ဆံပင် အမျိုးအစားပေါ် မူတည်၍ ခေါင်းလျှော် ကြိမ်ရေ နှုန်းထား ကွာဟချက်

တကိုယ်ရည် သန့် ရှင်းရေး ကိစ္စတွေထဲမှာ ခေါင်းလျှော်ခြင်း ကလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ လူတိုင်းမှာ မွေးရာပါ အသားအရေ အမျိုးအစား မတူညီကြသကဲ့သို့ ၊ ဆံသားအမျိုးအစား လည်း ကွဲပြားခြားနားကြပါတယ်။ (၁) ကျန်းမာသန်စွမ်းတဲ့ဆံသား (၂) ပုံမှန်(အလယ်အလတ်) ဆံသား (၃) ဆံသားအုံကောင်း (ဆံပင်ထူ) (၄) ခြောက်သွေ့ (မွဲခြောက်ခြောက်) ဆံသား ဟူ၍
အခြေခံ အားဖြင့် ဆံသား ၄-မျိုးရှိပါတယ်။ အဲဒီလို မတူညီတဲ့ ဆံသား အမျိုးအစားပေါ် မူတည် ၍၊ ခေါင်းလျှော်တဲ့ အကြိမ်နှုန်း အနည်းအများ ကွာဟမှုရှိပါတယ်။

(၁) ကျန်းမာသန်စွမ်းတဲ့ ဆံသားပိုင်ရှင် များအတွက်

ကျန်းမာတဲ့ဆံသားတွေက အခြားဆံပင် အမျိုးအစားတွေထက် ပို၍ အဆီစုပ်ယူမှု အားကောင်းကြတာကြောင့် daily use shampoo (ခေါ်)နေ့ စဉ်သုံး ရှမ်ပူ အမျိုးအစားကို သုံးပါ။ တစ်ရက်ခြား( သို့ မဟုတ်) တစ်နေ့ တစ်ကြိမ် ခေါင်းလျှော် ပေးနိုင်ပါတယ်။ (အဆီပြန်တဲ့ ဆံပင် ကလည်း ကျန်းမာသန်စွမ်းတဲ့ ဆံသား အမျိုးအစားထဲမှာ ပါရှိနေပါတယ်။ အဆီအလွန်ပြန်တဲ့ ဆံသား ပိုင်ရှင်များကတော့ dry shampoo ကိုသုံး၍ နေ့စဉ် ခေါင်းလျှော်ပေးပါ)

(၂) အလယ်အလတ် ဆံသားပိုင်ရှင် များအတွက်

ပုံမှန်သဘာဝဆံသား လို့ ခေါ်နိုင်ပါတယ်။ ဒီဆံသားတွေမှာ အမှတ်စဉ်နံပါတ် (၁)က လို ကျန်းမာ သန်းစွမ်းထဲ့ ဆံသားတွေလောက် အဆီသိပ်မရှိတာကြောင့်၊ ရက်သတ္တ ၁-ပတ် မှာ ၂-ကြိမ်(သို့ မ ဟုတ်)အများဆုံး ၃-ကြိမ် လျော်ရုံနှင့် လုံလောက်ပါတယ်။ အ ကယ်၍ အလယ်အလတ် ဆံသားတွေကို နေ့ စဉ်ခေါင်းလျှော်မိပါက၊ ဦးရေပြား နှင့် ဆံသားများအဆီခမ်းစေတတ်လို့  ဆင်ခြင်သင့်ပါတယ်။ (ဗောက်ရှိသူတွေက Anti Dandruff Itchy Scalp ရှမ်ပူကို သုံးသင့်သလို၊ ဆံသားကြမ်းသူများ နှင့် ဆံပင် ၂-ခွ ရှိသူများက Conditioner Shampoo ကို သုံးပေးပါ)

(၃) ဆံသားအုံကောင်း (ဆံပင်ထူ) သူများအတွက်

အမျိုးသမီးအများစု ပိုင်ဆိုင်တဲ့ ဆံပင်အမျိုးအစား လေးပါဘဲ။ ဆံသားထူပြီး ဆံပင်သဘာဝ အကောက် လှိုင်းသားပါရှိနေလို့  ဦးရေ ပြားထံမှ အဆီတွေကို ဆံသားတွေဆီသို့  အလွယ်တကူ မပြန့် နှံ့ စေတဲ့ အတွက်ကြောင့် ရက်သတ္တ ၁-ပတ် လျှင် ၁-ကြိမ်သာ ခေါင်းလျှော် ပေးရုံမျှဖြင့် လုံလောက်ပါတယ်။ (အခုလို ဆံသားပိုင်ရှင်တွေကလည်း အမှတ်စဉ် (၂)ကလို အလယ်အလတ် ဆံသား ပိုင်ရှင်တွေ သုံးတဲ့ ရှမ်ပူအမျိုးအစားတွေကိုဘဲ သုံးနိုင်ပါတယ်)

(၄) ခြောက်သွေ့ (မွဲခြောက်ခြောက်) ဆံသား

ဒီဆံသား အမျိုးအစားက အမှတ်စဉ်(၁) ဆံသားနှင့်ပြောင်းပြန်ဖြစ်ပါတယ်။ ဦးရေပြားမှာ အဆီ ခမ်း၍ ဆံပင်မွဲခြောက်ကာ ဆံသားများ ၂-ခွ ၃-ခွ ဖြစ်ပြီး ဆံပင်တွေ ပြတ်ထွက်လေ့ ရှိပါတယ်။ ဒါကြောင့် နေ့ စဉ် ခေါင်းမလျော်သင့်ပါဘူး။ Oily Shampoo တစ်မျိုးတည်းကိုသာ သုံးပါ(သို့ မဟုတ်)ဓာတုပစ္စည်းတွေ ပါဝင်မှုနည်းတဲ့ ရှမ်ပူကိုရွေးသုံးပါ။ conditioner ပေါင်းဆေးပါတဲ့ ရှမ်ပူကို သုံးပါ။


(ဆောင်းပါးရှင်...တင်ထက်ထက်ဇော်…..မျှဝေသည်)

promise.pauk
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...