Home Made ဖက်ထုပ်ရွက် နှင့် ကြက်ဥခေါက်ဆွဲ

လုံးဝ မပင်မပန်းပဲ မထင်မှတ် ရလောက်အောင် လွယ်ကူတဲ့ နည်းလေးပါရှင်……
အောက်ပါ အချိုးအစား အတိုင်း ဖက်ထုပ်ရွက်ပဲ လုပ်မယ်ဆိုရင် ၂၄ ခုရပြီး၊ ကြက်ဥခေါက်ဆွဲပဲ လုပ်မယ် ဆိုရင်တော့ ခေါက်ဆွဲ ၂ ပွဲစာ ရပါတယ်ရှင်။
***... Home Made ဖက်ထုပ်ရွက် နှင့် ကြက်ဥခေါက်ဆွဲ အတွက် လိုအပ်တာလေးတွေ…
1. ဂျုံမှုန့် (plain flour) – 1 cup (250 ml)
2. ဆား – လက်ဖက်ရည် ဇွန်း ၄ ပုံ ၁ ပုံ
3. ကြက်ဥ – ၁ လုံး (58 g ခန့်)
4. ရေ – ထမင်းစားဇွန်း ၃ ဇွန်း
5. မကပ်အောင် အသုံးပြုမည့် ဂျုံမှုန့် (plain flour)အပို – ခန့်မှန်းချေ 2/3 cup (160 ml)ခန့်
ကြက်ဥ၊ ဆား နှင့် ရေကို ရောကာ ကြက်ဥကြေသွားအောင် ခလောက်ထားပါ။
ထိုအရည်ကို ဂျုံမှုန့် အလယ်ထဲ လောင်းထည့်ပါ။
ပြီးလျှင် တတ်နိုင်သမျှ ရောနှောသွားအောင် ခက်ရင်းဖြင့် မွှေရောပေးပါ။
ထို့နောက် flour (ထမင်းစားဇွန်း ၂ ဇွန်းခန့်) ဖြူးထားသည့် ပြင်ညီတစ်ခုပေါ် dough ကိုထားကာ ဂျုံမှုန့်များဖြင့် ကပ်သွားအောင် လုပ်ပါ။
ပြီးလျှင် လက်ဖြင့် ဖိနယ်၊ ဆုပ်နယ်ပေးခြင်း၊ အောက်မှ အပေါ်သို့ခေါက်ကာ လက်ဖနောင့်ထဲ အား ထည့်ကာ ဖိပေးခြင်းများဖြင့် doughသား ညက်ကာ ပြောင်ချောချောအလုံးလေးဖြစ်လာအောင် ၁၀ မိနစ် ခန့် လုပ်ပေးပါ။ (၅ မိနစ်ခန့်ကြာလျှင် dough သားနူးညံ့ကာ ညက်သွားပြီဖြစ်ပေမယ့် နောက်ထပ် ၅ မိနစ်ခန့် ဆက်လုပ်ပေးပါ။) (ဂျုံမှုန့် ထပ်ထည့်ရန် မလိုပါ။)
နူးညံ့ကာ ညက်သွားသော dough ကို ဇလုံထဲထည့်ပြီး glad wrap ဖြင့်ဖုံးကာ အနည်းဆုံး မိနစ် ၃၀ ခန့် နှပ်ထားပါ။ ((၂ နာရီခန့် နှပ်ထားနိုင်လျှင် အရမ်းပါးပါးပြားပြားလေးရအောင် လှိမ့်ပေးရာမှာ ပိုလွယ် ကူစေပါတယ်။)
နှပ်ထားပြီးနောက် ဂျုံမှုန့်အတော်များများဖြူးထားသည့် ပြင်ညီပေါ်တင်ကာ ညီညာသောအပိုင်း ၄ ပိုင်း ပိုင်းထားပါ။
အပိုင်း တစ်ပိုင်းကို 4″x4″ အရွယ်ခန့် ရအောင် ဦးစွာ လက်ဖြင့် ဖိဖြားပေးပါ။ (ကျန်သည့်အပိုင်းများ ခြောက်မသွားအောင် သန့်ပြန့်သော လက်သုတ်ပဝါ ဖြင့် အုပ်ထားပေးပါ။)
ပြီးမှ rolling pin ကို သုံး၍ 3.5″ x 3.5″ အရွယ် ပါးပါးပြားပြား ဖက်ထုပ်ရွက် ၆ ခုစာ ဖြတ်လို့ရမည့် အနေအထားရအောင် လှိမ့်ပေးပါ။ (အရမ်းပြားအောင်မလှိမ့်ခင် မကပ်စေရန် ပြင်ညီပေါ် ဂျုံမှုန့်များများ ဖြူထားပေးပါ။)
မညီသည့်အနားများကို ဖြတ်ထုတ်ရမည်ဖြစ်၍ လိုအပ်သည့် အတိုင်းအတာထက် ပိုရအောင် လှိမ့်ပေးရပါ မည်။
