သုတေသနနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များအတွက် ပညာသင်ဆုလျှောက်နိုင်
![]() |
www.fulbrightthai.org |
အမေရိကန်နိုင်ငံရှိ တက္က သိုလ်တွင် သုံးလမှ လေးလအထိ သွားရောက်ပညာသင်ယူရမည့် အစီအစဉ် အတွက် တက္ကသိုလ် ဆရာ၊ ဆရာမများ၊ အစိုးရ၀န် ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွင် အလုပ်လုပ် ကိုင်နေသူများ လျှောက်ထားနိုင် မည် ဖြစ်သည်။
ပညာသင်ဆု အစီအစဉ် အတွက် ပညာရေး၊ အင်ဂျင်နီ ယာ၊ သဘာဝပတ်ဝန်းကျင်သိပ္ပံ၊ အစားအသောက် နည်းပညာ၊ ပထ၀ီဝင်၊ ဘူမိဗေဒ၊ သတင်းအ ချက်အလက်သိပ္ပံ၊ သတင်းအ တတ်ပညာ၊ ဥပဒေ၊ လူမှုသိပ္ပံ၊ သတင်းအချက်အလက် စီမံခန့် ခွဲမှု စနစ်၊ ပြတိုက်ပညာ၊ နိုင်ငံ ရေးသိပ္ပံ၊ ပြည်သူ့စီမံအုပ်ချုပ်မှု၊ ပြည်သူ့ ကျန်းမာရေး၊ ဘာသာ ရေး လေ့လာမှု၊ လူမှုရေးပညာ၊ လူမှုစီးပွားရေး၊ စာရင်းအင်း ပညာ၊ ဘာသာ စကားနှင့် အခြား ဘာသာရပ်များ လေ့လာဆည်းပူး ခွင့်ရရှိမည် ဖြစ်သည်။
၎င်းအစီအစဉ် လျှောက် ထားမည့်သူများအနေဖြင့် ကျန်း မာရေးကောင်းမွန်၍ အသက် (၅၅) နှစ်ထက် မကြီးသူ ဖြစ်ရန် ဒီဂရီဘွဲ့နှင့်အထက် ရရှိထားပြီး အနည်းဆုံး TOEFL 550 မှတ် နှင့်ညီမျှသော အင်္ဂလိပ် ဘာသာ စကားကျွမ်းကျင်မှု ရှိထားရမည် ဖြစ်သည်။
အမေရိကန်-အာဆီယံ ပညာသင်ဆု အစီအစဉ်အပါအ ၀င် အမေရိကန်နိုင်ငံ၏ ပညာ သင်ဆုအခွင့် အလမ်းများကို www.burma.usembassy.gov တွင် အသေးစိတ်ဝင်ရောက်ကြည့် ရှုလေ့လာလျှောက် ထားနိုင်မည် ဖြစ်သည်။
7Day Daily
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook