၁၉၅၀ တုန်းက လူနေမှုပုံစံအတိုင်း နေထိုင်တဲ့ ဇနီးမောင်နှံ

အေသင်အောင်
ဂယ်ရီဂျုံးစ်နဲ့ မန်ဒီတို့ ဇနီးမောင်နှံဟာ ၁၉၅၀ တုန်းက လူနေမှု ပုံစံအတိုင်း နေထိုင်ဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်။ အင်္ဂလန်နိုင်ငံ၊ စတက် ဖို့ဒ်ရှိုင်းယား ဒေသမှာ နေထိုင်တဲ့ သူတို့ ဇနီးမောင်နှံဟာ ဟင်းချက်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်း စတာ တွေကို ၁၉၅၀ ပြည့်က ထုတ်လုပ်တဲ့ ပစ္စည်းတွေ ကိုပဲ အသုံးပြုခဲ့ ပါတယ်။ အ၀တ်အစား ၀တ်တာ က အစ အစားအစာ စားသုံးတဲ့ အထိ ၁၉၅၀ ပြည့်က ပစ္စည်းတွေကို အသုံးပြုခဲ့ပြီး စီးတဲ့ ကားကလည်း ၁၉၄၉ က ထုတ်လုပ် ခဲ့တဲ့ ချက်ဗလက် ကား ဖြစ်ပါတယ်။ သီချင်း နားထောင် ရာမှာလည်း ရှေးခေတ်က ထုတ်လုပ်တဲ့ ဓာတ်ပြား တွေကို အသုံးပြုခဲ့ပါတယ်။ သူတို့ရဲ့ လက်ထပ် မင်္ဂလာပွဲ ကိုလည်း ၁၉၅၀ ပြည့်က ပုံစံအတိုင်း ကျင်းပ တာဖြစ်ပြီး ဒီလိုပြုမှုနေထိုင်ခြင်းကြောင့် ငွေကုန်ကြေးကျ သက်သာစေတယ်လို့ မန်ဒီက ဖွင့်ဟခဲ့ပါ တယ်။ ၁၉၅၀ ပြည့်က အသုံးအဆောင်တွေဟာ ယနေ့ခေတ် အမြင်အရ ပုံစံဆန်းနေပေမယ့် တကယ်တမ်းမှာ အလွန်အသုံးဝင်ပြီး ငွေကြေးလည်း အလွန် သက်သာကြောင်း၊ မီးဖိုချောင်ကိုလည်း ၁၉၅၀ တုန်းက ပုံစံ အတိုင်း ပြင်ဆင် ထားကြောင်း မန်ဒီက ဆက်လက်ဆိုခဲ့ပါတယ်။ သူတို့ရဲ့ နေ့စဉ်ဘ၀ဟာ ပျင်းစရာ ကောင်းပြီး အသစ်အဆန်းဖြစ် လိုတာက တစ်ကြောင်း၊ လက်ထပ်မင်္ဂလာပွဲမှာ ကုန်ကျစရိတ်သက်သာလို တာကြောင့် ရှေးခေတ်ပုံစံ အတိုင်း ပြုမူနေထိုင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်တုန်းက လူတွေဟာ အချစ်ကို တန်ဖိုးထားတတ်ပေမယ့် ဒီခေတ်မှာတော့ တန်ဖိုးထားမှု မရှိတော့ ဘူးလို့ မန်ဒီက ရင်ဖွင့်ခဲ့ပါတယ်။ ၁၉၅၀ မှာ ကွာရှင်းပြတ်စဲမှုက (၂၆)ရာခိုင်နှုန်းသာရှိခဲ့ပေမယ့် ၂၀၁၃ မှာ ကွာရှင်းပြတ်စဲ မှုက (၄၂) ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ သိရပါတယ်။


ref;The Messenger Media
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...