JTest ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ မြန်မာနိုင်ငံတွင် ဖြေဆိုနိုင်မည်
အတွဲ (၁၅)၊ အမှတ် (၂၇) |
အဆိုပါ JTest ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲကို A -D Level နှင့် E-F Level ဟူ၍ Level ၂ မျိုးခွဲကာ ကျင်းပပေးသွားမည် ဖြစ်ပြီး A-D Level တွင် ဂျပန် ဘာသာအရည်အချင်း N3 မှ N1 နှင့် အထက်ရှိသူများ ဝင်ရောက် ဖြေဆိုနိုင်မည် ဖြစ်သည်။ E-F Level တွင် ဂျပန်ဘာသာ အရည်အချင်း N5 နှင့် N4 အဆင့်ရှိသူများ အနေဖြင့် ဝင်ရောက်ဖြေဆို နိုင်သည်။ A-D Level စာမေးပွဲ အမှတ်ပြည့်သည် အမှတ် ၁,၀၀၀ ဖြစ် ၍ အနည်းဆုံး အမှတ် ၄၀၀ ရရှိမှ သာလျှင် Certificate ထုတ်ပေးမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုရာတွင် (Reading, Writing) နှင့် Listening ဟူ၍ အပိုင်း ၂ ပိုင်းနှင့် ဖြေဆိုရမည် ဖြစ်သည်။ E-F Level တွင် အမှတ်ပြည့်သည် အမှတ် ၅၀၀ ဖြစ်၍ အနည်းဆုံးအမှတ် ၂၅၀ ရရှိမှသာလျှင် Certificate ထုတ်ပေးမည် ဖြစ်သည်။ စာမေးပွဲ ဖြေဆိုရာတွင် (Reading, Writing) နှင့် Listening ဟူ၍ အပိုင်း ၂ ပိုင်း နှင့် ဖြေဆို ရမည် ဖြစ်သည်။
စာမေးပွဲ ဖောင်တင်ရန် လိုအပ်ချက်များ အနေဖြင့် ၃ လအ တွင်း ရိုက်ကူးထားသော (4x3 cm) ဓာတ်ပုံ ၂ ပုံ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားမူရင်းနှင့် မိတ္တူ ၁ စုံ၊ စာမေးပွဲကြေးအနေဖြင့် A-D Level ကို ၂၀,၀၀၀ ကျပ်၊ E-F Level အတွက် ၂၀,၀၀၀ ကျပ် တို့ကို ပေးသွင်းရမည် ဖြစ်သည်။ စာမေးပွဲအဖြေများကို စာမေးပွဲ ဖြေဆိုပြီးနောက် ၃ ရက်အကြာ တွင် http://j-test-jp/တွင် ဝင်ရောက် ကြည့်ရှုနိုင်ပြီး စာမေးပွဲ Certificate များကို စာမေးပွဲ ဖြေဆိုပြီးနောက် ၁ လအကြာတွင် ထုတ်ပေးမည် ဖြစ်သည်။
အသေးစိတ် သိရှိလိုပါက VAC Yangon Co.,Ltd အခန်း အမှတ် (၂၀၅)၊ ၂ လွှာ၊ လပြည့်ဝန်းပလာဇာ၊ အမှတ် ၃၇၊ အလံပြဘု ရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၃၈၅၈၈၂ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။
အေးဖြူ-
Internet Journal
-------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)