အေးခဲလွန် နည်းပညာဖြင့် အအေး ခံထားသော အသည်းဖြင့် အစားထိုးပေးနိုင်

အေးခဲလွန် နည်းပညာ (super cooling technique) ကို အသုံးပြုပြီး အေးခဲထားတဲ့ အသည်း တစ်ရှူးကို ကြွက်များမှာ အောင်မြင်စွာ အစားထိုး ခွဲစိတ်ပေးနိုင်ခဲ့ တဲ့အတွက် များမကြာမီ အချိန်အတွင်းမှာ လူသားများ မှာလည်း အစားထိုးနိုင်တော့ မှာဖြစ်ကြောင်း သိပ္ပံ ပညာရှင်တွေက ယုံကြည်နေခဲ့ ပါတယ်။ ဒီနည်းလမ်း ဟာ အေးခဲထားစဉ်မှာ အောက်စီဂျင်နဲ့ အခြားအာဟာရ ဓာတ်တွေ ပုံမှန်ပေးစွမ်း ထားနိုင်ပြီး အေးခဲခြင်းကြောင့် ပျက်စီးမှုလည်း မရှိ ကြောင်း သိရှိရပါတယ်။

အေးခဲထားတဲ့ ကြွက်အသည်း တွေကို အစားထိုးထားတဲ့ ကြွက်တွေဟာ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင် ပါတယ်။ အသည်းကို ၉၆နာရီကြာ supercooled လုပ်ထားရင် သုံးလ လောက်ကြာအောင် အထားခံ ကြောင်းကိုလည်း သုတေသနခေါင်းဆောင် မန်ဆာချူးဆက်ဆေးရုံမှ ဇီဝနည်းပညာရှင် Dr.Korkut Uygunu ပြောကြားထားပါတယ်။ လက်ရှိသုံးစွဲနေတဲ့ နည်းလမ်းတွေနဲ့ဆိုရင် နာရီပိုင်းကနေ ရက်ပိုင်း အထိပဲ သိုမှီးနိုင်မှာဖြစ်တာကြောင့် အခုလို အေးခဲလွန် နည်းပညာနဲ့ဆိုရင် လူသားတွေရဲ့ အနာဂတ် ခွဲစိတ်အစားထိုးမှုတွေကို ပိုမိုအောင်မြင်စေမှာဖြစ်ကြောင်း သိရှိရပါတယ်။

ဒီနည်းပညာမှာ ပထမဦးစွာ အသည်းကို perfusion စက်ဖြင့် အောက်စီဂျင်၊ အာဟာရဓာတ်နဲ့ တစ်ရှူးကို ကာကွယ်တဲ့ ဓာတ်ပေါင်း တွေကို ထည့်သွင်းပေးလိုက်ပါတယ်။ အဲဒီနောက်မှာတော့ အအေးခံပြီး ကြာရှည် ခံစေတဲ့ ဆေးရည်ထဲမှာ စိမ်လိုက်ပါတယ်။ အအေးခံတဲ့ အပူချိန်ကတော့ အနုတ် ၆ ဒီဂရီ ဆဲလ်စီယပ်မှာ ၃ရက်ကနေ ၄ရက်အထိ ထားရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အပူချိန်၎ဒီဂရီ ဆဲလ်စီယပ်မှာ ပုံမှန်ထားပြီး အစားမထိုးမီအထိ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို လှည့်လည်စေ ရမှာ ဖြစ်ပါတယ်။

ဒီနည်းပညာကို Journal Nature Medicine မှာ ဖော်ပြထားပါတယ်။


သက်ကို
ref;AFP
Health Updates Journal Vol(2),126 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...