ဟွန်ဒူးရပ်စ်တွင် မြေပြိုမှုကြောင့် သတ္တုတွင်းလုပ်သား (၁၁) ဦး ပိတ်မိနေ


တီဂူစီ ဂယ်ပါ

မြတ်ဆုကို

ဟွန်ဒူးရပ်စ်နိုင်ငံ မြို့တော် တီဂူစီဂယ်ပါ၏ တောင်ဘက်မိုင် (၇၀) အကွာ နေရာတွင် မြေပြိုမှုကြောင့် ရွှေတူးဖော်ရေး သတ္တုတွင်း တစ်တွင်းထဲ၌ ပိတ်မိနေသော သတ္တုတွင်း လုပ်သား (၁၁) ဦးကို ကယ် ထုတ်နိုင်ရန် ကယ်ဆယ်ရေး လုပ်သားများ ကြိုးပမ်းနေကြကြောင်း သိရသည်။

ဗုဒ္ဓဟူးနေ့တွင် အယ်ကိုပတ်စ်မြို့အနီးရှိ ရွှေသတ္တုတွင်း အသေးစားထဲသို့ဝင်ရာ ဥမှင်တစ်လျှောက် ပြိုကျ သော မြေများ ပိတ်သွားသဖြင့် သတ္တုတွင်းလုပ်သား (၁၁) ဦး ပိတ်မိခဲ့ ခြင်းဖြစ်သည်။ ပိတ်မိနေသူများ အနက် သုံးဦး၏ အော်ခေါ်သံများကို ကြားရပြီး အဆက်အသွယ် ရထားပြီဖြစ်ပြီး ကျန်ရှစ်ဦး၏ ကံကြမ္မာကို ကား မသိရသေးကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသော မီးသတ်သမားများက ပြောသည်။ အသံ ကြားရသူ သုံးဦးထံသို့ အောက်ဆီဂျင်ကို ပိုက်များဖြင့် ထိုးပေးထားကြောင်း သိရသည်။

ဟွန်ဒူးရပ်စ် နိုင်ငံတွင် အသေးစား ရွှေသတ္တု တွင်းလုပ်ငန်း အများအပြားရှိပြီး စနစ်မကျသော လုပ်ကိုင် နည်းများကြောင့် မတော်တဆမှုများ မကြာမကြာ ဖြစ်ပွားလျက်ရှိသည်။ နောက်ထပ် မြေပြိုမည်ကို စိုးရိမ် ရသဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများကို သတိထား ဆောင်ရွက် နေရကြောင်း ကယ်ဆယ်ရေးသမားများ က ပြောသည်။

အယ်ကိုပတ်စ်မြို့တွင် အလားတူ ရွှေသတ္တုတွင်း (၅၀) ကျော်ရှိနေကြောင်း မြို့တော်ဝန် လူးဝစ်အန်ဒါရူဒါ က ပြောသည်။ နေ့စဉ်လိုလို လုပ်သားများသည် သတ္တုတွင်းများထဲ မြေအောက်မီတာ (၂၀၀) ခန့်ထိကို လှေကားများဖြင့် ဆင်းကာ မြေကြီးထဲမှ ရွှေစငယ်များကို တူးဖော်လျက်ရှိသည်။


Source: BBC
The Messenger
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...