ပေါင် (၂၅) သန်းတန်ဖိုးရှိတဲ့ ကိုကင်းတွေကို ပလပ်စတစ် ငှက်ပျောသီးတွေထဲမှာ ထည့်သွင်း သယ်ဆောင်

ကိုလံဘီယာနိုင်ငံက မူးယစ်ရာဇာတွေဟာ ကိုကင်း တွေကို ကဗ္ဘာအနှံ့ကို ဖြန့်ချိရာမှာ နည်းပေါင်းစုံ အသုံးပြုလေ့ ရှိပါတယ်။ ယခု နောက်ဆုံး အသုံးပြု ခဲ့တဲ့ နည်းလမ်းကတော့ လုံးဝ သတိထားမိဖို့ မလွယ်တဲ့ပုံစံကို အသုံးပြုသွား ခဲ့ခြင်းဖြစ်ပါတယ်။ ကိုလံဘီယာကနေ ဗြိတိန်ကို ပို့ဆောင်တဲ့ ငှက်ပျော သီးတွေ ကြားထဲမှာ ကိုကင်းတွေကို သယ်ဆောင် လာခြင်း ဖြစ်ပါတယ်။ ငှက်ပျောသီး အစစ်တွေ ကြားထဲမှာ ပလပ်စတစ်နဲ့ ဖန်တီးထားတဲ့ ငှက်ပျော သီးတွေကို ထည့်သွင်း ယူဆောင်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ပလပ်စတစ်နဲ့ ဖန်တီးထားတဲ့ ငှက်ပျောသီးတွေ ထဲမှာ ကိုကင်းတွေကို သယ်ဆောင်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါကို တာဝန်ရှိသူတွေက သိရှိသွားပြီတဲ့ နောက် ဖမ်းဆီးမှု ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကိုကင်းတွေရဲ့ စုစုပေါင်း တန်ဖိုးကပေါင် (၂၅) သန်း အထိ ရှိတယ်လို့ ဆိုပါတယ်။ ကိုကင်းတွေကို ကားနဲ့ သယ်ယူမှု ပြုလုပ်နေစဉ် ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူလေးဦးကို ဖမ်းဆီး အရေးယူမှု ပြုလုပ်ထားပါ တယ်။ ကိုကင်းတွေကို ပလပ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ငှက်ပျောသီး အတုတွေထဲ ထည့်သွင်းခဲ့တဲ့ ဂိုဒေါင်ကို လည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကိုလံဘီယာနိုင်ငံသား သုံးဦးဟာ အီးမေးလ်က နေတစ်ဆင့် မူးယစ်ဆေး ၀ါး သယ်ဆောင်မှုတွေ ကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဲဒီကနေတစ်ဆင့် ခြေရာခံမိခြင်း ဖြစ်ပါတယ်။ ပလပ်စတစ် ငှက်ပျောသီးအတုမှာ ကိုကင်းတွေကို ထည့်သွင်းမှု ပြုလုပ်ခဲ့ပြီး ကုန်တင်ကားနဲ့ သယ်ဆောင် ရာမှာ ဖမ်းဆီးရမိ ခြင်းဖြစ်ပါတယ်။ ကုန်တင်ကားမောင်း နှင်သူကတော့ မူးယစ်ဆေးဝါးဂိုဏ်းနဲ့ ပတ်သက်မှု မရှိဘူးလို့ ရဲတပ်ဖွဲ့က ဆိုခဲ့ပါတယ်။


The Messenger
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...