လူမည်းခေါင်းဆောင် မာတင်လူသာ ကင်းဂျေအာရ် (Martin Luther King Jr.)



များမကြာမှီ နှစ်များ၌ အမေရိကန်မှ လူမည်းခေါင်းဆောင် ဖြစ်သူ ဒေါက်တာ မာတင်လူသာကင်းသည် ဂန္ဒီ၏ နည်းကို သေချာစွာလေ့လာပြီး လက်တွေ့ အသုံးချခဲ့သည်။ အကြမ်းမဖက်နည်းကို စတင်ကျင့်သုံး သော ဒေါက်တာကင်းကို လူမည်းများစွာတို့က ကျောခိုင်းခဲ့ကြပြီး ”လူမည်းတို့၏ စွမ်းအား” ဆောင်ပုဒ်ကို သာ လိုက်နာခဲ့သည်။ ပုလိပ်များ၏ နံပါတ်တုတ်ဖြင့် အကြိမ်ပေါင်းများစွာ ရိုက်နှက်ခံရသူများ၊ ထောင်မှူး များ၏ ညှင်းပန်းနှိပ်စက်မှုများကို ခံရသော လူမည်းများအဖို့ ဒေါက်တာကင်း၏ အကြမ်းမဖက်နည်းလမ်းကို အဘယ်ကဲ့သို့ လက်ခံနိုင်ပါမည်နည်း။ သို့သော် ဒေါက်တာကင်းသည် သူ၏ အကြမ်းမဖက်နည်းလမ်းကို မြဲမြံစွာ ကိုင်ဆွဲထားခဲ့သည်။

အမေရိကန်ပြည်ထောင်စုတ၀ှမ်း မြို့ ကြီးများ၌ လူမည်းများ ဆန္ဒပြခဲ့စဉ် ဒေါက်တာကင်းသည် တစ်မြို့ ဝင် တမြို့ ထွက် လူမည်းများအား ဒေါသများကို ပြေငြိမ်းရန် လိုက်လံအားပေးခဲ့သည်။ ”အကောင်းကို လိုချင် ရင် အဆိုးအားဖြင့် ဘယ်တော့မှ ရနိုင်မှ မဟုတ်ဘူး” ဟု ရဲရဲတောက် မိန့်ခွန်းခြွေသည်။ ဒေါက်တာကင်း သည် ထိုသဘောတရားများကို တောင်ပေါ်ဒေသနာ နှင့် ဂန္ဒီတို့ထံမှ နားလည်သဘောပေါက်ခြဲ့ခင်း ဖြစ် သည်။ သူ၏မိန့် ခွန်းတိုင်းတွင် ထိုသဘောတရားသည် အမြဲထင်ဟပ်နေကြောင်း တွေ့ ရသည်။

”ကျုပ်တို့ခရစ်ယာန်မှာ ကားတိုင်ဟာ သရဖူထက် ပိုမြင့်မြတ်တယ်။ သရဖူထက် ရှေ့ ကလာရမယ်လို့ ဆိုထားတယ် မဟုတ်လား။ ခရစ်ယာန်တစ်ယောက်ဟာ ကိုယ်ရဲ့ ကားတိုင်ကို ရဲရဲကြီး ထမ်းနိုင်ရမယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ ဘယ်လောက်ပဲ နာကျင်ပါစေ၊ ဘယ်လောက်ပဲတင်းကျပ်ပါစေ ရဲရဲကြီးကို ထမ်းရမယ်။ ကျုပ်တို့ရဲ့ ခန္ဓာမှာ ကားတိုင်ရာဟာ အမာရွတ်ကျန်တဲ့အထိ ထမ်းရမယ်။ ဒါမှလည်း ကောင်း ကျိုး သရဖူကို လှလှကြီး ခံစားရမှာ။ ဒီသရဖူကြီးကို ရရှိဖို့ ကျုပ်တို့ ဆင်းရဲခြင်းတော့ ခံရမယ်”
ဟု ဒေါက်တာကင်းက ဆိုသည်။

ဒေါက်တာကင်း၏ အကြမ်းမဖက်ရေးမူသည် လုံးလုံးလျားလျားကြီး မှန်ခဲ့သည်။ ဘယ်လောက်ပဲ ယထာ ဘူတမကျပါစေ၊ လူသားများ၏ ကိုယ့်ကိုကို ကာကွယ်လိုသောသဘောကို ဆန့်ကျင်နေပါစေ၊ ဒေါက်တာ ကင်းသည် ငြိမ်းချမ်းရေးမူကို မစွန့်လွှတ်ခဲ့။ လူမည်းများက လက်စားချေရန် တိုက်တွန်းဆန္ဒပြုသော်လည်း ဒေါက်တာကင်းက ချစ်ခြင်းမေတ္တာထားရန်သာ တိုက်တွန်းခဲ့သည်။

Alabama ပြည်နယ်ရှိ Salma မြို့ အနီး တံတားတစ်ခုအနီးတွင် ဖြစ်သည်။ နံပါတ်တုတ်များ၊ မီးသတ် ပိုက်များ၊ ဂျာမန် ရဲခွေးများဖြင့် အင်အားအပြည့်အစုံရှိသော နယ်မြေထိမ်းသိမ်းရေးရဲများ ရှေ့ တွင် လူမည်း အခွင့်အရေးတောင်းဆိုသူများသည် စီတန်းကာ မားမားရပ်နေကြသည်။ ထိုအချိန်တွင် ရဲချုပ်ကြီး Jim Clark သည် အမိန့်ပေးလိုက်သည်။ လုံခြုံရေးရဲများ အကာအကွယ်မဲ့၊ လက်နက်မဲ့ လူမည်းများကို ရက်စက် စွာတိုက်ခိုက်ကြသည်။ လူမည်းများ၏ သွေးတို့ဖြင့် လမ်းတို့မှာ စွန်းထင်းသွားသည်။ ထိုအဖြစ်အပျက်ကို ရုပ်မြင်သံကြားမှ မြင်လိုက်ရသော အမေရိကန်ပြည်သူလူထုသည် ရဲများ၏ မတရားအကြမ်းဖက်မှုများကို ရွံရှာစက်ဆုပ်သွားပြီး လူမည်းများတောင်းဆိုသော လူတန်းစား တူညီမှုအခွင့်အရေးကို ပေးရန် တစ်ခဲနက် ဆန္ဒပြုလိုက်သည်။


The Express Times
------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...