အအေးမိ -နှာစေး- ချောင်းဆိုးခြင်းအတွက် နည်းလမ်း (၁၆)သွယ်

ယခုလို မိုးရာသီ ကျရောက်ပြီဆိုမှဖြင့် ရာသီဖျား (ခေါ်) အအေးမိ၍ နှာစေးချောင်းဆိုးခြင်းများ ဖြစ်လာကြပါပြီ။ ပြင်ပ နှင့်ထိတွေ့ ဆက် ဆံနေရသော အလုပ်သမားဝန်ထမ်းများ သာမ က၊ ကျောင်းနေရွယ်ကလေးများအားလုံး ကိုယ်ခံအား မကောင်းရင်၊ ကူးစက်ရာသီ ဖျားပိုးမွှားများ အလွယ်တကူကူး စက်ကာ အလုပ်ပျက်/ကျောင်းပျက်ဖြင့် စိတ်ညစ်စရာပါ။ အအေးမိဖျားနာခြင်းကြောင့် အသက် အန္တရာယ် မစိုးရိမ် ရသော်ငြား၊ အဖျားပျောက်ပြီး ချောင်းတဟွတ်ဟွတ် စွဲကျန် ရစ်ခဲ့ကာ မိသားစုဝင်များနှင့် ပတ်ဝန်းကျင်ရှိသူများကို လက်ဆင့်ကမ်း မကူးစက်ရလေအောင် အောက်ပါ နည်းလမ်း (၁၆)သွယ်ဖြင့် မျှဝေလိုက်ရပါသည်။

၁) အစိမ်းရောင်များများစားပါ။
အစိမ်းရောင် ဟင်းသီးဟင်းရွက်များ စားပေးခြင်းက ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။ အထူးသဖြင့် ပန်းဂေါ်ဖီစိမ်းထဲ တွင်ပါရှိသော ဓာတုဓာတ်ပေါင်းစုက အအေးမိ၍တုပ်ကွေးနှင့် ကူးစက် ဖျားနာများကို ကောင်းစွာ တိုက်ထုတ် ပေးနိုင်သဖြင့် ပန်းဂေါ်ဖီစိမ်းကို ဂျင်းတပြား ရိုက်၍ရောနှောကြော် စားရန် Cambridge တက္ကသိုလ်ရှိ အာဟာရဗေဒ ပညာရှင်များက အကြံပြုထားကြ၏။

၂) အားဆေးမှီဝဲပါ။
အအေးမိတုပ်ကွေး ဖျားနာခြင်းအတွက် ဗီတာမင်စီ တစ်ခုတည်း မလုံလောက်ပါဘူး။ ဗီတာမင်ဒီ အပါအ၀င် အခြားဗီတာမင်နှင့် သတ္တုဓာတ်တို့  ပါဝင်သော အစားအသောက်များ မျှတစွာစားပေးရ ပါမယ်။ ကျွန်မတို့ နေ့ စဉ်စားသောက်သော အစားအစာများ ထဲတွင် ထိုဓာတ်များတပြိုင်နက်တည်း လုံလောက်စွာ မရနိုင်သဖြင့် ဖြည့်စွက်စာအဖြစ် အားဆေးမှီဝဲပေးဖို့ လိုပါတယ်။

၃) အိပ်ရေး၀၀အိပ်ပါ။
တစ်နေ့ လျှင် ၈-နာရီနှင့်အထက် အိပ်ရေး၀၀အိပ်စက်ခြင်းက သွေးးတိုးရောဂါနှင့် အ၀လွန်ခြင်း ကာကွယ်ပေးရုံသာမက၊ အအေးမိနှာစေးကဲ့သို့  အသက်ရှုလမ်းကြောင်းမှ ကူးစက်ရောဂါပိုးများကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါ့ပြင် ၇ နာရီ ထက် လျော့နဲစွာအိပ်စက်သူများကို၊ ၈ နာရီနှင့်အထက် အိပ်စက်သူများနှင့် နှိုင်းယှဉ်ပါက၊ အအေးးမိကူးစက်ရောဂါ ဖြစ်နိုင်ချေ အလားအလာ ၃-ဆမျှ ပိုကြောင်း အမေရိကန်ဆေးသုတေသီများက အကြံပြုထားပါတယ်။

၎) ပဋိဇီဝဆေးဆောင်ထားပါ။
ယခုလိုမိုးဦးရာသီမှာ ကိုယ်ခံအားနည်းသော ကလေးများ နှင့် သက်ကြီးရွယ်အိုများတွင် ဗိုင်းရပ် စ်ပိုး ကူးစက်လွယ်သဖြင့် အိမ်မှာ အအေးမိတုပ်ကွေး ဖျားနာပျောက်ဆေး အဆင်သင့်ဆောင်ထားပါ။ လိုအပ် ပါက အသက်ရှုလမ်းကြောင်းမှ ကူးစက်ပိုး ၂၀% မျှ ကာကွယ်ပေးသည့် Actimel (ခေါ်) ပဋိဇီဝဆေး ကြိုတင်တိုက်ကျွေးပေးပါ။

