၂၀၁၄-၂၀၁၅ ပညာသင်နှစ် အတွက် Chancellor Yunus မှ ပေးအပ်မည့် ပညာသင်ဆု

အမေရိကန်နိုင်ငံ Glasgow Caledonian တက္ကသိုလ်တွင် မဟာသိပ္ပံဘွဲ့ကို အချိန်ပြည့် တက်ရောက်ခွင့် ရပြီး ပညာသင်ဆုကို ရယူနိုင်ရန်အတွက် လျှောက်လွှာများ ခေါ်ယူ လျက်ရှိသည်။ အရည်အချင်းရှိပြီး အလားအလာ ကောင်းသည့် ဖြေဆိုသူများကို ၎င်းတို့၏ ငွေကြေး အခြေအနေများကိုပါ ထည့်သွင်း စဉ်းစားရန် အဖက်ဖက်မှ ချင့်ချိန်ဆုံးဖြတ်ပြီး ပညာသင်ဆုကို ထောက်ပံ့ပေးမည်ဖြစ်သည်။ လူမှုစီးပွားရေး ဆိုင်ရာ မဟာသိပ္ပံ၊ အသေးစား ငွေချေးလုပ်ငန်း ဆိုင်ရာနှင့် ပတ်သက်၍ လေ့လာရမည် ဖြစ်သည်။

မဟာဘွဲ့ကို ဆက်လက်လေ့လာရန်အတွက် ပညာသင်ဆု ထောက်ပံ့ပေးမည် ဖြစ်ပြီး စီးပွားရေးနှင့် လူ့အဖွဲ့အစည်းအတွက် Glasgow ကျောင်းမှ ထောက်ပံ့ပေးမည်ဖြစ်သည်။ လူမှုစီးပွားရေးနှင့် ကျန်းမာရေးအတွက် Yunus Centre မှ ပံ့ပိုးပေးမည်ဖြစ်သည်။ လူမှုစီးပွားရေးနှင့် ကျန်းမာရေးအတွက် ထောက်ပံ့ပေးသည့် Yunus Centre သည် Glasgow တက္ကသိုလ်တွင် အခြေစိုက်ထားပြီး လူမှု စီးပွားရေးနှင့် ကျန်းမာရေး ဆိုင်ရာ ဖွံ့ဖြိုးမှု၊ တိုးတက်မှုများကြားမှ ပတ်သက် ဆက်နွှယ်မှုကို သုတေသန ပြုလုပ်မှုများမှ တစ်ဆင့် အဆင်းရဲဆုံး ဘဝများက မြှင့်တင်ပေးရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ပညာသင်ဆု ထောက်ပံ့ပေးမည့် အစီအစဉ်တွင် Programme Fees အား ဖူလုံစေရန် အတွက် ပညာသင်ဆု အလုံအလောက် ထောက်ပံ့ပေးမည်ဖြစ်သည်။ လျှောက်ထားလိုသူများအနေဖြင့် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်သည်။

ပညာသင်ဆုနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းနိုင်မည့် ဝက်ဘ်ဆိုက် လိပ်စာ

http://scholarship.positions.com

Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၆) 
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...