GSM နှင့် WCDMA တန်ဖိုးနည်း Simcard များကိုသာ MPT မှ မြန်မာတစ်ပြည်လုံး ရောင်းချမည်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၄ ဇူလိုင် ကာလဆီသို့ ရောင်းချ ပေးသွားမည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း အရေအတွက်မှာ စုစုပေါင်း ၁၄၅,၀၀၀ ဖြစ်ပြီး GSM ၆၃,၄၀၀ လုံး CDMA ၆,၆၀၀ လုံးနှင့်နိုင်ငံတော် တာဝန်ထမ်းဆောင် ခဲ့ကြသော သက်ပြည့်ပင်စင် ခံစားနေ ကြသော အငြိမ်းစား ၀န်ထမ်းများအတွက် WCDMA ၁၅,၀၀၀ လုံး ရောင်းချ ပေးသွားမည်ဖြစ်သည်။
ဆက်သယ် ရေးနှင့် သတင်းအချက် အလက် နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့်၂၀၁၃ ဧပြီကာလမှ စတင်၍ ၂၀၁၄ ဇွန် ကာလအထိ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အများပြည်သူ လူထုဆီသို့ စုစုပေါင်း မိုဘိုင်းလ် တယ်လီဖုန်း အပါဝင် ၅.၀၅ သန်း ရောင်းချ ပေးခဲ့ပြီး အဆိုပါ တန်ဖိုးနည်း မိုဘိုင်းလ် တယ်လီဖုန်းပေါင်း ၉.၂၅ သန်းကျော် ရောင်းချပေးခဲ့ပြီး ဖြစ်သည်။ထို့အပြင် ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ကိုယ်ပိုင် call centre တစ်ခုကို ပြုလုပ် သွားမည်ဖြစ်ပြီး အော်တို တယ်လီဖုန်းကြိုးများ၏ ဈေးနှုန်းများကို လျှော့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မင်းလွင်
ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook