စင်ကာပူနိုင်ငံရှိ Kaplan Higher Education Academy မှ ဒီပလိုမာ ဘာသာရပ် အသစ်များ ထပ်မံဖွင့်လှစ်မည်
အတွဲ (၁၅)၊ အမှတ် (၂၇) |
ဒီဇင်ဘာလတွင် အသစ်ထပ်မံ ဖွင့်လှစ်မည့် ဘာသာရပ်များ အနေဖြင့် Diploma in Business & Information Management, Diploma in Computer Forensics, Diploma in Events Management, Diploma in Web Technologies ဘာသာရပ် များဖြစ်ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် Diploma in Business & Law နှင့် Diploma in Commerce (Business Economics) ဘာသာရပ်များကို တက်ရောက်နိုင်မည် ဖြစ်သည်။ ဒီပလိုမာ ဘာသာရပ်များကို ၈ လ တက်ရောက်ရမည်ဖြစ်ပြီး Diploma ပြီးပါက Kaplan Partner Universities များမှ ပေးသော ဘွဲ့ဒီဂရီများကို ဆက်လက် ရယူနိုင်မည် ဖြစ်သည်။ UK မှပေး မည့် ဘွဲ့ဒီဂရီများကို ရယူလိုသူများ အနေဖြင့် University of Portsmouth, Northumbria University, Royal Holloway University of London, Birmingham City University တို့မှ ပေးသောဘွဲ့ဒီဂရီ
များကို ရယူနိုင်ပြီး University College Dublin, Ireland မှ စီးပွားရေး ဘာသာရပ်များကိုလည်း တက်ရောက်နိုင်မည်ဖြစ်သည်။ Australia ဘွဲ့ဒီဂရီ အနေဖြင့်လည်း Murdoch University ၏ ဘွဲ့ဒီဂရီ ကို ရယူနိုင် မည် ဖြစ်သည်။
မြန်မာနိုင်ငံမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ကျောင်းသား၊ ကျောင်းသူများလျှောက်ထားနိုင်ပြီး IELTS Band (5.5) ရှိရန် လိုအပ်သည်။ IELTS မရှိသေးပါကလည်း Kaplan ၏ English Placement Test ကို STUDY ABROAD မှတစ်ဆင့် ဖြေဆိုနိုင်မည်ဖြစ်သည်။
တက်ရောက်လိုသူများ အနေဖြင့် STUDY ABROAD Information Centre ဖုန်း - ၀၉၅၁၅၁ ၀၀၈ သို့ ဆက်သွယ် မေးမြန်းနိုင်သည်။