၅) နံက်စာစားပါ။
နံက်စာ ပုံမှန်စားသူများဟာ၊ နံက်စာ လုံးဝမစားသူများထက် အအေးမိ ကူးစက်ရာဂါဖြစ်နိုင်ခြေ နည်း ပါးကြောင်း Cardiff University ရှိ အမေရိကန် ဆေးတက္ကသိုလ်မှ အကြံပြုထားပါတယ်။ အထူးသဖြင့် ကိုယ်ခံအား ကောင်းစရေန် နံက်စာထဲမှာ ဗီတာမင်ဘီ အုပ်စုများ၊ သံဓာတ် နှင့် သွပ်ဓာတ်ပါရှိသော အစားအစာများကို စားပေးကြရန် ဆေးသုတေသီများက ထပ်လောင်း အတည်ပြုထားပါတယ်။

၆) လက်ဆေးပါ။
ဆေးသိပ္ပံပညာရှင်များ၏ ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ အအေးမိဗိုင်းရပ်ပိုးရှိသောသူ ကိုင်တွယ်ထား သည့် တံခါးလက်ကိုင်ဘု များပေါ်တွင် ကျန်ရှိခဲ့သည့် ဗိုင်းရပ်ပိုးမွှားများသည် ၂၄ နာရီကျော် သည်ထိ အသက်ရှင်နိုင်ကြသည်ဟုဆို၏။ ထို့ ကြောင့် အများသုံး တံခါးလက်ကိုင်ဘုများ၊ အရောင်း စင်တာရှိ ပစ္စည်းထဲ့တွန်းလှည်းများ၊ တံခါးလက်ရန်းများကို တစ်ခါသုံးတစ်ရှုးဖြင့် ကိုင်တွယ်ပါ။ ၄င်းတို့ ကို ကိုင် တွယ်ပြီးနောက် မိမိ၏ မျက်လုံး-နှာခေါင်းတို့ ကို မတို့ ထိကြဘဲ ဆပ်ပြာ သုံး၍ လက်စင်စင် ဆေးကြောပါ။

၇) လက်ကို ဖွက်(၀ှက်) ထားပါ။
အအေးမိဝေဒနာခံစားရသူ၏ လက်-ခံတွင်း-နှာရည်တို့ မှ ကူးစက်ပျံ့ ပွားစေနိုင်သဖြင့်၊ ရောဂါရှိသူ၏ လက်နှင့် ၄င်း၏ အခြား အသုံးအဆောင် ပစ္စည်းများကို မကိုင်တွယ် မထိမိပါစေနှင့်။ နှာချေချောင်း ဆိုးသော အခါတွင်လည်း ကျမ္မာရေးအသိဖြင့် လက် (သို့ မဟုတ်) လက်ကိုင်ပုဝါ (သို့ မဟုတ်) တခါသုံး တစ်ရှုးအုပ်ပါ။ ကလေးငယ်များကို ဖက်ရမ်းနမ်းရှုပ်ခြင်းမပြုရ။

၈) ပလုပ် (အာလုပ်) ကျင်းပါ။
ရေအေးအေးဖြင့် ပလုပ်(အာလုပ်)ကျင်းခြင်းက လည်ချောင်း/လည်မျိုတို့ မှ အချွဲအကျိများ နှင့် ဗိုင်းရပ်စ်များ ကို သန့် စင်ပေးသ ဖြင့်၊ ဂျပန်ရိုးရာကုထုံးများတွင် နံက်အိပ်ယာထသွားမတိုက် မှီတ ချိန်၊ နေ့ လည်စာ နှင့် ညစာစားပြီးချိန် စုစုပေါင်း တစ်နေ့  ၃-ကြိမ် မျှ ရေအေးဖြင့်အာလုပ်ကျင်းလေ့ရှိသည်။ ထိုသို့ ပြု ကျင့်ခြင်းက အအေးမိနှာစေးချောင်းဆိုးခြင်းကို ၃၆%မျှ လျော့ချ ပေးနိုင်သည်ဟု ဂျပန်ဆေးသုတေသီ များကဆို၏။

၉) ဟင်းခတ်အမွှေးအကြိုင်ဆောင်ပါ။
ငရုပ်သီးအခြောက်မှုန့် ထဲတွင်ပါရှိသော capsaicin ဓာတ်ဟာ အင်းဆက်ပိုးမွှားများကိုသေစေ သည့်ြ ပင်၊ အသက်ရှု လမ်းကြောင်း ကိုပွင့်လန်းလာစေသလို၊ ကြက်သွန်ဖြူထဲရှိ allicin ဓာတ်က လည်း အအေးမိ ဗိုင်းရပ်စ်ပိုးများကို တိုက်ဖျက်ပေးပါတယ်။ ထို့ ပြင် အအေးမိတုပ်ကွေး နှ င့် ချောင်းဆိုးခြင်းအတွက် ဂျင်းပြုတ်ရည်က အကောင်းဆုံးဆေးတစ်ခွက်ဟု တရုပ်ဆေးသုတေ သီများက ဆိုထားပါတယ်။

