ကင်ဆာရောဂါ တစေ့တစောင်း ( ၂ )

အဆုတ် ကင်ဆာ

ရောဂါ ဖြစ်ပွားမှု့  အကြောင်း အရာများ ရှိနေပေမဲ့ အဓိကတော့ ဆေးရွက်ကြီး များပါသော ဆေးလိပ် သောက်သုံး ခြင်းကြောင်း ဖြစ်ပွားမှု့ များပြားပါ တယ်။ မိမိကိုယ်တိုင် ဆေးလိပ် မသောက် သုံးပေမဲ့ အနီး နားတွင် ဆေးလိပ် သောက်သုံး ကြောင့် ထွက်ပေါ် လာသော ဆေးလိပ် အခိုး အငွေ့  များကို ရှူရှိက်မိ လျှင်လည်း အဆိုးတူ အချိုးတူ အဖြစ် ရရှိပါစေ တယ် ။ ကလေးသူငယ်များ ကိုယ်ဝန်ဆောင်များနှင့် တစ်ခြား ရောဂါဝေဒနာ ခံစားဖြစ်ပေါ်နေသူများ အနေဖြင့် အထူးသတိထား သင့်ပါတယ် ။

ဘေးနားမှာ ဆေးလိပ်သောက်သုံး သူရှိနေလျှင် အဝေးတစ်နေရာသို့ ခေတ္တရှောင်ရှားနေ လိုက်ပါ ။

ဆေးလိပ်သောက်သုံး စွဲလမ်းနေသူ တစ်ဦးဖြစ်နေလျှင် နံနက် အိပ်ယာထထခြင်း မျက်စိဖွင့် လိုက်တာနဲ့  ညကသောက်ထားသည့် ဆေးလိပ်အတိုလေးကို ကောက်ယူ ဖွာသောက်သုံးကြခြင်းသည့် ပုံမှန်ဆေး လိပ်သောက်သုံးခြင်းထက် အဆများစွာ အဆုတ်ကို ထိခိုက်ပါစေတယ် ။

ဝေဒနာဖြစ်ပေါ်စေနိုင်သည့် ကိုပြောပြရင်ရင်ဖြင့် အသက်ရှူခြင်းဆိုင်ရာ လမ်းကြောင်းမှ တစ်ဆင့် ဆင့်ပွားဖြစ်စဉ်များ လည်းရှိပါတယ် ။ ရေဒီယို သတ္တိကြွပစ္စည်းများ ကိုင်တွယ်သူ အနံ့ သက်ကို ရှူမိခြင်း ၊ အနံ့ အမွှေးကြိုင်ဆေးများကို နေ့ စဉ်ရက်ဆက်ပတ်ဖြန်းအလုပ်လုပ်ခြင်း ၊ ပိုးသတ်ဆေးသုံးစွဲခြင်းကို စနစ်မကျသုံးစွဲခြင်းကြောင့် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် အဆုတ်သို့ ဝင်ရောက်စွဲကပ်စေခြင်း ၊ တီဘီရောဂါ ဖြစ်ခဲ့ဖူးခြင်း ၊ ကဖင်းန်ပါဝင်သော အစားသောက်များကို များများမှိဝဲ စားသောက်ခြင်း ၊ အရက်များခြင်း ၊ မာဂျရင်းန် ထောပတ် အပါအ၀င် အဆီအစားများခြင်း နှင့် ကင်ဆာဆေးများ သွင်းရခြင်း ( ဆိုက်ကလိုဖော့စ်မာမိုက်ဒ် ) စသည့်တို့ ကြောင့် အဆုတ်ရောဂါအဖြစ်မှ ပြင်းထန်ဆိုရွားလာစေသော ကင်ဆာသို့ ကူးပြောင်းဖြစ်ပေါ်စေပါတယ် ။

ရွှေလှော်ချက်ရာတွင် သုံးစွဲသည့် ငရဲမီးအငွေ့ များကို နေ့ စဉ်ရက်စက်ရှူမိပါက အဆုတ်လုပ်ဆောင်ချက် အားနည်းစေသည့်အပြင် ပြင်းထန်အဆုတ်ရောဂါ ဖြစ်ပေါ်စေပါတယ် ။

အဲလိုမျိုးကူးပြောင်းဖြစ်ပေါ်စေသည့် ရောဂါဝေဒနာရှင် တစ်ယောက်တွင် ရင်ဘတ်အောင့်အောင့်ခြင်း ၊ နောက်ကျောဖက် ကိုက်ခဲးလာခြင်း ၊ ခြေကုန်လက်ပန်းကျပြီး နုံးလာခြင်း ၊ ချောင်းဆိုးသည့်အခါ သွေး အမျှင်လေးများ သို့ တည်းမဟုတ် သွေးအဖတ်များအနေဖြင့် ပါလာခြင်း ၊ ရက်ရှည်အဖြစ်ချောင်းဆိုးနေပြီး ချောင်းဆိုးမပျောက်ခြင်း ၊ အသက်ရှုမ၀ခြင်း ၊ ရင်ကျပ်ခြင်းဖြစ်ပေါ်လာခြင်း ၊ အသံဝင်ပြီး မူလအသံလိုမျိုး မဟုတ်တော့ဘဲ အသံပြောင်းလဲလာခြင်း ၊ ကိုယ်အလေးချိန်ကျဆင်းပြီး အားနည်းလာခြင်း အနေဖြင့် ရောဂါ လက္ခဏာအနေဖြင့် ပြသလာပါတယ် ။

ဖုံအမှိုက်များ နှင့် ဓာတ်ငွေ့ လေများရှူမိသည့်အခါ ၊ ဌက်ပျောသီးကိုစားပေးသင့်သလို့  နှာခေါင်းပေါက် ကနေ ရေကိုလည်း ရှူသွင်းထုတ်လုပ်ပေးရပါမယ် ။ အသက်ရှူလမ်းကြောင်းဆိုင်ရာများကို သန့် ရှင်းမှု့ ဖြစ်ပေါ်စေပါသည် ။

အဆုတ်ရောဂါပြင်းထန်းလာနေပြီးဆိုလျှင် အသက်ရှူမ၀ မောဟိုက်လာ နာကျင်ကိုက်ခဲး ချောင်းဆိုးမပျက် အနေခက် ချွေးဇောပြန်လာ မူးမေ့လာ ခံရခက်ခက် ကင်ဆာဖက် လို့  ပြောကြားရင်း ….

ကင်ဆာဆိုသည့်ရောဂါဆိုး ကင်းဝေးကြပါစေ …..

Mg Mandalay
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...