ထိုင်းမီဒီယာနှင့် ခရီးသွားလုပ်ငန်းရှင်များ ရွေးချယ်သည့် Miss Myanmar Thailand ဆု သျှားထွဋ်အိန္ဒြာရရှိ
![]() |
Photo- Miss Universe Myanmar Organization |
ယင်းပြိုင်ပွဲကို ဇူလိုင် ၈ ရက်ညက Phuket Orchid Resort ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဆုကို ထိုင်းနိုင်ငံရှိ မီဒီယာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားကုမ္ပဏီများက ရွေးချယ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အခြားတိုင်တယ် ဆုများလည်း ချီးမြှင့်ခဲ့ရာ 1st Runner Up ဆုကို ဆွီတီကို၊ 2nd Runner Up ဆုကို ဇွန်သံစဉ်၊ 3rd Runner Up ဆုကို ယွန်းမှီမှီကျော်နှင့် 4th Runner Up ဆုကို အိမ့်မြတ်နိုးတို့ ရရှိခဲ့ကြသည်။
မယ်စကြဝဠာ(မြန်မာ)၂၀၁၄ ပြိုင်ပွဲဝင်များသည် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေသို့ ပြိုင်ပွဲဝင် အကြိုလေ့ကျင့် သည့် အစီအစဉ် အပါအဝင် လေ့လာရေးခရီးစဉ် အဖြစ် ဇူလိုင် ၄ ရက်က သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၉ ရက်ညတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက် ရှိမည်ဖြစ်သည်။
