Oxford Myanmar Medical College တွင် ဆေးပညာနှင့် ကျန်းမာရေး စောင့်ရှောက်မှု ဘာသာရပ်များ တက်ရောက်နိုင်မည်

အဆိုပါ OMMC သည် အင်္ဂလန်နိုင်ငံရှိ South Essex College နှင့် ချိတ်ဆက်ပြီး ၎င်းကောလိပ်မှ အသိအမှတ်ပြုသော Higher National Diploma ကို ရရှိမည်ဖြစ်သည်။ Health & Social Care ဘာသာရပ်များ ကို တက္ကသိုလ်ဝင် စာမေးပွဲ aအာင်မြင်သူများ တက်ရောက်နိုင်ပြီး အဆိုပါ ဘာသာရပ် များကို Work Related Learning စနစ်ဖြစ်သော HND ပုံစံဖြင့် သင်ကြားပေးမည်ဖြစ်သည်။
"OMMC မှာ ဆယ်တန်း အောင်မြင်ပြီးတာနဲ့ ဆေးပညာနဲ့ ကျန်းမာရေး ဆိုင်ရာ ဘာသာရပ်တွေကို တက်လို့ ရပါတယ်။ စာမေးပွဲရမှတ် ကန့်သတ်ချက်မလိုပါဘူး။ ဒီ HND ပြီးရင် ပုဂ္ဂလိကဆေးရုံတွေမှာ ကျန်းမာရေး အုပ်ချုပ်သူအဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်ပါတယ်။ HND ဘာသာရပ်ကို Foundation အပါ ၂ နှစ်ခွဲ တက်ရောက်ရမှာပါ။ Foundation အပြီး ၂ နှစ်ပဲ ထပ်တက်ရမှာပါ။ ဒီ ၂ နှစ်ခွဲပြီးတာနဲ့ MBBS ကို အင်္ဂလန်နိုင်ငံ မှာရှိတဲ့ Bristol,Cardiff,Southampton, Durhamm,Eastangelia University တွေမှာ တက်ရောက်နိုင်ပါတယ်။ HND ကအင်္ဂလန်နိုင်ငံ south essex ကပေးတဲ့လက်မှတ် ရမှာပါ" ဟု OMMC မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။ ၎င်း HND ကို၂နှစ်ခွဲကြာ စတင် သင်ယူရမည်ဖြစ်ပြီး ဆက်လက် ပညာဆည်းပူး လိုသူများသည် BSc (Hons) Health Care သင်ယူလိုပါက OMMC တွင် ဖွင့်လှစ်မည့် Top-up Degree Programme သို့ တတ်ရောက်နိုင်မည့်အပြင် နိုင်ငံရပ်ခြား တက္ကသိုလ်များတွင်လည်း ဆက်လက် ဆည်းပူးနိုင်မည်ဖြစ်သည်။
HND ၂ နှစ်ခွဲအတွက် ကျောင်းလခမှာ တစ်လလျှင် ၃သိန်းခွဲဖြစ်ပြီး Foundation ၅ လအတွက် သင်တန်းကြေး ၁၇ သိန်းခွဲ ပေးသွင်းရမည်ဖြစ်သည်။ ကျောင်း စတင်အပ်နှံချိန်တွင် ၁၀ သိန်း သွင်းပြီးနောက် ၃လ ကြာမှ ကျန်ရှိသော ၇ သိန်းခွဲကိုပေးသွင်းရမည် ဖြစ်သည်။ တက်ရောက်လိုသူများ အနေဖြင့် OMMC ဖုန်း - ၀၉၃၀၀၇၁၇၀၃၊ ၀၉၂၅၀၅၀ ၉၀၁၆ သို့ ဆက်သွယ် စုံစမ်းနိုင်သည်။
Internet Journal
အတွဲ (၁၅)၊ အမှတ် (၂၆)
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)
ကိုမျိုး (lwanmapyay.blogspot.com)
- (အရှေ့သို့) ဘာသာရပ် ရွေးချယ်မှု များပြားခြင်းကြောင့် မလေးရှားနိုင်ငံသို့ ပညာသွားရောက် သင်ယူမှုနှုန်း များပြား Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) G Pad 10.1 tablet ကို ကမ္ဘာတစ်ဝန်း ရောင်းချမည်ဟု LG ကြေညာ Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...