တက္ကသိုလ်ဝင်ခွင့် စိစစ် ရွေးချယ်သည့် ပုံစံ ရှေ့နှစ်တွင် ပြောင်းမည်

တက္ကသိုလ် ကျောင်းသူလေးများ (ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ))

တက္ကသိုလ် ၀င်ခွင့်စိစစ် ရွေးချယ်ရေး စနစ်ပုံစံကို ၂၀၁၅- ၂၀၁၆ ပညာသင်နှစ်တွင် ပြောင်း လဲကျင့် သုံးရန် ပညာရေးဝန်ကြီး ဌာန တာဝန်ရှိသူများနှင့် အကြံပေး ပညာရှင်များက ဆွေးနွေး ဆုံးဖြတ် လိုက်ကြောင်း သတင်းရရှိ သည်။

ယခု ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်ခွင့် စိစစ် ရွေးချယ်ရေး စနစ်ပုံစံကို ပြောင်းလဲ ကျင့်သုံးရန် အချိန် ကာလ အခက်အခဲကြောင့် ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ပြောင်းလဲ ကျင့်သုံးရန် ဆွေးနွေးဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။

‘‘အခုအချိန်မှာ ပြင်ရင် အချိန် အခက်အခဲကြောင့် တအား ကသုတ်ကရက် ဖြစ်လိမ့်မယ်။ အချိန်က အရမ်းကပ်နေပြီလေ။ အဲဒီအတွက် ရှေ့နှစ်ကျမှ ပြောင်းဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဒီနှစ် ကတော့ အရင်အတိုင်းပဲ သွားမှာ ပေါ့’’ ဟု တက္ကသိုလ် ၀င်ခွင့်စိစစ် ရွေးချယ်ရေးစနစ် ပြောင်းလဲကျင့်သုံးရေး အစည်းအဝေးတက် ရောက်ခဲ့သော ပါမောက္ခချုပ်တစ် ဦးကပြောသည်။

လက်ရှိ ကျင့်သုံးနေသော တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ် ရေးစနစ် ပြောင်းလဲရေးအတွက် ပညာရေးမြှင့် တင်မှု အကောင်အထည် ဖော်ရေးကော်မတီ၊ အကြံ ပေးအဖွဲ့ပညာရှင်များ၊ ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ သည် ဇူလိုင် ၁၈ ရက်တွင် ရန်ကုန် တက္ကသိုလ်၊ စိန်ရတု ခန်းမ၌ ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

‘‘ကျွန်တော်တို့ အနေနဲ့က တော့ လွတ်လပ်စွာရွေးချယ်ခွင့် ပေးရင် ပိုပြီး သဘောကျပါတယ်။ ဘယ် ဘာသာရပ်ကိုမှ နိမ့်တယ်၊ မြင့်တယ်လို့ သဘောမထားသင့် ပါဘူး။ အခုက အမှတ်နိမ့်လို့ သမိုင်းတို့၊ ပထ၀ီဝင်တို့ ရောက်သွားတာ ရှိနေတယ်။ အဲဒီလို မဖြစ်သင့်ပါဘူး’’ ဟု ရန်ကုန်စီး ပွားရေးတက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုစည်သူမောင်က ပြောသည်။

လွှတ်တော်နှစ်ရပ်၌ လတ် တလောဆွေးနွေးနေသော အမျိုး သားပညာရေး ဥပဒေကြမ်းတွင် ကျောင်းသားများ၏ အရည်အ ချင်းနှင့် ဆန္ဒပေါ်အခြေခံ၍ ရွေး ချယ်နိုင်ခွင့်ရှိသော တက္ကသိုလ် ၀င်ခွင့် စနစ်ကို ကျင့်သုံးနိုင်ရန် တင်ပြထားသည်။ အမျိုးသား ပညာရေးဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းပြီးပါက ယင်းဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

ပညာရေးဝန်ကြီးဌာနသည် ပြောင်းလဲကျင့်သုံးမည့် တက္က သိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး စနစ်ကို အသေးစိတ် အစီအစဉ် ရေးဆွဲဆောင်ရွက်၍ သတင်းမီဒီ ယာများမှ တစ်ဆင့်ပြည်သူများအား ကြိုတင် အသိပေးမည်ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေး ချယ်ရေးစနစ်ကို ပြောင်းလဲကျင့် သုံးပါက လက်ရှိ ၀န်ထမ်းအင်အားနှင့် အချိန်ကာလပိုမိုလိုအပ်မည်ဖြစ်သလို ကျောင်းသားများအနေဖြင့် နာမည်ကြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ စုပြုံလျှောက်ထားမည့်အခြေအနေကြောင့် အခြေခံ အမှတ်သတ်မှတ်ချက် ဆက်လက်ရှိနိုင်ကြောင်း အငြိမ်းစားပညာရေးအရာရှိတစ်ဦးက သုံးသပ်သည်။


7Day Daily
No.447 Tuesday, July 22, 2014 
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...