နိုင်ငံလုံခြုံရေးကို iPhone ခြိမ်းခြောက် နေကြောင်း တရုတ်မီဒီယာ တစ်ခုဆို
ပြီးခဲ့သည့် ရက်အနည်းငယ် ခန့်က Apple ၏ iPhone သည် ဖုန်းပိုင်ရှင် နေရာများကို ခြေရာ ခံနိုင်သောကြောင့် အမျိုးသားလုံခြုံရေး အန္တရာယ် ဖြစ်ကြောင်း CCTV က ဖော်ပြခဲ့သည်။
CCTV မီဒီယာက သုံးစွဲသူများ ခြေရာခံနိုင်စေ ရန်နှင့် အချက်အလက်များ ဖော်ပြပေးသည့် iPhone ၏ "Frequent Locations" function ကိုဝေဖန်မှုများ ပြုလုပ်သွားခဲ့သည်။ အဆိုပါ ကိစ္စသည် အလွန်အထိမခံသည့် အချက်အလက်များဖြစ်ကြောင်း အစီအစဉ်တင်ဆက်သူမှ အင်တာဗျူး ပြုလုပ်ခဲ့သည့် သုတေသီတစ်ဦးက ပြောကြားခဲ့သည်။ အကယ်၍ အဆိုပါအချက်အလက် ရရှိခဲ့ပါက တစ်နိုင်ငံလုံး၏ စီးပွားရေး အခြေအနေ ဖော်ထုတ်နိုင်ကာ နိုင်ငံရေး လျို့ဝှက်ချက် များကိုလည်း ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း ၎င်းသုတေသီကပြောဆိုခဲ့သည်။
Apple သည် တရုတ်ပြည်တွင်း မီဒီယာများ၏ ဝေဖန်နေမှုများကို မကြာခဏရင်ဆိုင်နေရပြီး တရုတ် မီဒီယာများက Apple သည် ကုမ္ပဏီအချက်အလက်များကို အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများသို့ ထောက်ပံ့နေကြောင်း စွပ်စွဲထားကာ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ရန် တောင်းဆိုနေသည်။ ထို့အပြင်လည်း Apple သည် တရုတ်နိုင်ငံတွင် ညံ့ဖျင်းသောသုံးစွဲသူ ဝန်ဆောင်မှုကြောင့် ဝေဖန်ခံနေ ရသည်။
-စိုးထက်
Ref: Reuters

Internet Journal အတွဲ (၁၅)၊ အမှတ် (၂၈)
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook