ဘီပိုးစီပိုးရောဂါအတွက် မြန်မာဆေးစွမ်းကောင်းများ

ဆေး တန်ဖိုး ကြီးမားသော အနောက် တိုင်း ဆေးဝါး များကို ကုသရန် မတတ်နိုင် သူများအဖို့  စိတ်ဓာတ် မကျပါနှင့်။ အစွမ်း ထက်မြက် မြန်မာတိုင်းရင်း ဆေးစွမ်း ကောင်းများ ရှိပါတယ်။ ယနေ့ မြန် မာပြည်မှာ တကယ် သုံးစွဲနေပြီး၊ ဘေးထွက် ဆိုးကျိုး မရှိ လက်တွေ့  ဘီပိုး စီပိုးများ ပျောက် ကင်းသွားကြ၍ ကျန်းမာ ပျော်ရွှင် သွားရတဲ့ သာဓက များစွာ ရှိပါတယ်။ အောက်ပါ မြန်မာ့ ဆေးမြီးတို (၄) မျိုး အနက် မိမိ နှင့် အဆင်ပြေရာကို ရွေးချယ် ကုသ နိုင်ပါတယ်။

(၁) “ရွှေ” အသည်း အားတိုးဆေး

ရွှေ တံဆိပ် အသည်း အားတိုးဆေးမှာ အသည်းကို အားကောင်းစေတဲ့ တောင်ဆီးဖြူ အပါအ၀င်၊ နနွင်း၊ တရုပ်ကနစိုးသီး၊ ဆေးခါးကြီး၊ စမုန်ရိုင်း၊ ကြိတ်မှန်၊ သံလွင်၊ ဆူးပန်းလုံးအစေ့ စတဲ့ ဆေးဖက်ဝင် မြန်မာ့ တိုင်းရင်းဆေးများနဲ့ ဖေါ်စပ်ထားပါတယ်။ ဒေါက်တာ လွင်ကို၊ တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း)က ထို “ရွှေ” အသည်း အားတိုးဆေး ဖြင့် ဘီပိုးစီပိုးရောဂါကို ယခု လိုစမ်းသပ်ကြည့် ခဲ့ပါတယ်တဲ့။ ဆေးလုံး ၁-လုံးမှာ ၅၀၀ မီလီဂရမ်ရှိပါတယ်။ ဒေါက်တာ က သွေး တိုး၊ နှလုံး၊ ဆီးချိုရောဂါ (လုံးဝ) မရှိသော ဘီပိုးစီပိုး ဝေဒနာရှင် ၁၃ ဦးကို ထိုဆေးလုံးလေးတွေ နံက် ၂-လုံး ည ၂-လုံးစီဖြင့် အချိန် ၆-လ တိတိသောက် စေခဲ့ပါတယ်။ ၆-လပြည့်တဲ့အခါ ဒေါက် တာ၏ ဆေးညွှန်းအတိုင်း တိတိကျကျလိုက်နာ၍ စုစုပေါင်း တစ်နေ့  ၄-လုံး သောက်သုံး လာခဲ့တဲ့ လူနာ ၈-ဦးကို စမ်းစစ်ကြည့်တဲ့ အခါမှာ ဘီပိုးစီပိုး အကောင်ရေ သိသိသာသာ လျော့ပါးသွားကြပြီး တချို့ က ပိုးသုံးပုံတစ်ပုံ၊ တချို့ က ပိုးထက်ဝက်ကျော် ကျဆင်းသွားပါတယ်။ တချို့ ကတော့ အသည်း ပိုးရှာဖွေတဲ့စက်မှာ ပိုး (လုံးဝ)ရှာမတွေ့ တဲ့ အဆင့်ထိကို ကျဆင်းသွားတယ်လို့ ဆိုပါ တယ်။ ထိုလူနာအားလုံး ဆေးစားနေချိန် ကာလတလျှောက်လုံးမှာလည်း ယခင်နဲ့ မတူ ထူးထူးခြားခြား အစာစားလို့ သိပ်ကောင်း၊ အလုပ်လုပ်ရတာ ပေါ့ပါးသွက်လက်လာကြ တယ်လို့ ဆိုပါတယ်။ အကယ်၍ အနောက် တိုင်းဆေးဝါးများဖြင့် ကုသမယ်ဆိုရင် ငွေကျပ်သိန်းရာကျော် ကုန်ကျမည်ဖြစ်ပြီး၊ ယခု “ရွှေ” အသည်း အားတိုးဆေးကတော့ ၆-လစာ အတွက် စုစုပေါင်း ကျပ် ၇၅၀၀၀/- (ကျပ် ခုသောင်းခွဲ) သာ ကုန်ကျနိုင်တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဘီပိုးစီပိုး ရောဂါဝေဒ နာရှင် များအနေဖြင့် တန်ဖိုးလည်းမကြီး၊ သုံးစွဲရန်လည်းလွယ်ကူသော ပြည်တွင်းဖြစ် တိုင်းရင်းဆေး တစ်လက်ကို အသုံးပြု ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုစေနိုင်တော့ မှာဖြစ်တယ်လို့  ဒေါက်တာလွင်ကိုမှ အကြံပြုထားပါတယ်။

