သူငယ်ချင်းဖြစ်သူ လမ်းလျှောက် နိုင်ရန်အတွက် (၇)နှစ်သားအရွယ် ကလေးငယ်က ရန်ပုံငွေရှာပေး

လွန်မင်းမန် ဘာသာပြန်သည်
ကနေဒါနိုင်ငံ၊ ဗြိတိသျှ ကိုလမ်ဘီယာ ပြည်နယ်၊ မာပယ်ရစ်ဒ်ဂ်ျ မြို့မှ အသက် (၇)နှစ်ခန့်သာ
ရှိသေးသော ကလေးငယ် တစ်ဦးသည် သူငယ်ချင်း ဖြစ်သူ၏ ဆေးကုသ စရိတ် အတွက် သံပုရာ ဖျော်ရည်များကို ရောင်းချခြင်းဖြင့် ရန်ပုံငွေ ရှာဖွေပေးနေကြောင်း Daily Mail သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ ကလေးငယ်၏ အမည်မှာ ကွင်းကယ် လင်ဒါဖြစ်ပြီး ၎င်း၏ သူငယ်ချင်း ဖြစ်သူ ဘီဗာ စကောက် ဘရေဒန် ဂရော့ဇ်ဒါနစ်ခ် သည် Cerebral Palsy ဟုခေါ်သည့် မွေးရာပါ ဦးနှောက် ချွတ်ယွင်းမှုကြောင့် ကိုယ်လက်အင်္ဂါ မလှုပ်ရှားနိုင် သည့် ရောဂါတစ်မျိုးကို ခံစားနေရကာ ဆေးကုသမှု စရိတ်အဖြစ် အမေရိကန် ဒေါ်လာ ၂ သောင်းခန့် လိုအပ်လျက် ရှိသည်။

မိမိကစားဖော်၏ ဝေဒနာကို ကြည့်မနေနိုင်ေ တာ့သောကြောင့် ကွင်းက မိဘများထံ ခွင့်တောင်း၍
ယင်းမြို့ရှိ ကုန်စုံဆိုင်လေး တစ်ဆိုင်၏ ရှေ့မျက်နှာစာတွင် သံပုရာရည် ရောင်းချခြင်းဖြင့် ဘရေဒန် အတွက် ဆေးကုသစရိတ် ရန်ပုံငွေရှာဖွေခဲ့သည်။ မိဘများကလည်း သားဖြစ်သူ ကွင်း၏ မွန်မြတ်သည့် စိတ်ထားကို တအံ့တဩဖြစ်ခဲ့ရပြီး သံပုရာဖျော်ရည် ရောင်းချရာတွင် အားတက်သရော
ပါဝင်လုပ်ဆောင်ခဲ့ကြသည်။ သံပရာဖျော်ရည်ရောင်းချ ခြင်းမှ လူစုလူဝေးဖြင့် အလှူခံခြင်းများ အထိ ပြုလုပ်ခဲ့ကြပြီး ၎င်းတို့၏ ရန်ပုံငွေရှာဖွေပွဲကြီးကို ယခုအခါ လူပေါင်းများစွာက စတင် သတိထားမိကာ လှူတန်းအားပေးကြသည်။

ထို့ပြင် “My Buddy Brayden” အမည်ရ အလှူအတန်းပြု ၀က်ဘ်ဆိုဒ် တစ်ခုကိုလည်း လွှင့်တင်ထားပြီး ယင်းဝက်ဘ်ဆိုဒ်မှ တစ်ဆင့် အွန်လိုင်းမှ လှူဒါန်းမှုများကို လက်ခံလျက်ရှိသည်။

ယခုအခါတွင် ကွင်း စတင်ခဲ့သော သူငယ်ချင်းအတွက် ကုသစရိတ်ရှာဖွေခြင်း အစီအစဉ်များ က အမေရိကန် ဒေါ်လာ ၅သောင်းခန့် ရှာဖွေပေးနိုင်ခဲ့ပြီဖြစ်သည်။

"ခွဲစိတ်ကုသလိုက်မယ်ဆိုရင်တော့ ဒီရောဂါပြန်ကောင်းသွားမယ်လို့ ပြောပါတယ်။ ခွဲစိတ်ကုသမှု ခံယူ လိုက်ရင် သူအမြန်ဆုံး ပြန်လမ်းလျှောက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပြုပြီး သားသူငယ်ချင်း ဘရေဒန်အတွက် ဆေးကုသစရိတ်များ လှူဒါန်းကြပါခင်ဗျာ။ သူဟာ ကျွန်တော့်အတွက် အရမ်းကောင်းတဲ့ သူငယ်ချင်းတစ်ယောက်ပါ" ဟု ကွင်းက ၀က်ဘ်ဆိုဒ်တွင် ရေးသား ထားသည်။

ယခုအခါတွင် ရောဂါခံစားနေရသော ကလေှးုယ် ဘရေဒန်သည် ဆေးကုသမှု ခံယူတော့မည် ဖြစ်ပြီး ကနေဒါနိုင်ငံထက် အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်တွင် ခွဲစိတ်ကုသရန် ရည်ရွယ်ထား ကြောင်း ဘရေဒန်၏ ဖခင်ဖြစ်သူ ထရားဗစ်က ပြောကြားခဲ့သည်။


ref;Myanmar Times
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...