မလေးရှားတွင် တရားမ၀င် လုပ်သားများ အောက်လမ်းမှ ပြန်ပို့ပေးရာ၌ နာမည်ကြီးသော ကိုတိုနီ အသတ်ခံရ



ရန်ကုန် – မလေးရှားနိုင်ငံရှိ တရားမဝင် နေထိုင်သော မြန်မာနိုင်ငံသားများကို အောက်လမ်းမှ ပြန်ပို့ပေးသော လုပ်ငန်း လုပ်ကိုင်နေသော ကိုတိုနီသည် ဇူလိုင် ၇ ရက်က ပီနန်မြို့နယ်၊ ဘတ်တာဝပ်မြို့ တွင် အသတ်ခံရကြောင်း သတင်းရရှိသည်။

အသက် ၄၀ ကျော်အရွယ် ကိုတိုနီသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် နေထိုင်ပြီး တရားမဝင် လာရောက် လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများကို အောက်လမ်းမှ ပြန်ပို့ပေးသော လုပ်ငန်း လုပ်ကိုင်ရာ တွင် နာမည်ကြီးသူ တစ်ဦးဖြစ်ပြီး ဇူလိုင် ၇ ရက်ညက မလေးရှားရင်းဂစ်ငွေ ၈၅၀၀၀ ရရန်ရှိသူထံမှ အကြွေးတောင်းပြီး အပြန်တွင် အသတ်ခံရခြင်းဖြစ်ကာ ငွေအားလုံးကိုလည်း ယူဆောင်သွားကြသည်။

ကိုတိုနီကို ဇူလိုင် ၉ ရက်တွင် သဂြိုလ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။ 


7 Day Daily-
----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...