တရုတ်နိုင်ငံမှ တရားမဝင်အလုပ်သမား လေးရာနီးပါး မြန်မာနိုင်ငံသို့လွှဲပြောင်း


တရုတ်နိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးသော တရားမ၀င်မြန်မာအလုပ်သမားများအား တွေ့ရစဉ် (ဓာတ်ပုံ −ကံသာ)

တရုတ်နိုင်ငံအတွင်းသို့ တရားမဝင်သွားရောက်အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံ သားလေးရာနီးပါး ကို ဇူလိုင် ၂ ရက်မှစတင်၍ မြန်မာနိုင်ငံဘက် သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံ စန်းတုံးပြည် နယ်၊ ဘင်ဂျို့မြို့၊ ဖယ်ကြားကြက် သားကုမ္ပဏီအတွင်း တရားမဝင် အလုပ်လုပ် ကိုင်နေသည့် မြန်မာ အလုပ်သမား ၃၅၂ ဦးအား မူဆယ် မြို့ တရုတ်မြန်မာနယ်စပ်၊ မကဖ (၅)နန်းတော် ဂိတ်သို့ တရုတ်နိုင်ငံ ရေးမှူး၊ နယ်စပ်ကာကွယ်စစ် ဆေးရေးဌာနမှ Mr.Huang Tao နှင့် အဖွဲ့က ဇူလိုင် ၃ ရက် နံနက် ၉ နာရီခွဲတွင် လာရောက်လွှဲ ပြောင်းပေးအပ်ခဲ့ရာ မြန်မာဘက် မှ မကဖ(၅) အဖွဲ့ခေါင်း ဆောင် ဦးစီးအရာရှိ ဦးဌေးဝင်းနှင့်အဖွဲ့ က လွှဲပြောင်းလက်ခံခဲ့သည်။ ထို့အပြင် ဇူလိုင် ၂ ရက်ကလည်း မြန်မာနိုင်ငံသား ၃၃ ဦးကိုလွှဲ ပြောင်းပေးခဲ့ရာ နှစ်ရက်အတွင်း လုပ်သားစုစုပေါင်း ၃၈၄ ဦး လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။

‘‘အားလုံးက ကြက်သားစက်ရုံမှာ လုပ်ကြတာပါ။ လစာပုံမှန် ရတယ်။ နေမကောင်းရင်လည်း ဆေးကုဖို့ စက်ရုံထဲမှာပဲ ဆေးခန်းရှိတယ်။ ရခိုင်ပြည်နယ်ဘက်က လာတဲ့ အလုပ်သမားလေးဆယ်က စက်ရုံက နေထွက်ပြေးပြီး ရဲကိုတိုင်လို့ အခုလိုအားလုံးပြန်ပို့ခံရတာ။ ရဲကိုတိုင်တဲ့ အယောက်လေး ဆယ်ကတော့ တရုတ်ရဲက ဖမ်းထားတာ။ ပြန်မလွှတ်ပေးသေးဘူးလို့ သိရပါတယ်’’ဟု ပြန်လည် ရောက်ရှိလာသည့် ရှမ်းပြည်နယ် မူဆယ်မြို့မှ အလုပ်သမားတစ်ဦးက ပြောသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမားများအတွက် ကုမ္ပဏီမှ ရသင့်ရထိုက်သည့် လစာငွေကို အပြည့်အဝ ရှင်း ပေးလိုက်ကြောင်း အလုပ်သမားများက ပြောသည်။ နေရပ်ပြန်မည့် အလုပ်သမားများ အတွက် မူဆယ်မြို့ရှိ လူမှုရေးအသင်း အဖွဲ့များက ထမင်းထုပ်နှင့် ရေဘူးများ ဝေငှပေးခဲ့ကြပြီး မြို့နယ် မော်တော်ယာဉ် လိုင်းပေါင်းစုံ ကြီးကြပ်ရေးအဖွဲ့နှင့် အာဏာပိုင်အဖွဲ့အစည်းများကလည်း ကူညီပေး ခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံမှ ပြန်လည်လွှဲ ပြောင်းပေးလိုက်သည့် မြန်မာအလုပ်သမားများမှာ ရခိုင်ပြည် နယ်၊ စစ်ကိုင်း တိုင်း၊ ရှမ်းပြည် နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်တို့မှဖြစ်ပြီး အများစုမှာ ရခိုင်ပြည်နယ်မှ ဖြစ် သည်။ ယခုကဲ့သို့ တရားမဝင် မြန်မာအလုပ်သမားများကို တရုတ်နိုင်ငံမှလွှဲပြောင်းပေးမှုမှာ သမ္မတ၏ တရုတ်နိုင်ငံချစ်ကြည်ရေး လေးရက်တာခရီးစဉ်ပြီးနောက် ဒုတိယအကြိမ် ပြန်လည်လွှဲပြောင်းပေးခြင်းဖြစ် သည်။ 


7Day News Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...