ကမ္ဘာ့ အနက်မှောင်ဆုံး အရာဝတ္ထု Vantablack ကို သိပ္ပံပညာရှင်များ ဖန်တီး
ယူကေရှိ Surrey Nanosystems မှ သိပ္ပံပညာရှင် များသည် အလွန်တရာ နက်မှောင်သည့် အရာဝတ္ထု တစ်မျိုးကို ဖန်တီး ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အရာဝတ္ထုသည် ကိရိယာများ၏ အာရုံခံမှု တိုးတက်လာရန် target- acquisition စနစ်များနှင့် လျှပ်စစ် သံလိုက်လှိုင်းများ ပုံဖော်မှုများတွင် အသုံးပြုရန် အတွက် တိုးတက်အောင် ပြုလုပ်ခဲ့ ကြသည်။ ဥပမာအားဖြင့် ၎င်းအနက်မှောင်ဆုံး အရာဝတ္ထုကို တယ်လီစကုပ်တွင် အသုံးပြု ထားသောကြောင့် အလင်းမှိန်သော ကြယ်များကို မြင်နိုင်သည့် စွမ်းရည်မြင့်တက်လာသည်။ Vantablack ကိုအပူချိန် နိမ့်ပါးသော ကာဗွန်နာနိုကျူ့စ် တိုးတက်စေသည့် လုပ်ငန်းစဉ်ဖြင့် ဖန်တီးခဲ့သည်။
၎င်းကိုဖန်တီးရန် အချိန်နှစ်နှစ်ခန့် တိုးတက်အောင် လုပ်ဆောင်ခဲ့ရပြီး အရာဝတ္ထုပေါ်တွင် အလူမီနီယမ်နှင့် pyroelectric အာရုံခံစနစ်များ ထည့်သွင်းကာ အောင်မြင်စွာစမ်းသပ် နိုင်ခဲ့ကြောင်းသိရသည်။ ထို့အပြင် Vantablack ကို အမြင်အာရုံခံစနစ်များ၊ baffle နှင့် aperture များကဲ့သို့ အရာဝတ္ထုများကို ထည့်သွင်း တည်ဆောက်ရန် အသုံးပြုနိုင်ကြောင်း သိရသည်။
-စိုးထက်
Ref: CNET

Internet Journal အတွဲ (၁၅)၊ အမှတ် (၂၈)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

- (အရှေ့သို့) နိုင်ငံလုံခြုံရေးကို iPhone ခြိမ်းခြောက် နေကြောင်း တရုတ်မီဒီယာ တစ်ခုဆို Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) လုပ်ငန်းသုံး iPhone နှင့် iPad ဆော့ဖ်ဝဲများ ထုတ်လုပ်ရန် Apple နှင့် IBM ပူးပေါင်း Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...