အချုပ်အနှောင် နှင့် ပညတ်ယတြာ
အချုပ်အနှောင် ကျခံနေရသူများ (သို့မဟုတ်) အချုပ်အနှောင်ခံရ မည့်ကိန်း သဘောမျိုး ဆိုက် ရောက်နေပါက ယတြာစီရင်နည်း ကောင်း ကောင်းလေး ရှိပါတယ်။ ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ကြည့်ပါ။ ထူးသော အကျိုးတခုခုကို ခံစားရရှိမှာပါ။
မိမိ မွေးနေ့ နံနက် ၉ နာရီမှ ၁၀ နာရီ အတွင်း မိမိမွေးနံနေ့ မှ ၆ ခုမြောက်ကျသော နေ့နံ သားသမီး တစ်ယောက်ယောက်ကို လုပ်ခိုင်းရမည်။
ဆောင်ရွက်ပုံမှာ လင်းဗန်း တစ်ချပ်ထဲတွင် အပူသောက ရောက်နေသူ၏ အ၀တ်အထည် တစ်ခုခုကို ဖြန့်ခင်းပြီးထည့်ပါ။
ဈေးမဆစ်ပဲ ၀ယ်ထားသော လက်ဖက်အသား ၉ ကျပ်သားကို ထိုအ၀တ်ပေါ်မှာဖြန့်ကျဲထားပါ။ ထို့ နောက် မြန်မြန်ခြောက်လွယ် အောင် အမြင့် တနေရာမှာ တင်ထားပေးပါ။ (ကြိုးနှင့်သိုင်း၍ လဲချိတ် ဆွဲနိုင်သည်)
ထိုလင်ဗန်း ကို သွားတင်ရာတွင် စိတ်ထဲမှာ (လက်ဘက်အသားများ ခြောက်သွား လျင်လည်း ဘယ်တော့ မှ အခြောက်ပြန် မရုတ်တော့ဘူး) ဟူ၍ အာရုံပြု ရွက်ဆိုပြီးမှ ထိုလင်ဗန်း ကိုသွားတင်ပေးရမည်။
ထားထားသည့် နေရာမှ မည့်သည့် နေရာသို့ ရွေ့ ပြောင်းခြင်း မလုပ်ရပါ။ ထိုသို့ပြုလုပ် ပြီးနောက် အမှု ကိစ္စများအတွက် တခုခုဝမ်းသာစရာများ အံ့သြဖွယ်ရာ တိုက်ဆိုင် ကြုံတွေ့လာရမည် ဖြစ်ပါကြောင်း
၇ ရက်သားသမီးအပေါင်း အချုပ်အနှောင်များမှ ကင်းဝေကြပါစေ။

ref; မြန်မာ.ရိုးရာဗေဒင်ပညာရပ်
-------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ခြေငြိမ်စေသော ယတြာ Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'
- (အနောကျသို့) ယာဉ်မောင်းလိုင်စင် လေးနှစ်အထိ ပိတ်သိမ်းနိုင်မည့် ဥပဒေပုဒ်မများ ထုတ်ပြန် Pregnancy expectation ကိုယ်ဝန်ရချင်လို့Flibanserin အမျိုးသမီးတွေ အတြက္ေဆးစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်... Abortion Pills ဖျက်ဆေးတွေအကြောင်းလာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ ဘန်နီဖြိုး ရဲ့ 'လူပျိုလှည့်တေး'