ဆီးချို ရောဂါရှိသူများ လမ်းများများ လျှောက်ထား
၂၀၁၃ ခုနှစ် ဇွန်လဆန်းပိုင်းက George Washington University မှာ ဆီးချိုရောဂါနဲ့  ပတ်သက်ပြီး စမ်းသပ်မှုတစ်ခုပြုလုပ် ခဲ့ကြပါတယ်တဲ့။ အဲဒီ စမ်းသပ်မှုကတော့ အသက် ၆၀ကျော် ဆီးချိုရောဂါ ဝေဒနာရှင် ၁၀-ဦးကို နေ့ လည်စာ နဲ့  ညစာများစားပြီး နောက် ၁၅-မိနစ်စီ treadmill(ခေါ်) လှေကားပေါ် တထစ်ချင်း တက်ရ သလိုမျိုး လမ်းလျှောက်စက်ပေါ်မှာ ခပ်ဖြည်းဖြည်း မှန်မှန်နှုန်းဖြင့် ရက်သတ္တ ၁-ပတ် တိတိ လမ်းလျှောက်ခိုင်းခဲ့ပါတယ်။ ရလာဒ်ကတော့ သွေးထဲမှာ သိသိ သာသာ သကြားပမာဏကျ ဆင်းသွားပြီး ဆီးချိုကျသွားပါတယ်တဲ့။ သုတသေသီများက- “ ထမင်းစားပြီး ၁၅-မိနစ်လောက် လမ်းလျှောက်ပေးခြင်းက တခြားအချိန် တွေမှာ ခပ်ကြာကြာလမ်းလျှောက်ခြင်းထက် ဆီးချိုပမာဏလျော့ကျနှုန်း ပိုမြန်ဆန်စေပါတယ်၊ အထူးသဖြင့် နေ့ လည်စာစားပြီး လမ်းလျှောက်ခြင်းထက် ညစာစားပြီး လမ်းလျှောက်တဲ့အခါ စားထားတဲ့ အစာတွေမှာပါတဲ့ ဂလူးကို့ စ်ဓာတ်တွေ လောင်မြို က်သွား စေတာကြောင့် ခန္ဓာကိုယ်ထဲမှာ အဲဒီဂလူးကို့ စ်တွေ တညတာလုံး ခိုအောင်းမနေတော့ ဘူးပေါ့” လို့  အကြံပြု ထားတာကို အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်မြို့ ရဲ့  ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ ထုတ် Diabetes Care(ခေါ်)ဆေးပညာဂျာနယ်တစ်စောင်မှာ ခုလို ဖော်ပြသွားခဲ့ပါတယ်။
+++++++++++++++++++++++
ဆီးချိုရောဂါဟာ အရင်တုန်းကတော့ ဖွံ့ဖြိုးပြီး နိုင်ငံများ(ချမ်းသာတဲ့ နိုင်ငံများ)မှာပဲ အဖြစ်များခဲ့ပေမယ့်၊ ၂၀-ရာစုနှစ် နောက် ပိုင်းမှာ သိသိသာသာ လူနေမှုပုံစံတွေပြောင်းလဲလာကာ ကမ္ဘာနှင့်အ၀ှမ်းရော ဂါဖြစ်နှုန်း အရမ်းကိုအဖြစ်များလာကြပါတယ်။ ဆီးချို လို့ခေါ်ကြပေမယ့် အမှန်တော့ သွေးထဲမှာ အချိုဓါတ်များနေခြင်းပါ။ သွေးထဲကနေမှ ဆီးထဲမှာပါလာပြီး၊ လူအများစုက ဆီးချို ရှိမှန်းမိမိ ကိုယ်ကိုေ တာင် မသိခဲ့ကြဘဲ၊ အခြားရောဂါကုသရန် သွေး/ဆီးစစ်ဆေးရင်း(သို့ မပာုတ်)ဆီးချိုပမာဏတက်ကာ လွန်စွာ နာမကျန်းဖြစ်တော့မှ သိလာရပါတယ်။
