အစ္စရေးနိုင်ငံမှ ရောင်းချနေပြီဖြစ်သည့် Green Rock Radar
မော်တာကျည်ဆံများ၊ အမြောက်ဆံများ၊ ဒုံးပျံများ အနေဖြင့် မည်သည့်နေရာမှ လာသည်၊ မည်သည့် နေရာသို့ ကျရောက်မည်ကို ၁၀ ကီလိုမီတာ အကွာ အဝေးကပင် အစက်အပြောက်အဖြစ် ကြိုတင်သိ ရှိနိုင်မည့် ပေါ့ပါး၍ တိကျမှုရှိသော Phased-Array Pulse Doppler Radarခေါ် Green Rock အား အစ္စရေးမှ ရောင်းချနေပြီ ဖြစ်ပါသည်။
ထို့အပြင် ရေဒါအကြီးများပင် ဖမ်းယူရာ၌ အခက် အခဲ ဖြစ်နေသော မောင်းသူမဲ့ လေယာဉ်များကိုပင် အစက်အပြောက် အနေဖြင့် ဖမ်းယူနိုင်စွမ်း ရှိပေ သည်။ Green Rock အားHummer ၊သို့မဟုတ် Jeep အမျိုးအစား ယာဉ်များ၌ပင် တပ်ဆင်နိုင်ပြီး ခြေလျက်တပ်ရင်း တစ်ခုအတွက် လုံလောက်သော အကာအကွယ် ပမာဏကိုလည်း ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
Green Rock Radar အနေဖြင့် အုပ်စုဖွဲ့၍ Network တည်ဆောက်နိုင်သောကြောင့် တစ်ခုနှင့် တစ်ခု အချက်အလက်များ ရှယ်ယာပြုလုပ်နိုင် မည်ဖြစ်ပါသည်။ ထို့အပြင် Green Rock တွင်ပါဝင်သော Software များအနေဖြင့် Iron Dome၊ သို့မဟုတ် CRAM အစရှိသည့် မည်သည့်တန်ပြန် ဒုံးပျံစနစ်မျိုး ကိုမဆို အချက်အလက် ပိုင်းဆိုင်ရာအတွက် အထောက်အပံ့ ပေးနိုင်ပေသည်။
Ref:SP
WorldWide(BMSTU)

ရေဒါအနေဖြင့် မည်သည့်အရပ်မှ ပစ်ခတ်လိုက်သည် ဆိုခြင်းကအစတိကျစွာ ထောက်လှမ်းနိုင်စွမ်းရှိပြီး ၄င်းအချက်အလက် များကိုလည်း တိုက်လေယာဉ်၊ သို့မဟုတ် အမြောက်တပ်ဖွဲ့များသို့ အလိုအလျောက် ပေးပို့နိုင်သဖြင့် အဆိုပါ ပစ်ခတ်လိုက် သည့် နေရာဒေသ၊ သို့မဟုတ် အမြောက်တပ်ဖွဲ့ရှိရာသို့ ချက်ခြင်း ပြန်လည် ပစ်ခတ်နိုင်မည် ဖြစ်ကြောင်းသိရှိရပါသည်။
Ref:SP
WorldWide(BMSTU)
ref;TechSpace Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)