ရွှေညောင်ပင် ကြက်သားသုပ်

ရွှေညောင်ပင် ကြက်သားသုပ်လို ချဉ်စပ် ကြက်သားသုပ်လေးပါ။ ရွှေညောင်ပင် ကြက်သားသုပ်မှာ အရိုးသုပ်၊ ကြက်ရေပြားသုပ်၊ အစုံသုပ်၊ အသားသုပ်ဆိုပြီ ရှိပါတယ်။ ခု ၀တ်ရည် လုပ်ထားတာက အစုံသုပ်လေးပါ။ လုပ်ရလည်း လွယ်တာမို့ တူတူ လုပ်စားကြည့်ရအောင်..


ပါဝင်ပစ္စည်းများ

ကြက်ရိုး၊ ကြက်တောင်ပံ၊ ကြက်ပေါင် – ၅၀ကျပ်သား (အသဲအမြစ်အစုံ ထည့်လိုက ထည့်နိုင်သည်)
ပဲမှုန့် (အစိမ်းမှုန့်)- ၃၅ ဂရမ် (ရေ ၂၀၀မီလီလီတာဖြင့် ရောဖျော်ထားပါ)
အုန်းနို့နှစ် – ၁ဘူး (၁၆၀ မီလီလီတာ)
ဂေါ်ဖီထုပ် – ၁စိပ် (ပါးပါးလှီးထားပါ)
ကြက်သွန်နီ – ၅လုံး (ပါးပါးလှီးထားပါ)
ငရုတ်သီးစိမ်း – ၆တောင့် (ပါးပါးလှီးထားပါ)
ငရုတ်သီး အစိမ်းမှုန့် – ကြိုက်သလောက်
သံပရာသီး – ၃လုံး (အ၀ိုင်းလှီးထားပါ)
ရှောက်ရွက် – ၃ရွက် (ပါးပါးလှီးပါ)
ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
ငါးငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ဇွန်



ကြက်သားကို နုယ်ရန် ပါဝင်ပစ္စည်းများ

ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆနွင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း
မဆလာ – လက်ဖက်ရည်ဇွန်း တ၀က်
ကလဝေရွက် – ၁ရွက်

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်ရိုး၊ ကြက်ပေါင်၊ ကြက်တောင်ပံ များကို နုယ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ ဆနွင်း၊ မဆလာ၊ ကလဝေရွက်) တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။

၂။ ပြီလျှင် ဒယ်အိုးထဲ ရေ ၅ခွက်(၁လီတာ) ကြက်သားမြုပ်ရုံ ရေထည့်ပြီ ကြက်သား နူသည်အထိ ပြုတ်ထားပေးပါ။



၃။ ပြီနောက် ကြက်သားများကို အတုံးသေးများ တုံးထားပေးပြီ ကြက်ပြုတ်ရည်ကို သက်သက်ဖယ်ထားပါ။



၎။ ထို့နောက် ကြက်ပြုတ်ရည် အိုးထဲ ရေနွေး(၃ခွက်(၆၀၀ မီလီလီတာ)) ဆူအောင် ပြန်တည်ထားပါ။
၅။ ဆူလာလျှင် ဖျော်ထားသော ပဲမှုန့်အရည်ကို လောင်းထည့်ပြီ မီးနည်းနည်းဖြင့် တည်ထားပါ။



၆။ ပြီနောက် အုန်းနို့နှစ်ထည့်၊ ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငါးငံပြာရည်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပြီ ၁မိနစ်ခန့် တည်ထားပေးပါ။

ရ။ အရသာကို အနေတော်လျှင် မီးပိတ်လိုက်ပါ။ (အရသာ ခပ်လေးလေးချပါ၊ ဒါမှ ကြက်သားသုပ် ထည့်လျှင် အနေတော်သည်)



၈။ ထို့နောက် ပန်းကန်ထဲ ကြက်ရိုး၊ ကြက်သား၊ ကြက်အသဲအမြစ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်၊ ငရုတ်သီး အစိမ်းမှုန့် တို့ကို ထည့်ပါ။



၉။ ပြီမှ အပေါ်က ပဲပြုရည်ကို လောင်းထည့်ပြီ သံပရာသီးညှစ်ထည့်ပြီ ချဉ်ငံ့စပ် ရွှေညောင်ပင် ကြက်သား သုပ်ကို သုံးဆောင်နိုင်ပါပြီ…




Credit: ၀တ်ရည်ရဲ့ မီးဖိုချောင်
-------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...