< ဆီးချိုရောဂါ အမျိုးအစားများ>
ဆေးသိပ္ပံနည်းအရ ဆီးချိုရောဂါကို Diabetes Type (1)(2)(3) ဆိုပြီး ၃-မျိုးခွဲခြားထားပါတယ်။ Diabetes Type (1)က ကိုယ် ခန္ဓာကနေ အချိုဓါတ်ကိုထိန်းညှိပေးသော သရက်ရွက်ကနေ ထုတ်ပေး ရမဲ့ Insulin ဟော်မုန်း မထုတ်နိုင်တော့တာကြောင့် အင်ဆူလင်လိုအပ်နေတဲ့ရောဂါ အမျိုးအစားဖြစ်ပါ တယ်။ အသက် ၃၅ အောက် ငယ်ရွယ်သူတွေမှာ ဖြစ်တတ်ပါတယ်။
Diabetes Type (2) ကတော့ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းကျဆင်းလာတဲ့အတွက် အင်ဆူလင်မ လိုအပ် ဘဲ အင်ဆူလင်ကို တုံ့ပြန်ပေးနိုင် စွမ်းသော ဆေးဝါးများလိုအပ်ခြင်းကြောင့် ဖြစ်တဲ့ရောဂါမျိုးပါ။ အသက် ၃၅ အထက်မှာ စဖြစ်လေ့ရှိပြီး၊ သွေးတိုး/နှလုံးရောဂါ တို့ နဲ့ တွဲနေပါတယ်။ ဆီးချိုရောဂါ ရဲ့ ၉၀% ခန့် က Type 2 ဖြစ်ပါတယ်။
Diabetes Type (3) က ကိုယ်ဝန်ဆောင်နေစဉ် ဖြစ် တတ်ပါတယ်။ Type (1) နဲ့  (2) တို့ က နာတာရှည်ဖြစ်ပြီး၊ လုံးဝအမြစ်ပြတ် ပျောက်တယ်ဆိုတာမရှိပါဘူး။ Type (3) ကတော့ ကလေးေ မွးပြီး ကောင်းသွားတာများပါတယ်၊ အချို့ ကလည်း နောက်ပိုင်းမှာ Type(2) ဖြစ်သွားတတ်ကြပါတယ်။
< ဆီးချိုရောဂါလက္ခဏာများ >
(၁) ရေငတ်ခြင်း(အာခြောက်ခြင်း) (၂) ဆီးသွားများခြင်း (၃) ညဘက်ဆီးခဏခဏ ထသွားရခြင်း (၄) ပင်ပန်းနွမ်းနယ်ခြင်း (၅) ကိုယ်အလေးချိန်ကျသွားခြင်း (၆) အမြင်အာရုံမကောင်းတော့ခြင်း (၇) မိန်းမ ကိုယ်ယားယံခြင်း၊ လိင်တံယားယံခြင်း၊ ရောင်ခြင်း (၈) ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း (၉) စိတ်အပြော င်းအ လဲဖြစ်ခြင်း၊ အာရုံစူးစိုက်မှုကျလာခြင်း…စသည်တို့ ဖြစ်ပါတယ်။ (Type 1 နဲ့  Type 2 ရဲ့ ရောဂါ လက္ခဏာတွေက ဆင်တူကြလို့  တခါတရံ ဆရာဝန်တွေတောင်ဝေခွဲရခက်ပါတယ်)
< သဘာဝကုထုံးလေးများ >
