မိသားစုစက်ရုပ် Jibo

တီထွင် သူများက Jibo ကို ကမ္ဘာ့ပထမဆုံး မိသားစု စက်ရုပ်ဟု ခေါ်ဆိုကြပါသည်။ Jibo သည် မိသားစု စက်ရုပ်ဟု ဆိုသော်လည်း ညစာပြင်ဆင် ပေးခြင်း၊ ပရိဘောဂများ သန့်ရှင်းခြင်းနှင့် ကလေး များကို ကျောင်းပို့ခြင်း စသည့် အလုပ်များကို မလုပ် ပေးနိုင်ဘဲ မိသားစု ဓါတ်ပုံများ ရိုက်ပေးခြင်း၊ ချိန်းဆိုထား မှုများကို အသိပေးခြင်းနှင့် Message များ ဖတ်ပြခြင်းများကို ပြုလုပ်ပေးနိုင် ပါသည်။

Jibo သည် နေအိမ်ရှိ မိသားစုဝင်များ၏ မျက်နှာများကို သင်ကြားနိုင်သည့် စွမ်းရည်ရှိပြီး သက်ဆိုင် သူများ၏ Message များနှင့် သတင်း အချက်အလက်များကို ထောက်ပံ့ပေးနိုင် ပါသည်။ ကလေးများကို ပုံပြင်ပြောပြနိုင်ပါသည်။ မိသားစုဝင် တစ်ဦးချင်းစီ၏ လိုအပ်ချက်များကို သိရှိ ပံ့ပိုးပေးနိုင်ပါသည်။

Jibo တွင် Sensor များ တပ်ဆင်ထားပြီး လက်ဖြင့် ကိုင်တွယ်လျှင် သိရှိနိုင်ပါသည်။ ပွေ့ဖက် ကျီစယ်လျှင် LCD မျက်နှာပြင်မှ အသည်းပုံကို ဖော်ပြပေးပါသည်။

“ Jibo ဟာ မိသားစု စက်ရုပ်တွေထဲမှာ အမျိုးအစားသစ် တစ်မျိုးဖြစ်ပြီး သူ့အမျိုးအစားထဲ မှာတော့ သူဟာ ပထမဆုံးပါ။ သူဟာ သတင်းအချက်အလက်တွေ၊ ၀န်ဆောင်မှုတွေကို လူတွေလို ပံ့ပိုးပေးနိုင်ပါတယ်။ “ ဟု MIT Media Lab မှ တီထွင်သူ Cynthia Breazeal က ပြောပါသည်။

Jibo ကို ထုတ်လုပ်ရောင်းချရန် Indiegogo ၀က်ဆိုက်တွင် ရန်ပုံငွေ ဒေါ်လာ တစ်သိန်းကောက်ခံ လျှက် ရှိပါသည်။ ယခုအချိန်တွင် ဒေါ်လာငါးသောင်း ရရှိပြီး ဖြစ်ပါသည်။ Jibo ကို ဒေါ်လာ ၄၉၉ ဖြင့် ၀ယ်ယူနိုင်ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် စတင်ပို့ဆောင်ပေး မည်ဟု မျှော်လင့်ရပါသည်။


ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...