(၂) သခွတ်ပင်

ဒီဆေးကိုတော့ သုံးစွဲဖူးသူများက ဘီပိုးစီပိုး ရောဂါအတွက် အထူဆေးဟု ပြောစမှတ်ဖြစ်ေ နကြပါတယ်။ သခွတ်အစွမ်းကြောင့် စီပိုးအသည်းရောဂါ ဝေဒနာရှင်မှာ ပိုးကောင်ရေသိန်းချီရာမှ ဆယ်ဂဏန်းမျှသာ ကျန်ရှိတော့လို့  ရောဂါသိသိသာသာ ပျောက်ကင်း သွားသလောက် ဖြစ်တာကြောင့်လည်း နာမည်ကျော် အသည်းအထူးကု ဒေါက်တာခင်မောင်ဝင်း ကိုယ်တိုင်အံ့အား တသင့်ဖြစ်ကာ သခွတ်ပင် ဆေးသောက် သုံးခဲ့သော ထိုလူနာကို ဆရာဝန်ကြီးကတောင် မှတ်တမ်းပြုခဲ့ ရတယ်လို့ ဆိုပါတယ်။ ဆေးဖေါ်စပ်ရန် အတွက် သခွတ်ပင်၏ အပွင့်၊ အရွက်၊ အခေါက်တို့  လိုအပ် ပါတယ်။ ဆေးကျိုရန်အတွက် မြေအိုးအသစ် တစ်လုံး သုံးပေးပါ။ မြေအိုးထဲမှာ လတ်ဆတ်တဲ့ သခွတ်ပွင့်၊ အရွက် နှင့် အခေါက် စုစုပေါင်း ထို (၃)မျိုး လက်တစ်ဆုပ်စာကို ရေနဲ့  သုံးခွက်တခွက် ကျော်ကျော်လောက် ပြုတ်ပြီး တစ်နေ့ ကို အနည်း ဆုံး ၂-ကြိမ်မှ အများဆုံး ၃-ကြိမ် သောက်သုံးပေးပါ။ (အပွင့်စို နဲ့  အရွက်စို များ မရခဲ့ရင်လည်း အပင်ခေါက် တစ်မျိုးတည်း လက်တစ်ဆုပ်စာကို ရေသုံးခွက်တခွက် ကျော်ကျော်လောက် ပြုတ်ပြီး အလားတူ အချိုး အစားအတိုင်း ကြိုချက်သောက်သုံးနိုင်ပါတယ်)

အကယ်၍ လတ်လတ် ဆတ်ဆတ် အပွင့်စို၊ အရွက်စို၊ အခေါက်စိုများ မရနိုင်တဲ့ အခါမျိုးမှာတော့ ၄င်းတို့  ကို အခြောက်ခံ၍ သောက်သုံးနိုင်ပါတယ်။ သို့ သော် ၄င်းတို့ ကို နေရောင်ခြည်ပြင်းပြင်းမှာ အခြောက်ခံ မလှမ်းသင့်ပါဘူး အာနိသင်ဓာတ်လျော့ကျ သွားစေနိုင်ပါတယ်။ အပွင့် နှင့် အရွက်တို့ ကို နေရောင်ခြည် အနည်းငယ်ရသော နေရာမှာ အခြောက်ခံရမှာဖြစ်ပြီး၊ အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထား လို့ ရအောင် နေဖန့် ဖန့် ပြပါ။ လက်ဖက်ခြောက်အစား သခွတ်အရွက်၊ အပွင့်၊ ပင်စည် ခြောက်များကို အနည်းငယ်ထည့်ခပ်၍ ရေနွေးကြမ်းသောက် သုံးသလို နေ့ စဉ်သောက်သုံးပေးခြင်းဖြင့် ဘီပိုး စီပိုးရောဂါ အတွက် သာမက၊ အသည်းအဆီ ဖုံးခြင်း အန္တရာယ်မှ ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်။

