Korea University Sejong Campus

အမေရိကန်၊ သြစတြေးလျ၊ အင်္ဂလန်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဆွီဒင်၊ စပိန် အစရှိသော နိုင်ငံကြီးများမှ တက္ကသိုလ် ၂၃ ခု နှင့် ချိတ်ဆက်ကာ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ Sejong Campus တွင် တာဝန် ထမ်းဆောင်နေသော ပါမောက္ခ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းဦးရေမှာ ၂၄၈ ယောက်ခန့် ရှိသည်။
Korea University Sejong Campus ၌ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူ ဦးရေ ၆,၈၉၇ ယောက်ခန့်နှင့် ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူဦးရေ ၈၈၉ ယောက်ခန့် ပညာသင်ကြားလျက်ရှိသည်။ ဘွဲ့ကြို အတန်း အတွက် ပညာသင်ကာလမှာ လေးနှစ်/ ငါးနှစ်၊ ပါရဂူအတန်းနှင့် ဘွဲ့လွန် အတန်း အတွက် ပညာသင် ကာလမှာ နှစ်နှစ် ဖြစ်သည်။
အလုပ်ရရှိမှု ရာခိုင်နှုန်းမှာ ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်များထဲ၌ အဆင့် ၂ နေရာ၌ ရှိသော တက္ကသိုလ် တစ်ခုဖြစ်သည်။
သင်ကြားနိုင်သော ဘာသာရပ်များ
၂ဝ၁၃ ခုနှစ် စာရင်းအရ Korea University Sejong Campus ၌ သင်ယူနိုင်သော မေဂျာပေါင်း ၂၄ ခု ကျော်ရှိသည်။ Korean Language and Literature, English Language and Literature, German Culture, Sociology, Archaeology and Art History, North Korea Studies, Media Creative Writing, Chinese Studies, Mathematics, Applied Statistics, Bioinformatics, Food & Biotechnology, Display and Semiconductor Physics, Advanced Material Chemistry, Control and Instrumentation Engineering, Computer and Information Science, Electronic and Information Engineering, Environmental Systems Engineering, Economics, Management Information Systems, Business Administrat-ion, Global Sports Studies အစ ရှိသော ဘာသာရပ် များကို သင်ကြားနိုင်သည်။
ပညာသင်ဆု
ထူးချွန် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်နှစ် ၄ နှစ်စာအတွက် Semester တိုင်းရရှိသော GPA အမှတ် အလိုက် ကျောင်းဝင်ကြေး အပါအဝင် အနည်းဆုံး ကျောင်းလခ ၅ဝ ရာခိုင်နှုန်း မှ ၁ဝဝ ရာခိုင်နှုန်း အထိ ခံစားခွင့်ရမည်ဖြစ်သည်။
အဆောင်
KU Sejong Campus တွင် ပညာသင်ကြားမည့် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများသည် အဆောင်တွင် နေထိုင်ခွင့် လျှောက်ထားနိုင်သည်။ မိန်းကလေး အဆောင်နှင့် ယောက်ျားလေး အဆောင် သီးသန့် ခွဲခြားထားသည်။
အဆောင်အတွင်း ဖြည့်ဆည်းပေးသော facilities များသည် Hotel အဆင့်မှီဖြစ်သည်။ အိပ်ခန်းများ၊ နားနေခန်း၊ စာဖတ်ခန်း၊ လုံခြုံရေးဌာန၊ ဧည့်ခန်း၊ နားနေခန်း၊ စတိုးဆိုင်၊ အဝတ်လျှော်မီးပူတိုက်ရန် အခန်း ၊ ဂီတခန်း၊ စန္ဒရား အခန်း၊ ယောဂအခန်း ၊ စသည်တို့ ပါရှိသည်။ အခန်းတိုင်းတွင် Air-Con,Heater များ ထားရှိပေးသည်။
ကျောင်းအကြောင်းစုံစမ်းနိုင်မည့် လိပ်စာ
World Korea Co.,Ltd
(အမှတ် ၁၅/၁၇) ၃-ဘီ၊ MTP Condo ၊ အင်းစိန်လမ်းမ၊ ရန်ကုန်မြို့။
ဖုန်း- ၀၁-၂၃၀၄၃၇၈၊ ၀၉-၂၅၀၁၁၁၃၁၁
Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၆)
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)