ရင်သားကင်ဆာ ဖြစ်ပွားစေတဲ့ မျိုးဗီဇက အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေနဲ့လည်း ဆက်နွှယ်နေ
ရင်သားကင်ဆာ ဖြစ်ပွားစေတယ်လို့ နာမည်ပျက် လှတဲ့ မျိုးဗီဇတစ်ခုဟာ ဆေးလိပ်သောက် သူတွေ မှာ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို နှစ်ဆနီးပါး အထိ မြင့်တက်စေနိုင်ကြောင်း ၂၀၁၄ ဇွန်လ ၁ ရက်မှာ ထုတ်ပြန်တဲ့ လေ့လာချက် တစ်ရပ်အရ သိရတယ်။
Nature Genetics ဂျာနယ်တွင် ဖော်ပြခဲ့တဲ့ တွေ့ရှိချက်က အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိသူတွေကို စစ်ဆေးဖော်ထုတ် ရာမှာဖြစ်စေ၊ ကု ထုံးရှာဖွေရာမှာ ဖြစ်စေ အကျိုးအမြတ် ရှိစေလိမ့် မယ်လို့ ဆိုတယ်။
““ဆေးလိပ်သောက်တဲ့ သူအားလုံးဟာ သူတို့ရဲ့မျိုးဗီဇနဲ့ မဆိုင်ဘဲနဲ့ကို ကျန်းမာရေးအတွက် အန္တရာယ်တွေ ရှိနေပါတယ်။ ဒါပေမယ့် သူတို့မှာ မျိုးဗီဇဆိုင်ရာ ချွတ်ယွင်းမှုပါလာလို့ ရှိရင် အန္တရာယ်ရှိနိုင်ခြေက ပိုများ သွားပါတယ်”” လို့ အခုလေ့လာချက်မှာ ပါဝင်ခဲ့တဲ့ ကင်ဆာသုတေသနဌာနရဲ့ ဒုတိယ အလုပ်အမှုဆောင် အရာရှိ ချုပ်ပေါလ်ပေါ့ကမန်က ပြောကြားခဲ့တယ်။
လေ့လာချက်လေးခု ပြုလုပ်ခဲ့ရာမှာ ရင်သားကင်ဆာ ဖြစ်ပွားစေတဲ့ BRCA2 ဗီဇပါဝင်တဲ့ ဆေးလိပ် သောက်သူတွေရဲ့ လေးပုံတစ်ပုံမှာ သူတို့ ရဲ့ ဘ၀သက်တမ်းမှာ အဆုတ်ကင်ဆာ ရောဂါဖြစ်ပွားကြောင်း တွေ့ရှိရတယ်။ အဲဒီဗီဇမပါတဲ့ ဆေးလိပ်သောက်သူတွေ မှာ ၁၃ ရာခိုင်နှုန်းသာ အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားကြောင်း တွေ့ရှိရတယ်။
အခုလေ့လာချက်မှာ အဆုတ်ကင်ဆာ ရောဂါရှိသူ ၁၁၃၄၈ ဦးရဲ့ ဗီဇကို အဆုတ်ကင်ဆာမရှိသူ ၁၅၈၆၁ ဦးရဲ့ ဗီဇတွေနဲ့ နှိုင်းယှဉ်လေ့လာခဲ့တာ ဖြစ်တယ်။
““ရင်သားနဲ့ မျိုးဥအိမ်ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေမြင့်မားတဲ့ BRCA2 ဗီဇ ချွတ်ယွင်းချက်ဟာ အဆုတ် ကင်ဆာရောဂါဖြစ်ပွားမှုနဲ့လည်း ဆက်နွှယ်နေပါတယ်။ အထူးသဖြင့် အဖြစ်အများဆုံး အဆုတ်ကင်ဆာ ရောဂါခွဲ တစ်မျိုးဖြစ်တဲ့ squamous cell အဆုတ်ကင်ဆာ ရောဂါဖြစ်ပွားမှုနဲ့ အခိုင်အမာ ဆက်နွှယ်နေပါ တယ်”” လို့ ကင်ဆာသုတေသနဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားတယ်။
အရင်ကလည်း အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေနဲ့ ဆက်နွှယ်နေတဲ့ တခြားဗီဇတွေ တွေ့ရှိခဲ့ဖူးပေမယ့် လည်း အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုမှာ အခု BRCA2 က ဘယ်လိုဘယ်ပုံ ပါဝင်ပတ်သက်တာ ကို သိရှိရခြင်း မရှိသေးပါ။
ညွန့်လွင်
Ref; AFP

Health Updates Journal No. 125
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com)
လွမ်းမပြေ သုတရပ်ဝန်း | Facebook