၁၀) အရက်အလွန်အကျွံမသောက်ပါနှင့်။
အချို့ သော ယမကာလုင်များကလည်း မိုးအေးအေးကို အကြောင်းပြ၍၊ အရက်ကို ဆေးဖြစ်ဝါးဖြစ် မှီဝဲကြ သည်။ လိုအပ်သည်ထက် ပိုမိုသောက်သုံးပါက၊ အသည်းကို ထိခိုက်စေသည့်ပြင် ပင်ပန်းအားယုတ်၍ အအေးမိကူးစက်ပိုးတို့ ကို ခံနိုင်ရည်မရှိတော့ပေ။

၁၁) ရေသောက်မပျင်းပါနှင့်။
ခန္ဓာကိုယ်တွင်းရေဓာတ်အလုံအလောက်ရရှိမှသာ စားထားသမျှ အာဟာရများကို စုပ်ယူနိုင်ပြီး၊ ခွန်အား အဖြစ်ပြောင်းလဲပေး ရုံသာမက၊ ခန္ဓာကိုယ်တွင်း မသန့် စင်သောအညစ် အကြေးများကို ချွေး၊ သွေး၊ သလိပ်၊ ဆီး၊ ၀မ်းအဖြစ် ကူညီစွန့် ထုတ်ပေးပါတယ်။ ဓာတ်ကြီး ၄-ပါး ညီမျှရင်ဖြင့် ကိုယ်ခံအားကောင်း ကာ ပြင်ပကူးစက်ရောဂါများလည်း အလွယ်တကူ ၀င်မလာနိုင်တော့ပါဘူး။

၁၂) လမ်းမှန်မှန်လျှောက်ပါ။
တစ်နေ့ လျှင် အနဲဆုံးနာရီဝက်ခန့် လမ်းမှန်မှန်လျှောက်ခြင်းက ဇီဝကမ္မ လုပ်ဆောင်ချက်ကိုကောင်း ကျိုးပြုပြီး၊ ပြင်ပရောဂါများကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

၁၃) အဖြူရောင် သကြားရှောင်ပါ။
အရောင်ချွတ်ထားသော အဖြူရောင်သကြားများက ကိုယ်ခံစွမ်းအားကို လုံးဝကောင်းကျိုးမပြုပါ။

၁၄) မျက်လုံးကိုကာကွယ်ပါ။
အကယ်၍ အအေးမိ/တုပ်ကွေးရှိသူက၊ မိမိရှေ့ တွင်နှာချေလာပါက၊ မျက်နှာကိုတစ်ဘက်သို့ လွှဲထား လိုက်ပါ (သို့ မဟုတ်) မျက်လုံးကိုပါ ပိတ်ထားပါ။ သင့် နှာခေါင်းသာမက၊ မျက်လုံးကလည်း လေထဲရှိ ဗိုင်းရပ်ပိုးများကို စုပ်ယူနိုင်စွမ်း ရှိလို့ ပါဘဲ။

၁၅) အကောင်းမြင်စိတ်ဓာတ်မွေးမြူပါ။
ဒေါသထွက်ခြင်း၊ အဆိုးမြင်စိတ် စသည့် စိတ်ပိုင်းဆိုင်ရာ အတက်အကျကြောင့် cortisol ဟိုမုန်း ထွက်ရှိ လာကာ၊ ထိုဓာတ်က ကိုယ်ခံစွမ်းအား ကျဆင်းစေပါတယ်။

၁၆) ယူကလစ်ပင်ကိုဆောင်ပါ။
ယူကလစ်ပင်၏ အဆီဟာ အအေးမိ/နှာစေး/ချောင်းဆိုးခြင်းအတွက်၊ ပိုးသတ်ဆေးအဖြစ် အလွန် အသုံး တည့်သည့်အတွက် ယူကလစ်ဆီကို ရှုဆေးအဖြစ် လည်းကောင်း၊ ယူကလစ်ပင်အ ရွက်နှင့်ကိုင်းတို့ ကို ရေနွေးဖြောရေချိုး၍လည်းကောင်း အီတလီ နိုင်ငံရိုးရာကုထုံးများတွင် အသုံးပြုလေ့ရှိကြ၏။
++++++++++++++

အထက်ပါနည်းလမ်း (၁၆) သွယ်ကို လက်ကိုင်ထား၍ မိမိနှင့်တကွ မိမိပတ်ဝန်းကျင်ကို ကျမ္မာရေးသိဖြင့် ကြိုတင်ကာကွယ် နိုင်ကြပါစေကြောင်း။


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
မှီငြမ်း(Professor Ron Eccles of Cardiff University’s Common Cold Centre,)
--
promise.pauk
-------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...