မလိုအပ်ပဲ ၂ ခါ မကုန်သင့်သော Camera Gear များ...

မလိုအပ်ပဲ ဘာတွေ ၂ ခါ ကုန်ရမှာလဲ...?

ငွေကြေးကန့်သတ်ချက်ကြောင့်မဟုတ်ပဲ နှမြောပြီး လျော့ဝယ်လိုက်ရင် ၂ ခါ ကုန်ပါလိမ့်မယ်...။ ဒီနေရာမှာ Camera နဲ့ Lens တွေအကြောင်း ခဏမေ့ထားပြီး တစ်ခြား Gear တွေအကြောင်း ပြောကြရအောင်ပါ..။

1. Tripod

ဝယ်ကတည်းက တစ်ခါထဲ Solid ဖြစ်မယ့် တောင့်မယ့် ဟာကိုဝယ်စေချင်ပါတယ်..။ တရုတ်ဖြစ်မှ Manfrotto မှ မဟုတ်ပါဘူး..။ ကိုယ်ရိုက်မယ့် Photography နဲ့ ကိုက်ဖို့ အဓိက အရေးကြီးပါတယ်...။ ကိုယ်က ခရီးခဏခဏထွက်ပြီး ကြမ်းကြမ်းတမ်းတမ်း ရိုက်ရမယ့် အနေအထားဆိုရင်..။ ပေါ့ပါးရမယ်..။ အကြမ်းခံရမယ် ဒါမျိုးကို ဦးစားပေးရပါမယ်..။

ဒီနေရာမှာ ပေါ့ရင်ပြီးရောလည်း စွတ်ဝယ်လို့မရပါဘူး..။ ကျွန်တော် စဝယ်တုန်းက ပေါ့လည်းပေါ့ တယ်..။ သေးလို့ သယ်ရတာလည်း လွယ်တယ်..။ ဈေးလည်း သက်သာတဲ့ Tripod လေး တစ်ချောင်း ဝယ်ဖူးပါတယ်...။ တကယ်တမ်း နင်လား ငါလားရိုက်တဲ့ အခါမှာ ဘယ်လိုမှ ရိုက်လို့မရတော့ပါဘူး.. ဥပမာ လူတွေ ဖြတ်သွား ဖြတ်လာရှိတဲ့ တံတားလို ဟာမျိုးပေါ်ကနေ Long Exposure ရိုက်တဲ့အခါ မျိုးမှာ ဂွကျ ပါပြီ...။ Tripod က လုံးဝကို မငြိမ်တော့ပါဘူး..။ လှုပ်မှာစိုးလို့ Tripod နဲ့ ရိုက်ပါတယ်ဆိုမှ...။ Tripod က ဘယ်လိုမှ မငြိမ်တော့ ပွဲသိမ်းသွားပါတယ်..။နောက်တစ်ခါ Tripod က လေပြင်းပြင်းတိုက်တာနဲ့ Steady မဖြစ်ပဲ လှုပ်ပါတော့တယ်...။ အဆိုးဆုံးတစ်ခုက ဘယ်ပြင်ပ ပယောဂမှ မပါသည့်တိုင် Shutter အဖွင့် အပိတ် မှာတင် Tripod က Camera ရဲ့ Shutter Speed အဖွင့်အပိတ်ဒဏ်ကို မခံနိုင်ပဲလှုပ်ပါတော့ တယ်..။ အဲ့ဒီ့အခါမှာတော့ မဖြစ်မနေ ကျွန်တော် Tripod အသစ် ဝယ်ရပါတော့တယ်...။

ဒုတိယ ဝယ်ဖြစ်တဲ့ Tripod က ပထမဟာလောက် မဆိုးတော့ပါဘူး..။ တော်တော်လေး အလုပ်ဖြစ်လာ ပါတယ်..။ ဒါပေမယ့် ဘယ်မှာ ပြသနာ စတက်လဲဆိုတော့...။ ကျွန်တော်လည်း အချိန်တွေကြာလာလို့ Lens ကောင်းကောင်းလေးတွေ တော်တော်လေး စုမိ လာလို့ Tripod ပေါ်တင်ပြီးရိုက်တဲ့အခါမှာ Tripod က Camera နဲ့ Lens ရဲ့ Weight ကို တောင့်မခံနိုင်တော့ပါဘူး..။ အတည့်ရိုက်ရင် မသိသာပေမယ့် မဖြစ်မနေ Camera ကို အောက်ကို ငိုက်ပြီး ရိုက်ရတဲ့အခါမှာတော့ ဘယ်လိုမှ ချိန်လို့မရတော့ပဲ Camera က အောက်ကို ငိုက်စိုက်ပြီးတော့ပဲ ကြပါတော့တယ်..။ ဒါကြောင့် Tripod ဝယ်မယ်ဆိုရင် ကိုယ့်မှာ ရှိနေတဲ့ Lens တွေရဲ့ Weight ကိုလည်း ထည့်တွက် ဖို့ လိုသွားပါတယ်..။