(၃) ဣဿရမူလီပင်

(က) အသည်းကင်ဆာဝေဒနာသည်ကို သက်တမ်း ၆-လမျှသာ ခံတော့မယ်ဟု ဆရာဝန်ကြီးများက ဆို ထားကြပေမယ့် အရွက်ကို အရည်ညှစ်သောက်၊ သုပ်စားခြင်းဖြင့် အသက် (၇၀) ကျော်ြ ကာအောင် နေသွားနိုင်တဲ့ သာဓကရှိခဲ့ပါတယ်။ (ခ) စီပိုးရောဂါ ဝေဒနာရှင် သင်္ဘောသားတစ်ဦး ဟာ အရွက် ၃-ရွက်ခန့် ကို နေ့ စဉ်ဝါးစားခြင်းဖြင့် ပိုးများအားလုံးကို သုတ်သင် နိုင်ပြီး သင်္ဘော ပြန် တက်နိုင်ခဲ့ပါတယ်။ ထို့ နည်းတူစွာပင် မန္တလေးမြို့ ရှိ ဘီပိုးရောဂါ ရှိသူတစ်ဦးကလည်း နေ့ စဉ် ဣဿရမူလီ အရွက် ၅-ရွက်ခန့် ကို တစ်နေ့  ၃-ကြိမ်ကျစီဖြင့် ၃-လတိတိဝါးစားပြီးေ နာက် သောက်ေ ရ၀၀ သောက်ခဲ့ရာ အသားအရေ အရောင် ပုံမှန် အတိုင်း စိုပြည်ဝင်းဝါလာပြီး ကျန်းမာရေး လည်း ပြန်လည်ကောင်းမွန်သွားပါတယ်။ (ဂ) နိုင်ငံခြားသွားဖို့ ဆေးစစ်မအောင်တဲ့ လူငယ်လူရွယ်တချို့ ဘီပိုးကြောင့် ရည်ရွယ်ချက်တွေ ပျက်ခဲ့တာရပါ တယ်။ သို့  သော် ဣဿရမူလီကို သုံးစွဲပြီး ဆေးပြန်စစ်တဲ့ အခါ ဘီပိုးကင်းစင်ပြီး နိုင်ငံခြားပညာသင် သွားရ တဲ့ ကလေးတွေလည်း သာဓကရှိပါတယ်။

သို့ သော် ဣဿရမူလီက အပူဓာတ်များတာကြောင့်၊ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူများ မှာ ရေနိုင်နိုင် ချိုးပေးရပါမယ်။ အပင် ရှင်သန်ပေါက်ရောက်ရာ နေရာဒေသပေါ်မူတည်၍ အရွက်အရွယ် အစား အသေးအကြီး ကွာဟမှု ရှိပါတယ်။ ဒါကြောင့် စတင်စား သုံးသူများအဖို့  အရွက်အစိုကို လက် ၂-လုံး ခန့်သာဝါးစား၍ ရေ၀၀ သောက်ပေးရပါမယ်။ ရောဂါဝေဒနာပေါ် မူတည်၍ နံနက် -နေ့ လည်-ည တစ်ကြိမ်စီ တစ်နေ့ (၃)ကြိမ် ၀ါးစားပြီး ရေသောက်ရပါမယ်။ ပဉ္စငါးပါး(အဖူး-အပွင့်-အရွက်-ပင်စည်-အမြစ်) အားလုံး အနံ့အရသာရော ဆေးစွမ်းသတ္တိတွေပါ အတူတူဘဲ ဖြစ်ပါ တယ်။ အထူးအရေးကြီးတဲ့ အချက်မှာ ဣဿရမူလီကို သုံးစွဲ မည့်သူ၏ အသက်အရွယ်၊ ကိုယ်ခံစွမ်းအားနှင့် ကိုယ်အလေးချိန် အချိုး အစားအတိုင်း စံနစ်တကျမှီဝဲသင့်တာကြောင့် တတ်သိနားလည်သော ဆရာသမားကောင်းများနှင့် တိုင်ပင်ပြီးမှသာ စိတ်ချလက်ချ သုံးစွဲကြသင့်ပါတယ်။

(၄) ကြက်သွန်နီ နှင့် သကြား

ဘီပိုး စီပိုးပျောက်တဲ့ ဆေးနည်းကောင်းလေးပါ။ ကြက်သွန်နီ တစ်ဥ အခွံခွါ အလုံးလိုက်ရေဆေး (စိတ်ပြီး မှ မဆေးရ) လေးစိတ်စိတ် သကြားနဲ့တို့စားပါ။ နံက်တစ်လုံး နေ့တစ်လုံး ညတစ်လုံး တစ်နေ့ သုံးကြိမ် ပုံမှန် စားပေးပါက လပိုင်းအတွင်း ဘီပိုးစီပိုး သိသာစွာ ပျောက်ကင်းသွားကြောင်း သိရပါသည်။


(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
--
promise.pauk
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...