အတွင်းတိမ် ရောဂါအတွက် မျက်လုံးတွင်း ထည့်သွင်းရမယ့် စမတ်ကိရိယာ

Health Updates Journal No. 124
မျက်လုံးတွင်းမှာ တစ်သက်လုံး ထည့်သွင်း တပ်ဆင်ထားရမယ့် အီလက်ထရွန်နစ် အာရုံခံကိရိယာ တစ်မျိုးကို ဇီဝဆေးသိပ္ပံ အင်ဂျင်နီယာများက တီထွင်နိုင် ခဲ့ခြင်းကြောင့် အတွင်းတိမ် ရောဂါရှင်များ အားတက်ဖွယ် သတင်းတစ်ပုဒ် ဖြစ်လာပါတယ်။ အာရုံခံ sensor လေးကို ဖန်တီးပြုလုပ်ထားတဲ့ မျက်စိမှန်ဘီလူးမှာ ထည့်သွင်း ထားတာလည်း ဖြစ်ပါတယ်။

ဒီကိရိယာဟာ မျက်လုံးတွင်း ဖိအားပြောင်းလဲမှုကို လျှင်မြန်စွာသိရှိစေနိုင်ခြင်း၊ မျက်လုံးတွင်း ကျန်းမာရေး အချက်အလက်များကို ရေဒီယိုကြိမ် နှုန်းဖြင့် ကြိုးမဲ့ပေးပို့နိုင်ခြင်းကဲ့သို့ အားသာချက်တွေ့ရှိကြောင်း တီထွင်ခဲ့တဲ့ ၀ါရှင်တန်တက္ကသိုလ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

““ဒီကိရိယာငယ်ကို ခွဲစိတ်ကုသမှုပြုလုပ်ပြီး ထည့်သွင်းနိုင်ပါတယ်။ တစ်ကြိမ်သာ ခွဲစိတ်ဖို့လိုအပ်ပါတယ်။ မျက်လုံးတွင်း ဖိအားများခြင်းကြောင့် အဓိကဖြစ်တဲ့ အတွင်းတိမ်ရောဂါကို ထိရောက်စွာ ကုသပျောက် ကင်းစေပါတယ်””လို့ ၀ါရှင်တန် တက္ကသိုလ်လျှစ်စစ်အင်ဂျင်နီယာဌာန ပါမောက္ခ Dr.Karl Bohringer က ရှင်းပြထားပါတယ်။

ယခုစမတ်ကိရိယာငယ်ဟာ စက်ဝိုင်းငယ်ပုံ အင်တင်နာနဲ့ ချိန်ဆက်ထားပြီး မျက်ဝန်းကနေတစ်ဆင့် မျက်စိတွင်းမှာ ဖြစ်ပျက်နေတာကိုလည်း ပုံရိပ်ဖော်ပေးနိုင်ပါတယ်။ မျက်စိတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဖိအားကို sensor က တွက်ချက်ပြီးတဲ့အခါမှာ အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးမှာ ဖြစ်တာကြောင့် အချိန်လွန်မှ ဆေးရုံကိုရောက်ပြီး မျက်စိကွယ်ရတဲ့ အခြေ အနေတွေကို ရှောင်လွှဲနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအသုံးပြုနေတဲ့ စမတ်ဖုန်းတွေနဲ့လည်း ချိတ်ဆက်ပေးနိုင်တာကြောင့် မျက်စိအထူးကု ဆရာဝန်များ အနေနဲ့ အလွယ်တကူ စစ်ဆေးကုသနိုင်မှာဖြစ်ကြောင်း Dr. Bohringer က ပြောကြား ထားပါတယ်။

ယခု တီထွင်ဖန်တီးမှုကို Journal of Micromechanics and Micro- engineering မှာ ဖော်ပြထား ပါတယ်။ 

ပြည့်ဖြိုး

ref;IANS
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...