ငရုတ်သီး စားခြင်းကြောင့် အသက်ရှည်စေနိုင်ဟု သိပ္ပံပညာရှင်များ ပြောကြား

Health Updates Journal No. 124
ခန္ဓာကိုယ်မှာ နာကျင်မှုကို အာရုံခံနိုင်စွမ်းအား ဟန့်တားခြင်းက အသက် ရှည်စေကြောင်း၊ ငရုတ်သီးမှာပါဝင်တဲ့ Capsaicin့ ဒြပ်ပေါင်းက နာကျင်မှု အာရုံခံပရိုတိန်း TRVPI ကို ဟန့်တား ပေးကြောင်း၊ ဒါကြောင့်မို့ ငရုတ်သီးတောင့်တွေနဲ့ ငရုတ်သီး ပါဝင်တဲ့ အစပ်ဟင်းတွေ ပုံမှန်စားသုံးခြင်းဖြင့် အသက် ရှည်နိုင်ကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားခဲ့တယ်။

ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီ အင်ဒရူးဒီလင်းနဲ့ သုတေသီတွေက ကြွက်တွေကို TRVPI ခေါ် နာကျင်မှုအာရုံခံ ပရိုတိန်းမထုတ် လုပ်နိုင်အောင် မျိုးရိုးဗီဇပြုပြင်ပြီး အဲဒီလေ့လာမှုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

TRVPI ခေါ် နာကျင်မှုအာရုံခံ ပရိုတိန်းမထုတ်လုပ်နိုင်တဲ့ အဲဒီကြွက်တွေဟာ ထူးထူးခြားခြား အသက်ရှည်ကြောင်း ၊ တခြားပုံမှန်ကြွက်တွေထက် ၁၄ ရာခိုင်နှုန်းပိုပြီး အသက်ရှည် တဲ့အပြင် ပိုမိုကျန်းမာကြောင်း၊ ကင်ဆာရောဂါ ဖြစ်ပွားမှု လျော့နည်းပြီး အသက်အရွယ်ကြောင့် မှတ်ဉာဏ် စွမ်းရည်ကျဆင်းမှုနှုန်း လျော့နည်းကြောင်း၊ ဒါ့အပြင် ပုံမှန်ထက် ကိုယ်လက်လှုပ်ရှားမှု ပိုမိုပြုလုပ်စရာ မလိုဘဲ အဆီပိုတွေကို လောင်ကျွမ်းစေ နိုင်ကြောင်းနဲ့ အသက်အရွယ် အိုမင်းလာတဲ့တိုင် ခန္ဓာကိုယ်တွင်း သကြားဓာတ် ချေဖျက်နိုင်စွမ်း အပါအ၀င် ဇီဝ ရုပ်ဖြစ်စဉ်ဟာ အသက်ငယ် စဉ်ကလို ကောင်းမွန်နေတုန်းဖြစ်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့တယ်။

သို့ဖြစ်ရာ ခန္ဓာကိုယ်မှာ နာကျင်မှု အာရုံခံနိုင်စွမ်းကို ဟန့်တားခြင်းက လူတွေမှာ နာကျင်မှု သက်သာစေ ရုံမက အသက်ရှည်ကျန်းမာစေပြီး၊ အထူးသဖြင့် ဆီးချိုရောဂါနဲ့ အ၀လွန်မှုတို့ကို ကုသရာမှာ အလွန် အသုံးဝင် နိုင်ကြောင်း ဆဲလ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဲဒီလေ့လာမှုမှာ ပါမောက္ခ သုတေသီဒီလင်းက ပြောကြားခဲ့တယ်။

ညွန့်လွင် (စက်မှုတက္ကသိုလ်)
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...