ယုံကြည်သက်ဝင်မှု၊ မုချယုံကြည်မှုနှင့် မျှော်လင့်ချက်

တစ်နေ့တွင် ကျောင်းသား တစ်ဦးက ဆရာ တစ်ဦးအား ယုံကြည် သက်ဝင်မှု၊ မုချယုံကြည်မှုနှင့် မျှော်လင့်ချက်ကို နားမလည်လို့ သေချာ နားလည် အောင် ရှင်းပြပါဟု ပြောပါသတဲ့။ အဲဒီအခါ ဆရာက တပည့်အား အဖြစ်အပျက် သုံးခုကို ပြောပြ ပါသတဲ့...။

(၁) တစ်ခါတုန်းက မိုးခေါင်နေတဲ့ ရွာမှာ မိုးရွာ အောင်လို့ ရွာသားတွေ အားလုံးက ၀ိုင်းပြီးတော့ ဆုတောင်းပွဲ ကျင်းပကြတယ်။ အဲဒီအခါမှာ ကောင်လေး တစ်ယောက်ကတော့ ထီးတစ်ချောင်းကို ယူလာတယ်။ မိုးရွာရင် ဆောင်းဖို့တဲ့ ထိုကောင် လေးရဲ့ ရင်ထဲမှာ ဖြစ်ပေါ်နေသော အရာကား " ယုံကြည်သက်ဝင်မှု " ပင်တည်း။

တပည့်ကလဲ နားလည် သဘောပေါက်၏။

(၂) အသက် တစ်နှစ်လောက်ရှိတဲ့ ကလေးငယ်ကို ဖခင်က မိုးပေါ်ကို ပစ်မြောက်လိုက်တယ်။ ကလေးက မကြောက်ဘဲ မိုးပေါ် ရောက်သွားရင်ကို ပျော်နေတယ်။ ဘာလို့လဲဆိုတော့ သူ့အဖေက သူ့ကို မိအောင် ပြန်ဖမ်းမယ် ဆိုတာကို သူယုံကြည်တယ်။ အဲဒီအချိန် ထိုကလေးရင်ထဲမှာ ဖြစ်ပေါ်နေသော အရာကား "မုချယုံကြည်မှု" ဖြစ်သည်။

တပည့်ကလဲ အနဲငယ် စဉ်းစားပြီးနောက် ခေါင်းညိတ်၏။

(၃) ညတိုင်း ညတိုင်း ငါတို့အိပ်ရာဝင်ကြတယ်။ နောက်နေ့အသက်မသေပဲ ပြန်ထလာမယ်လို့ တထစ်ချ မပြောနိုင်ပေမယ့် နောက်နေ့မနက်ငါတို့ အိပ်ရာစောစော နိုးအောင် နာရီနှိုးစက်ပေးပြီး အိပ်တာဟာ ငါတို့ရင်ထဲမှာ မနက်ဖြန်အတွက်" မျှော်လင့်ချက် " တစ်စုံတစ်ရာ ရှိလို့ ဖြစ်တယ်။


မောင်စိုင်း
ref;နည်းစနစ်ကျကျအတွေးအခေါ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...