မလေး ပညာသင်ဆုနှစ်ခု မြန်မာကျောင်းသားများ ရယူနိုင်

မလေး ရှားနိုင်ငံ ပီနမ်မြို့ရှိ KDU တက္က သိုလ် မှ မြန်မာ ကျောင်းသား၊ ကျောင်းသူ များကို ပညာသင် ထောက် ပံ့ကြေးဆု အမျိုးအစား နှစ်မျိုး ဖြစ်သော ရာခိုင်နှုန်း ၅၀ နှင့် ရာခိုင်နှုန်း ၈၀ ပညာသင် ထောက်ပံ့ ကြေးကို ပေးအပ်နေပြီ ဖြစ်ကြောင်း MSI နိုင်ငံခြား ပညာရေး ဝန်ဆောင်မှု လုပ်ငန်းမှ သိရသည်။

KDU တက္ကသိုလ်သည် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ များအတွက် ရာခိုင်နှုန်း ၈၀ ပညာသင် ထောက်ပံ့ ဆုများကို ကျောင်းသား၊ ကျောင်းသူ များ၏ ပညာရေးဆိုင်ရာ ရမှတ်အပေါ် မူတည်၍ ပေးအပ်သွားမည် ဖြစ်ကြောင်း MSI နိုင်ငံခြား ပညာရေး ဝန်ဆောင်မှု၏ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင် က ပြောကြားသည်။

အဆိုပါ ပညာသင်ထောက်ပံ့ဆု ရာခိုင်နှုန်း ၈၀ ကို လျှောက်ထားလိုသော မြန်မာကျောင်းသား၊ ကျောင်း သူများသည် ဘွဲ့ကြို (Diploma) တန်းများအတွက် ကျောင်းဖွင့်ချိန် ၂၀၁၄ ခုနှစ် သြဂုတ်လနှင့် ဘွဲ့ဒီဂ ရီတန်းများအတွက် မေလနှင့် စက်တင်ဘာလ အတွက်သာ လျှောက်ထားနိုင်ကြောင်း ဒေါ်စုစုလှိုင်က ဆိုသည်။

ထို့ပြင် ရာခိုင်နှုန်း ၅၀ ပညာသင် ထောက်ပံ့ဆုကြေးကို မြန်မာကျောင်းသား လူငယ်များအတွက် ပထမ နှစ်ဝင်ခွင့်တွင် ထောက်ပံ့ပေးမည့်အပြင် နေထိုင်ခွင့်အတွက် မလေးရှားငွေ RM 2000၊ မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံ ပီနမ်မြို့သို့လေယာဉ်လက်မှတ်နှင့် EMGS (Education Malaysia Global Service) အခကြေးငွေများကို KDU တက္ကသိုလ်က ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းကိုလည်း သိရသည်။

အဆိုပါပညာသင်ဆုအား လျှောက်ထားလိုကြသည့် မြန်မာကျောင်းသားများသည် မိမိတို့တွင်ရှိသော ပညာရေးဆိုင်ရာ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံနှင့်တကွ MSI ရုံးခန်းသို့ကျောင်းဖွင့် ချိန်များထက် နှစ်လစော၍အမြန်ဆုံး လာရောက်လျှောက်ထား ရမည်ဖြစ်ကြောင်း MSI မှသိရသည်။

KDU တက္ကသိုလ်တွင် ဘွဲ့ကြို (Diploma) တန်းများအတွက် Business/ Creative Media Design & Interior Design/ Information Technology & Games Technology/ Engineering/ Hotel & Tourism Management/ Professional Chief Training နှင့် Mass communication တန်းများ တက်ရောက်နိုင်ကြောင်း သိရသည်။

ထို့အတူ ဘွဲ့ဒီဂရီ (Degree) တန်းများအတွက် Business/ Design/ Engineering/ IT & Games Technology/ Mass communication/ Hospitality/ Tourism & Culinary Arts စသောဘာသာရပ် များကို တွဲဖက်တက္ကသိလ်များဖြစ်သည့် Keene University, IMI University Center, Northumbria University မှပေးအပ်သော ဘွဲ့ဒီဂရီများကို KDU တက္ကသိုလ်၌ ပညာသင်ဆု ခံစားခွင့်ဖြင့် သင်ယူနိုင် ကြောင်း သိရသည်။

အဆိုပါ KDU တက္ကသိုလ်တွင် မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသော ကျောင်းသား၊ ကျောင်းသူများ GCE “O” Level၊ IGCSE၊ မြန်မာနိုင်ငံအစိုးရတက္ကသိုလ်မှ အထက်ပါဖော်ပြထားသော ဘာသာရပ်များနှင့် ဆက်စပ်သည့်ဘာသာရပ်များကို တက်ရောက်ပညာသင်ဆဲဖြစ်သော ကျောင်း သား/ ကျောင်းသူများ၊ ပညာသင်နှစ် ၁၂ တန်းဖြစ်သော Foundation နှင့် GCE “A” Level (Cambridge) တို့ကို တက်ရောက်ပြီးစီးထားသော ကျောင်းသား၊ ကျောင်းသူများသည် KDU တက္ကသိုလ်၏ ဘွဲ့ဒီဂရီ တန်းကို တိုက်ရိုက်လျှောက်ထားနိုင်ကြောင်း MSI နိုင်ငံခြားပညာရေးဝန်ဆောင် မှုမန်နေဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်က ဆိုသည်။

KDU တက္ကသိုလ်မှ ပေးအပ်မည့် ပညာသင်ဆုရာခိုင်နှုန်း ၅၀ နှင့် ရာခိုင်နှုန်း ၈၀ ကိုလျှောက်ထားလို သောမြန်မာကျောင်းသားများအနေဖြင့် Myanmar Search International (MSI) နိုင်ငံခြားပညာရေး ဝန်ဆောင်မှုရုံးခန်း ရန်ကုန်မြို့သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။


Democracy Today Daily
ဇူလိုင် (၁၃) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...