသက်ရှင်သန်နိုင်မှုနှုန်း (live birthrate,LBR)ကို လေ့လာခဲ့ တဲ့အခါ ပထမ အုပ်စုမှာ ၂၉%ရှိနေ ချိန်မှာတော့ ဒုတိယအုပ်စု ဖြစ်တဲ့ အသက်ကြီးအုပ်စုမှာတော့ ၁၄%ပဲရှိ တာကြောင့် အမျိုးသမီးတွေ အသက် ကြီးရင် ဖန်ပြန်သန္ဓေအောင်နိုင်မှု နည်းပါးနေတာကို တွေ့ရှိခဲ့ပါတယ်။
 
အမျိုးသားများမှာလည်း အဲဒီအတိုင်း ပဲ အသက်အရွယ်ခွဲခြားပြီး သုက်ပိုး လှူဒါန်းကာ လေ့လာခဲ့ပေမယ့် သိသာ တဲ့ကွဲပြားခြားနားမှုမရှိကြောင်း ဖော် ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ တော့ အသက်အုပ်စုတွေ ခွဲပြီး သုက်ပိုး ရဲ့သန္ဓေတည်နိုင်စွမ်းကို တနည်း အားဖြင့် သုက်ပိုးအရည်အသွေးကို နှိုင်းယှဉ်လေ့လာ ခဲ့ပါတယ်။

ရလဒ်များအရ အသက်၂၀ အောက် အမျိုးသားတွေရဲ့သုက်ပိုးက ၁၁%၊ ၂၆နှစ်မှ ၃၀ အထိက ၁၇%၊အ သက်၄၁မှ ၄၅နှစ် အတွင်းက ၁၆.၆% အသီးသီး ရှိတာကြောင့် သုက်ပိုးအရည် အသွေးက သိသာခြား နားမှုမရှိ ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။Dr.Choudhary““ ဖန်ပြန်သန္ဓေ အောင်မြင်ဖို့အတွက် သုက်ပိုးအလှူရှင် ရွေးချယ်ရာမှာ အမျိုးသားရဲ့ အသက် အရွယ်ကို အရေးတယူ စဉ်းစားစရာ မလိုဘဲ သုက်ပိုးအရည်အသွေးကိုသာ စဉ်းစားဖို့ မိမိတို့သုတေသနက သက် သေပြနိုင်ခဲ့ပါတယ်””လို့ ရှင်းပြ ထားပါတယ်။

ပြည့်ဖြိုး

ref;PTI
Healte Updates Journal Vol(2),126
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...