မိမိကိုယ်ကို ခွေးတစ်ကောင်အဖြစ် ထင်မှတ်နေသည့် နွားမတမ်းမလေး

လွန်မင်းမန် ဘာသာပြန်သည်
Milkshake အမည်ရှိ နွားမတမ်း မလေး တစ်ကောင်သည် ၎င်းကိုယ်၎င်း ခွေးတစ်ကောင် အဖြစ် ထင်မှတ်ကာ နေပုံ၊ ထိုင်ပုံနှင့် စားသောက်ပုံ တို့မှအစ ခွေးများ၏ အကျင့်စရိုက် အတိုင်းသာ ပြုမူနေကြောင်း OddityCentral သတင်း ဌာနက ဖော်ပြခဲ့သည်။

အသက် ၈နှစ်ခန့်သာ ရှိသေးသည့် အဆိုပါ နွားမတမ်း မလေးကို The Grace Founcation
ဂရေ့စ်ဖောင်ေ ဒး ရှင်းမှ ဘက်သ်ဒီကာ ပရီယိုက ဆိုးသွမ်း၍ ရက်စက် ကြမ်းကြုတ်သော သူ၏ သခင်ထံမှ ကယ်တင် ထားခြင်းဖြစ်ပြီး ၎င်းအား ခေါ်ယူ ကယ်တင် ထားစဉ်က ခွေးများနှင့်အတူ ရောနှော နေထိုင်စေခဲ့ကြောင်း ဘက်သ်က ပြောသည်။

"လူအများစုကတော့ ဒီဟာကို လှည့်စားမှုတစ်ခုလို့ပဲ ထင်ကြပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက ခွေး တွေနဲ့ အတူတူသွားလာတယ်။ အဲဒီအချက်အကြောင့်ပဲ သူဒီလိုဖြစ်နေတာ ထင်တယ်။ သူ့အတွက်တော့ အခုလိုဖြစ်နေခြင်းဟာ နွားတစ်ကောင် ဖြစ်နေရတာထက် ပိုမယ်လို့ ထင်ပါတယ်။ တခြားနွားတွေ တွေ့ရင် ရောရောနှောနှောနေတာမျိုးလည်း မရှိဘူး" ဟု ဘက်သ်က ပြောကြားခဲ့သည်။

ဘက်ဘ်က ယင်းနွားမလေးကို နွားစိတ်ပြန်ဝင်လာ စေရန်အတွက် ကယ်လီဖိုးနီးယားပြည်နယ်၊ အယ်လ်ဒို ရာဒို တောင်ကုန်းရှိ မွေးမြူရေးခြံတစ်ခြံမှ နွားတစ်ကောင်နှင့်အတူ ရောနှောထားရှိသည်။

နွားမလေး Milkshake မှာမူ ၎င်း၏ မျိုးတူ မိတ်ဆွေနွားများအား စိမ်းကားစွာ ဆက်ဆံသည့်အပြင် ခွေး များနှင့်သာ ပလဲနံသင့် ပေါင်းသင်းခဲ့ကြောင်း ဘက်သ်ကပြောကြားခဲ့သည်။

"တစ်နေ့လုံးပဲ သူက ကိုယ်ဘယ်သွားသွား ကိုယ့်နောက်ကို လိုက်နေတဲ့ အခါကျတော့လေ အိမ်ကမွေး ထားတဲ့ ခွေးနဲ့ အရမ်းတူတာပဲ။ ဟိုသွား၊ ဒီသွား သွားတယ်။ ပြီးတော့ ကျွန်မကို ကြည့်တယ်။ တစ်ခြား အကောင်တွေလိုပဲ။ နွားနဲ့ကို လုံးဝမတူဘူး" ဟု ဘက်သ်က ပြောသည်။

"သူ့ကို မြက်စာတွေကျွေးတယ်ဆိုရင် မကြိုက်ဘူး။ မစားဘူး။ ခွေးကလေးတွေလိုပဲ သူက။ အစာစားဖို့ အချိန်တန်ပြီဆိုရင်တော့ ခွေးကလေးတွေ အစာမျှော်သလိုပဲ။ သူလည်းအဲဒီအတိုင်း အစာလာဖို့ကို တမျှော်မျှော်နဲ့ ဖြစ်နေတယ်။ အဲဒါကြောင့် သူ့ကို အစာကျွေးပြီဆိုရင် ခွေးကလေး တွေကို အစာကျွေးသလို ပန်းကန်လုံးထဲ အစာထည့်ထည့်ကျွေးရတယ်။ တစ်ခါတစ်ခါ အစာတွေ

အများကြီး ထည့်ကျွေးလိုက်မိရင် အငမ်းမရ စားသောက် တတ်တယ်" ဟု ၎င်းက ပြောကြားခဲ့သည်။


ref;Myanmar Times
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...