နှစ် ၆၀ ပြည့်ကြာမှ ပြန်တွေ့ကြတဲ့ ချစ်သူ နှစ်ဦး
ရုရှားနိုင်ငံမှာ ဖြစ်ပါတယ်။ ကမ္ဘာစစ် ကာလ ဖြစ်တာကြောင့် စစ်သားအင်အား လိုအပ်နေချိန် မင်္ဂလာဆောင်ပြီး ၃ ရက်သာ နေထိုင်ရသေးတဲ့ ဇနီးမောင်နှံဟာ ခွဲရမယ့် အကြောင်းကံ ပါလာ ပါတယ်။ စစ်မှုထမ်းဖို့ အတွက် Red Army ရဲ့ ခေါင်ဆောင်မှုမှာ အမျိုးသားဖြစ်သူ ပါသွားပါတယ်။
အဲ့ဒီနောက်ပိုင်း ကွဲသွားကြတာ နှစ်အတော်လေး ကြာပါတယ်။ နှစ်ဦးစလုံးဟာ နောက်ချစ်သူ အသစ် ရှာဖွေခြင်း လုံးဝမရှိပဲ မျော်လင့်ချက်နဲ့ စောင့်ဆိုင်း ခဲ့ကြပါတယ်။ တစ်နေ့တော့ လည်ရင်းပတ်ရင်း မြို့တစ် ခုမှာ မထင်မှတ်ပဲ ပြန်ဆုံပါတယ်။ ကြားထဲမှာ နှစ် ၆၀ ကျော်တောင် ကြာမြင့်ခဲ့ပါတယ်။ သို့ပေမယ့် သူတို့ နှစ်ဦးရဲ့ အချစ်ဟာ ခိုင်မြ်ဲ နေဆဲပါပဲ။
အသက်တွေ ကြီးလို့ အဘိုးကြီး အဖွားကြီး ဖြစ်နေသည့်တိုင် ငယ်စဉ်က အချစ် ဇာတ်လမ်း ပုံရိပ်တွေကို ပြန်ပြောလို့ ပျော်ရွှင်နေရဆဲ ဖြစ်ပါတယ်။ ကံကြမ္မာ ကြောင့် ခွဲရပေမယ့် ယင်းကံကြောင့်ပဲ အခွင့်အရေး ပေးတဲ့ အချိန် ဖူးစာရှင် နှစ်ဦး ပြန်လည် စုံတွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။

ရိုးရာလေး
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)