ပြီးလျှင် ပေတံဖြင့်တိုင်းကာ အမှတ်များမှတ်၍ အောက်ပုံပါအတိုင်း ဖက်ထုပ်ရွက် ၆ ခုစာ ဖြတ်ပေးပါ။ (ဖက်ထုပ်ပြုတ်၊ ဖက်ထုပ်ဆီချက်၊ ဖက်ထုပ်ကြော် လုပ်စားရန် ဖက်ထုပ်ရွက်လေး အသင့်ဖြစ်ပါပြီ။)
dough များအားလုံးကို ဖက်ထုပ်ရွက်လုပ်မည်ဆိုပါက ကျန်သည့် အတုံးများကို အထက်ပါနည်းအတိုင်း လုပ်ပေးပါ။ (ဖက်ထုပ်ရွက် စုစုပေါင်း ၂၄ ရွက် ရပါမယ်။)
ဖြတ်ပြီးသည့် ဖက်ထုပ်ရွက် တစ်ရွက် နှင့် တစ်ရွက်ကြား ဂျုံမှုန့် ဖြူးပြီးမှ ထပ်ပေးပါ။
ဖက်ထုပ်ရွက်မလုပ်ပဲ ကြက်ဥခေါက်ဆွဲ လုပ်မည်ဆိုပါက အထက်ပါနည်းအတိုင်း ပါးပါးပြားပြားလှိမ့်ကာ မညီညာသည့် အနားများအား ဖြတ်ထုတ်ပါ။ (ပြုတ်သောအခါ အပျော့၊ အမာ မညီမဖြစ်စေရန် လှိမ့်သည့် အချိန်၌ အထူအပါးညီအောင် လှိမ့်ပေးပါ။)
ပြီးလျှင် လှီးရလွယ်ကူစေရန် အောက်ပုံပါ အတိုင်း တစ်ဝက်ချိုးပြီး ခေါက်ပါ။ (ခေါက်လိုက်လျှင် မကပ် သွားအောင် dough ပြားပေါ် ဂျုံမှုန့် ဖြူးပြီးမှ ခေါက်ပါ။)
ဂျုံမှုန့်ထပ်ဖြူးကာ နောက်တစ်ခါ တစ်ဝက်ချိုးပြီး ခေါက်ပါ။
ပြီးလျှင် 5 mm အကျယ်ခန့် ဖြတ်ပေးပါ။ (တတ်နိုင်သမျှ ညီညာအောင် ဖြတ်ပေးပါ။)
ခေါက်ချိုးထားသည်များကို ညင်ညင်သာသာ ပြန်ဖြန့်ပေးလိုက် လျှင် ခေါက်ဆွဲပြုတ်၊ ဆီချက်ခေါက်ဆွဲ လုပ်စားရန် ကြက်ဥခေါက်ဆွဲလေး အသင့်ဖြစ်ပါပြီ။ (ခေါက်ဆွဲများ ဖြတ်ပြီးလျှင် မကပ်အောင် ဂျုံမှုန့်ဖြူးကာ ခပ်ဖွဖွလုပ်ထားပါ။)
ပြုတ်သောအခါ မကပ်စေရန် ခေါက်ဆွဲများကို ဖွပြီးမှပြုတ်ပါ။ ပြုတ်နေချိန်၌ လည်း တူဖြင့် အနည်းငယ် မွှေပေးပါ။ ပြုတ်ပြီးနောက် ဆီချက်၊ ပဲငံပြာရည်တို့ဖြင့် ချက်ချင်း မနယ်ထားနိုင်လျှင် ရေအေးဖြင့်ဆေးကာ ရေစစ်ထားပါ။ (medium heat ဖြင့် ပြုတ်ချိန် ၇ မိနစ်မှ ၁၀ မိနစ်ကြား ကြာတတ်ပါတယ်။)
ref;Chaw Su's Food Friends
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) ရောဂါမှန်သမျှ အစာမကြေခြင်းက စသည် Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)ဆေးစွမ်းထက်သော သလဲသီး...သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်
- (အနောကျသို့) မ၀လွန်း မပိန်လွန်းစေဖို့ Abortion causes ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေ (+18)Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ (+18)ဆေးစွမ်းထက်သော သလဲသီး...သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်Jennifer Lawrence..ဆရာဝန်နှင့် တွေ့ဆုံချိန်တွင် သိထားသင့်သော အချက် (၇)ချက်