Voice vs Tone အသံ နဲ့ အသံ

• အင်္ဂလိပ်အသုံးမှာ Voice နဲ့ Tone က တူသလိုလိုနဲ့ မတူကြပါ။ လဲလှယ်သုံးလို့ ရတဲ့နေရာလဲ ရှိပါတယ်။ သတိမထားရင် မှား တတ်တယ်။

• Voice ဆိုတာ အကြောင်းအရာနဲ့ စာဖတ်သူအပေါ်မှာထားတဲ့ စာရေးသူရဲ့ အလေ့အထ အပေါ်မှာ မူတည်တယ်။ တနည်း အားဖြင့် စာရေးသူရဲ့ Mood ဈာန်ကိုဖေါ်ပြနေတယ်။ စာရေးသူဟာ Voice သူ့အသံကို မတူတဲ့ အနိမ့်အမြင့်နဲ့ ရေးသားနိုင်တယ်။ Satirical သရော်သလို၊ Patronizing နှိမ်သလို Humorous ရ်ာသွမ်းသွေးသလို ရေးနိုင်တာကို ဆိုလိုတယ်။ 

• Tone ဆိုတဲ့ အသံမျိုးမှာတော့ သူ့အရေးအသားရဲ့ အနု၊ အကြမ်းကို ရည်ညွှန်းပါတယ်။ သူ့ခံစားမှု၊ သူ့ဓလေ့စရိုက်ကို ဖေါ်ပြနေမယ်။ 

• Voice က စာရေးသူရဲ့ Style စတိုင်ဖြစ်တယ်။ စာရေးသူတွေမှာ မတူကြတာက အဲတာဖြစ်တယ်။ ဒါကိုကြည့်ပြီး စာရေးသူရဲ့ ပင်ကိုယ်သဘောထားကို အကဲဖမ်းနိုင်ကြတယ်။ Voice က စာရေးသူရဲ့ အမှန်ဖြစ်မှု၊ ရိုးသားမှု၊ သြဇာရှိမှုကို အကဲဖြတ်နိုင်စေမယ်။

• သူ့ Tone ကိုကြည့်ပြီး အဲလိုအကဲဖြတ်မရစေပါ။ သူ့ Feelings ခံစားချက်တွေကိုသာ သိရတယ်။ အပြင်း၊ အပျော့ကိုပါသိမယ်။ ဖန်တီးထားမှုလို့ နားလည်ရမယ်။ စာရေးသူရဲ့ ပကတိသဘော မဟုတ်နိုင်ပါ။ 

• Conversations စကားပြောဆိုရာမှာလဲ Voice နဲ့ Tone က အတော်မတူကြပါ။ နှစ်မျိုးလုံးက အနိမ့် အမြင့် ရှိကြတယ်။ Tone ကိုကြည့်ပြီး ပြောနေသူရဲ့ Emotional aspects စိတ်လှုပ်ရှားမှုကိုသိမယ်။ Voice ကိုကြည့်ရင် ပြောနေသူရဲ့ Pitch အသံအနိမ့်အမြင့်ကိုသာ သိရတယ်။

စကားပြောတဲ့အထဲမှာ ကိုးကားရွတ်ဆိုတဲ့ Line စာကြောင်း၊ Poem ကဗျာတွေကိုကြည့်ပြီး ပြောနေသူရဲ့ အာဘော်လို့ ထင်မှတ်မှားတတ်ကြတယ်။ (ဆရာ) တင်မိုး ကဗျာကို ရွတ်ပြတာဟာ (ဆရာ) တင်မိုးကို ရိုးရိုးသာသား ဂုဏ်ပြုချင်လို့လဲ ဖြစ်နိုင်သလို (ဆရာ) တင်မိုးကို လေးစားသလို လေးစားတာ ခံချင်နေသူ လဲ ဖြစ်နိုင်တယ်။

ဘာသာပြန်စာတွေကိုကြ ဘာသာပြန်ဆရာကို အဲလိုအကဲဖြတ်မရပါ။ ပင်ရင်းစာရေးသူကိုသာ အကဲဖြတ်နိုင်တယ်။ ‘ကမ္ဘာပြားပြီ’ ဘာသာပြန်စာအုပ်ကို ဖတ်တာကနေ သူ့ဘာသာ စကားနှစ်မျိုး ကျွမ်းကျင်မှုကိုသာ အကဲဖြတ်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၁-၇-၂ဝ၁၄
--------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...