ဖိလစ်ပိုင် မနီလာမြို့လယ်က မိကျောင်းကြီး


ဖိလစ်ပိုင် နိုင်ငံမနီလာမြို့လယ်က မိကျောင်းကြီး (ဓာတ်ပုံ- ရိုက်တာ)

၂၁ ပေ အရှည်ရှိတဲ့ သားစား ရေငန် မိကျောင်းကြီး တကောင်ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ လမ်းမမှာ ကားတစီး ခေါင်းမိုးပေါ် တင်လာတော့ လူတော်တော် များများ စိတ်ဝင်စားခဲ့ကြပါတယ်။

မိချောင်းကြီးကို လူတွေက ဝိုင်းမပြီး ကားအမိုးပေါ် တင်နေတာ၊ မိချောင်းကြီးကို ကားရှိရာ ဆွဲခေါ်လာ ရတဲ့ ဓာတ်ပုံတွေ ကြည့်ပြီး ဧရာဝတီ ပရိသတ်လည်း ဒီမိကျောင်းကြီး နဲ့ပတ်သက်ပြီး သိချင်ကြမှာပါ။



တကယ်တော့ ဒီမိချောင်းကြီးဟာ မနှစ်က သေဆုံးသွားပြီး လူတွေ သတ်ခဲ့စားခဲ့တဲ့ နာမည်ကြီး မိကျောင်း လောင်လောင်ကို ပုံတူပြုလုပ်ထားတဲ့ စက်ရုပ် မိကျောင်းကြီး တကောင်ပဲဖြစ်ပါတယ် တဲ့။

သူ့ကို Pasay City Crocodile Park ပန်းခြံမှာ ထားဖို့ စီစဉ်နေကြတာ ဖြစ်တယ်လို့ The Mirror သတင်း တပုဒ်က ရေးထားပါတယ်။

ဒေါ်လာ နှစ်ထောင်တန်တယ်၊ ဖိုင်ဘာ နဲ့ ရာဘာတွေနဲ့ တည်ဆောက် ထားတာဖြစ်ပြီး ဒီဇိုင်ပညာရှင် တွေဖြစ်တဲ့ Juvy Bangut နဲ့ Jessie Suerte တို့က ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ် တဲ့။







အိမ့်သံစဉ် ~ Irrawaddy Blog
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...