ရာဂျူးကို ကယ်တင်ခြင်း

ဓာတ်ပုံ- The Mirror
နှစ်ပေါင်း ၅၀ လောက် သံကြိုးတွေ၊ သံချွန် ထူးတွေ ခတ်ခံထားရပြီး နှိပ်စက်ညှင်းပန်းခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံက ရာဂျုးလို့ အမည်ရတဲ့ ဆင်ကို ကယ်တင်ရေးအကြောင်း စိတ်ဝင်စားစရာ သတင်းတပုဒ်ပါ။

ရာဂျူးဟာ သူ့ကို ခတ်ထားတဲ့ သံချွန်ပါတဲ့ ထူးတွေနဲ့ သံကြိုးတွေကြောင့် ခြေထောက်တွေ မှာလည်း ပေါက်ပြဲ ပြီး အနာတွေ ဖြစ်နေတယ်။ ကိုယ်ခန္ဓာကလည်း ပိန်လှီလာတယ်။

သူ့မှာ ဆာလောင်မွတ်သိပ်မှုကြောင့် လမ်းပေါ်တွေ့တဲ့ ပလပ်စတစ်တွေ၊ စက္ကူကိုလည်း စားပြီး အစာအိမ် ဝမ်းပြည့်ဖို့ ဖြည့်ဆည်းရတယ်။ ဒီလို အခြေအနေတွေကနေ သူ့အကြောင်း စာရေးပြတဲ့အတွက် သူ့ကို ကယ်ဆယ်ရေး လုပ်ဖို့ အလှူငွေတွေလည်း ရခဲ့ကြပြီး အဖွဲ့တဖွဲ့က သူ့ကို သွားကယ်ကြတယ်။

ကုန်းပေါ်မှာ ကိုယ်ခန္ဓာ အကြီးဆုံး သတ္တဝါ ဆင်ကလည်း မျက်ရည်ကျ ဝမ်းနည်းတတ်တာကို ကျွမ်းကျင် သူတွေ ယုံကြည်ကြတဲ့အတိုင်း အခုကိစ္စက သက်သေထပ်ထူလိုက်ပါတယ်။

သူနှစ်ပေါင်းများစွာ ခံစားချုပ်နှောင်ခံလာခဲ့ရတဲ့ သံကြိုးတွေနဲ့ သံချွန်ထူးတွေကို ကယ်တင်ရေး အဖွဲ့က ဖြုတ်
ပေးလိုက်စဉ်မှာ ရာဂျူးဟာ မျက်ရည်တွေ ကျခဲ့တာကို အံ့အား တသင့်တွေ့ခဲ့ရပါတယ်တဲ့။

သူ့ဘဝမှာ ခါးသည်းတဲ့ ဆင်ထိန်းတွေရဲ့ ချွန်းအုပ်ပြီး ရိုက်နှက်၊ ညှင်းပန်း နှိပ်စက်ခဲ့လို့ စိတ်ဒဏ်ရာတွေ အထပ်ထပ်ခံစားခဲ့ရမှာ သေချာပါတယ်။

ဒါကြောင့် အခုလို ကြင်နာတတ်တဲ့ ထိတွေ့ ဆက်ဆံမှုတွေနဲ့ သူ ခံစားရတဲ့အခါ မျက်ရည်ကျတာ ဖြစ်နိုင် တယ် လို့ လည်း ကယ်ဆယ်ရေး အဖွဲ့က သူတဦးက The Mirror ကို ပြောပါတယ်။

ရာဂျူး အဖြစ်ကလည်း သူဟာ ပိုင်ရှင်ပေါင်း ၂၇ ဦးရဲ့ အောက်မှာ အလုပ်အကျွေး ပြုခဲ့ရတာပါတဲ့။

ရာဂျုးကို ကယ်တင်ဖို့ တရားရုံး တခုကနေ အမိန့်ထုတ်လိုက်ပြီးနောက် Wildlife SOS အဖွဲ့က ပက်ထရစ် ဦးဆောင် တဲ့ လူတစုဟာ ရာဂျုးကို စောင့်ကြည့်လေ့လာပြီး နောက်ဆုံး ပိုင်ရှင်ဆီ ချည်းကပ်ကာ ကြင်နာစွာ ဆက်ဆံရင်း ကယ်တင်ခဲ့ကြတာပါတဲ့။



နှစ်ပေါင်းများစွာ နှိပ်စက်မှုတွေ၊ ခါးသည်းမှုတွေ ခံစားလာခဲ့ရတဲ့ ရာဂျူးရဲ့ သံကြိုးတွေနဲ့ သံချွန် ထူးတွေ ဖယ်ရှားတယ်ဆိုတာ အန္တရာယ် အလွန်များတတ်တယ်လို့ သိထားပေမယ့် သူတို့ အဖွဲ့က အောင်မြင်စွာ နဲ့ ဖြုတ်ပေးလိုက်ပြီး ဆင်တွေကို ပြုစု ကုစား ထိန်းသိမ်းတဲ့ စင်တာကို ပို့ခဲ့ကြပါတယ်။



ကိုယ်အလေးချိန် ၅ တန်ခွဲကျော်ရှိတဲ့ ရာဂျူးကို ကားပေါ် တင်ပြီး မိုင် ၃၅ဝ လောက် ဝေးရာ ဆင်ဆေးရုံကို အသွား ရာဂျူးဟာ မျက်ရည်ဖြိုင်ဖြိုင် ကျပြန်ပါတယ်တဲ့။


အိမ့်သံစဉ် ~
http://blog.irrawaddy.org
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...