ရေထဲတွင် စီးမျောခြင်းဖြင့် အနားယူနိုင်ရန် ကူညီပေးမည့် ၀တ်စုံအသစ်

ယနေ့အချိန်အခါတွင် ကမ္ဘာကြီးပေါ်၌ နေထိုင် ကြသော လူသားများအနေဖြင့် စား၊၀တ်၊နေ အစရှိသည့် ကိစ္စရပ်များကြောင့် ဖိအားများစွာကို တစ်မျိုးမဟုတ် တစ်မျိုးဖြင့် ရင်ဆိုင်ကြုံတွေ့ ရလျက် ရှိပါသည်။ ထို့ကြောင့်လည်း လူသားတို့အနေဖြင့် မိမိတို့၏ စိတ်ဖိစီးမှုများကို နည်းမျိုးစုံဖြင့် လျော့ချနိုင် ရန် လုပ်ဆောင် လျက်ရှိပေသည်။ အဆိုပါ စိတ် ဖိစီးမှုလျော့ချနိုင်မည့် နည်းလမ်းများထဲမှ ရေထဲတွင် စီးမျော၍ သက်တောင့်သက်သာ အနားယူခြင်း သည်လည်း နည်းလမ်းကောင်း တစ်ခုဖြစ်သည်ဟု သိရပါသည်။

ရေထဲတွင် ဆိုသော်လည်း သင့်အနေဖြင့် ပင်လယ်ကမ်းခြေ၊ သမုဒ္ဒရာထဲတွင် စီးမျောခြင်းသည် ရေကူး ကန်ထဲတွင် စီးမျောနေခြင်းထက်တော့ အသက် အန္တရာယ်ရှိနိုင်ခြေ များပြားလှပေသည်။ ထို့ကြောင့် ရေကူးကန်ထဲတွင် သက်တောင့်သက်သာ စီးမျောအနားယူစေရန် မနစ်မြုပ်အောင် ကူညီပေးနိုင်မည့် ပစ္စည်းတစ်မျိုးကို ဈေးကွက်တွင် ထုတ်လုပ်ရောင်းချ ခဲ့ကြပါသည်။

၎င်းပစ္စည်းတွင် အစိတ်အပိုင်းနှစ်မျိုး ပါဝင်မည်ဖြစ်ပြီး တစ်မျိုးမှာ ဦးခေါင်းတွင် စွပ်ရမည့် ဦးထုပ်ဖြစ်ကာ အခြားသော နောက်တစ်မျိုးမှာ သင်၏ ခြေထောက်များတွင် ပတ်ထားရမည့် အပတ်များဖြစ်ပါသည်။ ပစ္စည်းများအား ရေစိုမှုနှင့်ရေနစ်မြုပ်မှု ဒဏ်ခံနိုင်သော Neoprene ရာဘာဖြင့် ပြုလုပ်ထားပါသည်။ ၀ယ်ယူသူ အနေဖြင့် ဦးထုပ်နှင့် ခြေပတ်များကို သီးခြားစီဝယ်ယူနိုင်ပြီး ဦးထုပ်တစ်လုံးလျှင် အမေရိကန် ၈၅ ဒေါ်လာ ကျသင့်ကာ ခြေပတ်များမှာ ၅၅ ဒေါ်လာဖြစ်ပြီး စုံလိုက်ဝယ်ယူလျှင် နှစ်ခုပေါင်းတန်ဖိုး၏ ၅ ဒေါ်လာခန့် သက်သာမည်ဖြစ်ပါသည်။


Ref:TTJ
WorldWide(BMSTU
ref;TechSpace Journal
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...