သေရွာပြန် ၃ နှစ်သမီးလေး
သေဆုံးသွားပြီလို့ ပြောတဲ့ အသက် ၃ နှစ် အရွယ် မိန်းကလေးရဲ့ အသုဘ အခမ်းအနားတခုကို ဖိလစ်ပိုင်နိုင်ငံ Zamboanga del Sur ဒေသ Auroa အရပ်က ခရစ်ယာန် ဘုရားရှိခိုးကျောင်း တခုမှာ ကျင်းပချိန် အဲဒီ မိန်းကလေး ငယ်လေးဟာ ပြန်လည် နိုးထပြီး အသက်ရှင်ခဲ့ပါတယ်။
အဲဒီ ၃ နှစ်သမီးလေးဟာ အဖျားရက်ရှည် ခံစား ရပြီး ပြီးခဲ့တဲ့ စနေနေ့ကပဲ ဆေးရုံမှာ တက် ရောက် ဆေးကုသမှု ခံယူရင်း ဆရာဝန်က ဆုံးပါးသွား ပြီ လို အသိပေးကြေညာခဲ့တာကြောင့် သူ့ကို သဂြိုလ်ဖို့ ဈာပန အခမ်းအနားကျင်းပနေခဲ့တာပါ။
အဲဒီအချိန်မှာ ၃ နှစ် သမီးလေးဟာ အသက်ရှုလာခဲ့တာကြောင့် သူ့အဖေကလည် ခေါင်းထဲ ထည့်ထားတဲ့ သမီးငယ်ကို ပွေ့ချီမထုတ်ကာ ဆေးရုံကို ပို့ခဲ့ကြပါတယ်တဲ့။
စုံစမ်းရေးမှူး Heidil Teelan က ဖိလစ်ပိုင်စတား သတင်းဌာနကို ပြောတာမှာ ကလေးငယ် က ဆေးရုံ မှာ ဆေးကုနေစဉ် မှာ သွေးခုန်တာလည်းမရှိတော့သလို ဆေးပညာအရ သေဆုံးပြီလို့ ဆရာဝန်က စနေနေ့ မနက် ၉ နာရီက ပြောခဲ့တာ ပါတဲ့။
ဒီကိစ္စဟာ ကလေးက အဖျားသိပ်ကြီးပြီး မျောသွားတဲ့အခြေအနေမျိုးဖြစ်နိုင်ပြီး တကယ်တော့ မိန်းကလေး ငယ်ကို သေဆုံးတယ် ဆိုတာနဲ့ ပတ်သက်ပြီး ထပ်ပြီး သေချာအောင်တော့ အတည်ပြု ချက်ထပ်မလုပ်ခဲ့မိ ပါဘူးတဲ့။
ဘုရားကျောင်းမှာ ဈာပန အခန်းအနားမှာ ခေါင်းထဲက အဲဒီ ၃ နှစ်သမီးလေး အသက်ပြန်ရှုလာပြီး ရေ နည်းနည်း ပေးတိုက်လိုက်ပြီး ဆေးရုံပို့ခဲ့တာပါတဲ့။
နောက်တော့ ၃ နှစ်သမီးလေးကို သူ့မိဘတွေအိမ်ကို ပြန်ခေါ်သွားခဲ့ တာပါတဲ့။ မြန်မာနိုင်ငံမှာလည်း အလားတူ သေရွာပြန်ဖြစ်ရပ် မျိုးတွေ ရှိတတ်ပါတယ်။
၃ နှစ်သမီးလေးရဲ့ သေရွာပြန် မှတ်တမ်းကိုလည်း ဧရာဝတီပရိသတ်တွေ ကြည့်နိုင်ပါတယ်။