(၁) ရေက ခန္ဓာကိုယ်ထဲရှိ သကြား/ဂလူးပကို့ စ်ပမာဏကို ထိန်းပေးတာကြောင့် ရေများများသောက်ပါ (တစ်နေ့ ကို ၂-လီတာ ရှိ သောက်ရေသန့် ဗူး ၂-ဗူးခန့် သောက်ပါ) (၂) နေရောင်ခြည်ထဲမှာပါတဲ့ ဗီ တာမင်ဒီ က သွေးထဲရှိ ဂလူးကို့ စ်ပမာဏ ကို ထိန်းပေး တာကြောင့် နံက်ပိုင်း ၁၅-မိနစ်ခန့်  နေပူ စာလှုံပါ။ (၃)အရသာ ခါးသက်သက်ရှိတဲ့ ခံတက်ပင်၏ ပင်စည်/အခေါက်ကို ၄-ခွက် ၁-ခွက်တင်ကျိုေ သာက် ပါ။ (၄)ဆီဖြူသီး ပြုတ်ရည်သောက်ပေးပါ။ (၄) ကင်းပုံခါးသီးများများစားပါ။ (၅) ကင်ပွန်းချဉ် ရွက် ပြုတ်ရည် သောက်ပါ။ (၆) တရုတ်စံကားပင်ရဲ့ ပင်စည်အခေါက်ပြုတ်ရည်သောက်ပေးပါ။ (၇) ပြည် ပန်းညိုအပင်ရဲ့ အရွက်/အခေါက်တို့ ကို ဆန်ဆေးရည်ဖြင့် ၃-ခွက် ၁-ခွက်တင်ကြို၍ နေ့ စဉ် နံက်/ညသောက်ပါ။ (၈) နတ်ဆေးဂမုန်းပင်အမှုန့် ကို တစ်နေ့  ၃-ကြိမ်မျှ တစ်ခါသောက် လ္ဘက်ရည်ဇွန်း ၂-ဇွန်းကျစီ သောက်ရေဖြင့်သောက်ပေးပါ။ (၉) ဗေဒါပန်းပွင့်ကို ပြုတ်သုတ်စားပေးပါ (သို့ မဟုတ်) ဗေ ဒါပ န်းပွင့်ကိုအခြောက်ခံပြီး လက်ဖက်ခြောက်ကဲ့သို့ ရေနွေးခတ်၍သောက်ပါ။ (၁၀) သပြေသီးအစေ့ြေ ခာက် ကို အမှုန့် ပြု၍၊ ၄င်းအမှုန့်  ၂-ပဲသားခန့် ကို တစ်နေ့  ၂-ကြိမ် ရေကျက်အေးဖြင့်သောက်ပေးပါ။ (၁၁) ခ၀ဲ(ခါး)သီးကို ကြော်ချက်စားခြင်း(သို့ မ ဟုတ်)ခ၀ဲသီးကိုအခြောက်လှန်း အမှုန့် ပြု၍ တခါေ သာက် လ္ဘက်ရည်ဇွန်း ၁-ဇွန်းဖြင့် တနေ့ ၃-ကြိမ် သောက်ပေးပါ။ (၁၂) ဆင် တုံးမနွယ် လက်ခလယ် အရွယ် တစ်တောင်ခန့် ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ မီးကျွမ်းခါနီး ပြန်ထုတ်၊ အပေါ်မှ အမ ည်း ရောင်မျာြး ခစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့်ထုပြီး ဆန်ဆေးရည် ၂-ပိဿာထဲမှာစိမ်၊ တစ်ေ န့တစ်ညစိမ်ပြီး နေ့စဉ် အချို ပန်းကန် ၁-လုံး သောက်ပါ၊ သောက်ကာနီး အပေါ်ယံမှအမြှုပ်များကို ဖယ် ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ဖြည့်ထည့်ပါ။ တစ်လထိသုံးနိုင်ပါ သည်။ အချိန် တစ်လပြည့်ကအသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲ ရန်လို အပ်၏။ (ခါးလွန်းသဖြင့် ထန်းလျက်(သို့ မဟုတ်)ပျားရည် အနဲငယ်လျက်ပေးပါ။ သကြား(လုံးဝ)မ စားရ) (၁၃) ညအိပ်ယာ ၀င်ခါနီး ရုံးပတီသီး ၂-တောင့်ကို ရေစင်အောင်ဆေး ထိပ်နှစ်ဖက်ဖြတ် အလယ်က ထက်ခြ မ်းခြမ်းပြီး သောက်ရေသန့် ဖြည့်ထားတဲ့ ဖန်ခွက်ထဲထဲ့ အဖုံးဖုံး၍တညသိပ်ပါ။ အိပ်ယာထ နံက်စာမ စား ခင် စိမ်းထားတဲ့အရည်ကိုသောက်ပါ။ (ရေစိမ်ထားတဲ့ရုံးပတီသီး စားဖို့ မလိုအပ်ပေ၊ ရုံးပတီသီးကို ဟင်းချက်၍လည်းကောင်း/ရေနွေးဖျော၍လည်းကောင်း အပူပေးစားပါ) (၁၄) ပုံမှန်ထက် ဆီး ချိုပ မာဏ အနည်းငယ်တက်နေရင် နေ့ စဉ် ပျားမြီးရွက် ၁-ရွက် စားပါ။ ဆီးချို/သွေးချိုပမာဏ (၂၀၀)နှင့် (၃၆၀)ကြားရှိပါက နေ့ စဉ် ပျားမြီးရွက် ၃-ရွက်စားပါ။ အကယ်၍ ဆီးချို/သွေးချို (၄၆၀)ကျော် ထိဖြစ်ေ နပါက ပျားမြီးရွက် ၆ မှ ၉-ရွက်ထိစားပါ (ပျားမြီး ရွက်စားပြီးတိုင်း သောက်ရေ သန့် သောက်ပါ။ ဆီး ချိုကျသွားတဲ့အခါ (လုံးဝ)ဆက်မစားပါနဲ့ တော့) (၁၅) နံက်အိပ်ယာထ အစာ မစားခင် ကြက်ဟင်း ခါး သီးသတ္တုရည်သောက်ပါ။ (၁၆) အိန္ဒိယအစားအစာတွေမှာ သုံးလေ့ရှိတဲ့ ပဲနံ့ သာပင်(Fenugreek)ရဲ့  အစေ့လက်တစ်ဆုပ်စာပမာဏကို သောက်ရေသန့် ဖန်ခွက်ထဲမှာ တညသိပ်အဖုံးဖုံးပြီး၊ နံက်အိပ်ယာ ထသောက်ပါ(သို့ မဟုတ်) ပဲ နံ့ သာပင်အစေ့ခြောက်မှုန့် ကို နွားနို့ ဖြင့်သောက်ပါ။ (၁၇) မာလာကာ သီး ကို အပေါ်ယံအခွံဖယ်ပြီး နေ့ စဉ်စားပါ။ (၁၈) သရက် ပင်အရွက် လက်တဆုပ် စာပမာဏ ကို သောက်ရေသန့် ဖန်ခွက်ထဲ တညစိမ် နံက်အိပ်ယာထသောက်ပါ (သို့ မဟုတ်) သရွက် ပင်ရွက်ြေ ခာက်မှုန့် ကို လ္ဘက်ရည်ဇွန်း တ၀က်ခန့် စိမ်၍ တစ်နေ့  ၂-ကြိမ်ကျသောက်ပါ။ (၁၈) သစ်ကြပိုးေ ခါက်မှုန့်  လ္ဘက်ရည် ဇွန်း ၄-ဇွန်းပမာဏကို ရေ ၁-ခွက်စာဖြင့် မီးအေးအေးဆူအောင်တည်သောက် ပါ(သို့ မဟုတ်) သစ်ကြပိုးခေါက် လက်တဆုပ်စာ ပမာဏကို လက်ဘက်ခြောက်ပုံစံခတ်၍ သောက်ပါ။ (၁၉) ရှားစောင်းလက်ပပ် ဂျယ်လီ နဲ့  နနွင်းမှုန့် ဆတူရော၍ ညစာမစားခင် ရေအေးဖြင့် သောက်ပါ။
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
-------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)