လုပ်ငန်းသုံး iPhone နှင့် iPad ဆော့ဖ်ဝဲများ ထုတ်လုပ်ရန် Apple နှင့် IBM ပူးပေါင်း
Apple နှင့် International Business Machines (IBM) တို့သည် iPhone နှင့် iPad သုံးစွဲသူများ အတွက် လုပ်ငန်းသုံး ဆော့ဖ်ဝဲများကို ပူးပေါင်း၍ ဖန်တီး လုပ်ကိုင်သွား မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် IBM ၏ ဝန်ထမ်းများသည် ၎င်းတို့၏ ဝယ်ယူ သူများထံသို့ Apple ထုတ်ကုန်များကို ရောင်းချနိုင် မည်ဖြစ်သည်။ အဆိုပါ ကုမ္ပဏီနှစ်ခု သည် IBM ၏အချက်အလက် စိစစ်သူများနှင့် cloud ဝန်ဆောင်မှုများဖြင့် တွဲဖက်အသုံး ပြုနိုင်သော app များကို အတူတကွ တိုးတက်အောင် လုပ်ဆောင် သွားမည်ဖြစ်သည်။ Apple အနေဖြင့်လည်း ၎င်း app များအတွက် သုံးစွဲသူများကို ဝန်ဆောင်မှုထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပူးပေါင်းမှုကြောင့် Apple သည်စမတ်ဖုန်းနှင့် tablet ကွန်ပျူတာ သုံးစွဲသူအများအပြား ပါဝင်သော ဈေးကွက်ဝေစုကို ရရှိလာမည်ဖြစ်သည်။ ထို့အပြင် IBM အနေဖြင့်လည်း ပြိုင်ဘက်ဟောင်းဖြင့်ပူးပေါင်း ခြင်းကြောင့် အခြားနည်းပညာ ကုမ္ပဏီများကိုအသာစီး ရယူနိုင်လာမည်ဖြစ်သည်။
-စိုးထက်
Ref: WashingtonPost

Internet Journal အတွဲ (၁၅)၊ အမှတ် (၂၈)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
- (အရှေ့သို့) ကမ္ဘာ့ အနက်မှောင်ဆုံး အရာဝတ္ထု Vantablack ကို သိပ္ပံပညာရှင်များ ဖန်တီး Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးAcer Aspire E1-510P-2671 Laptop Review လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း...ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ရယ်လိုက်တိုင်း သွားဖုံးပေါ်နေပြီလား
- (အနောကျသို့) Cinnamon ကို Ubuntu OS 14.04 တွင် ထည့်သွင်းခြင်း Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုးAcer Aspire E1-510P-2671 Laptop Review လာမယ့် ဧပြီလ (၁၁) ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပမယ့် Past & Present SOE THU LIVE @ Mandalay စာနယ်ဇင်းရှင်းလင်းပွဲ Router ကို Setting ချပြီး WiFi ပြန်လွှင့်နည်း...ဆုပန်ထွာရဲ့ သတို့သား သဇင်နဲ့လည်း ဘာလိုလို ရယ်လိုက်တိုင်း သွားဖုံးပေါ်နေပြီလား