ကိုယ်က Macro လို... Close Up တွေလို... Table Top တွေလို ဟာမျိုးရိုက်မယ်ဆိုရင်...။ Flexible ဖြစ် တဲ့..။ လိုသလို Tripod Head Angle ကို ချိုးနိုင်တဲ့ဟာမျိုးကို ဦးစားပေးရပါမယ်...။ ကျွန်တော် အပေါ် မှာ ပြောခဲ့တဲ့ ကျွန်တော့် Tripod နှစ်ခုစလုံး လိုသလို ဘယ်လိုမှ ချိုးလို့မရပါဘူး..။ အောက်က သုံးချောင်းထောက်ကိုလည်း ဖြဲချင်တိုင်း ဖြဲလို့မရပါဘူး..။ Low Angle ရိုက်ချင်တဲ့အခါ တော်တော် ပြသနာ တက်ပါတယ်...။ Macro လိုဟာမျိုး ပရွက်ဆိတ်တွင်းရှေ့မှာ တစ်ခုတည်းချိန်ထားဖို့ အခါမျိုးမှာလည်း Tripod က ခါးချိုးလို့ မရတော့ပါဘူး...။ ဒါမျိုးတွေ ကြုံရပါလိ့မယ်..။

ဒါနဲ့ပဲ ကျွန်တော် နောက်ဆုံးမှာတော့ အခုသုံးဖြစ်တဲ့ Tripod ကို ဘုရားတပြီး ဝယ်လိုက်မှပဲ အားလုံး အဆင်ပြေသွားပါတယ်..။ ကျွန်တော် ဆိုလိုတာက ကျွန်တော့်လို Tripod မျိုးလိုက်ဝယ်ဖို့မဟုတ်ပါဘူး..။ ကိုယ် ဘာကိုရိုက်မှာလဲ ကိုယ်နဲ့ သင့်တော်တာ ဘာလဲဆိုတာကို ချိန် တတ်ဖို့ ပြောတာပါ...။ ကျွန်တော့် ဆရာ ဆရာဖေမြင့်ဦးပြောသလို ပြောရရင်တော့ Photography Gear တွေထဲမှာ ဈေးကြီးတဲ့ဟာက တစ်ကယ်ကောင်းပါတယ်..။ :D2. Camera Bag

ခဏခဏ ဝယ်ရလို့ ခဏခဏ ကုန်တဲ့အထဲမှာ ဒီကောင်ကလည်း နာမည်ကြီးပါတယ်...။ စဝယ်ဝယ်ချင်း တုန်းက Camera လေးရဲ့ တပ်လျှက် Lens လေးတစ်လုံးရယ်ဆိုတော့ ဒါလေးဆန့် ဖို့ပဲ တော်တော် များများက ဦးစားပေးပြီး ဝယ်ကြပါတယ်...။ အေးဆေးပါ..။ ပြသနာ မရှိပါဘူး...။ အာရကေလေး လည်းရွှင် ရောဂါလေးက လည်း အရှိန်ရလာလို့ နောက်ထပ် Lens လေး တစ်လုံးစဝယ်လိုက် ချိန် မှာတော့ ပြသနာက စပါတယ်...။ အရင် ဝယ်ထားတဲ့ အိတ်က Lens နဲ့ Camera တပ်လျှက် တစ်ခုပဲ ဆန့်ပါတယ်..။ နောက်ထပ် Lens တစ်လုံး မဆန့်တော့ပါဘူး..။ အဲ့ဒီ့မှာ ဘာလုပ်ရမှန်း မသိတော့ပါဘူး..။ ဒါနဲ့ ရင်နာနာနဲ့ ၂ လုံးဆန့်တာ ထပ်ဝယ်..။ အဟောင်းလေးကို အောက်ဈေးနဲ့ရောင်း..။ မကြာပါဘူး Lens က သုံးလုံးဖြစ်လာ...။ ထပ်ရောင်း ထပ်ရှုံး...။ ပြသနာကတော့ အဲ့ဒါပါပဲ...။

အထူးသဖြင့် ကျွန်တော့်လို သွားလေရာ Laptop လေးပါ သယ်သွားချင်တယ်ဆိုရင်တော့ ပွဲက သိမ်းပါပြီ...။ ဒီတော့ ကျွန်တော်အကြံပေးချင်တာက ချက်ခြင်းကြီး မဝယ်ပါနဲ့...။ ဒါမှမဟုတ် ဝယ်မယ်ဆိုရင်လည်း တစ်ခါထဲ ကိုယ်နဲ့အဆင်ပြေမယ့် အိတ်ကိုရွေးဝယ်ပါ..။ ကျွန်တော် အခုချိန်ထိ အိတ် ၂ လုံးပဲဝယ်ဖူး ပါတယ်..။ ဒုတိယအိတ်ဝယ်တာ စောစောကလို ပြသနာတွေ တက်လို့ လဲ မဟုတ်ပါဘူး...။ ကျွန်တော့် Lens တွေ တအားများလာတဲ့အတွက်ကြောင့် ဝယ်လိုက်ရတာပါ..။ ကျွန်တော် စဝယ်တော့ ကျွန်တော့် မှာ စောစောကပြောသလို Lens လေးတစ်လုံးရယ် Camera ရယ်ပဲရှိပါတယ်..။ ဒါပေမယ့် အခု ကျွန်တော်ရေးသလိုပဲ နိုင်ငံခြားက အတွေ့အကြုံရှိတဲ့သူတွေရဲ့ Lecture ကို ဖတ်မိပြီး တစ်ခါထဲ များများ ဆန့်မယ့် အိတ်ကို ဝယ်လိုက်တာ ကျွန်တော် ၃ နှစ်ကျော် လောက် ဘာပြသနာမှ မရှိပဲ ဖွတ်ဖွတ် ညက်ညက်ကျေအောင် သုံးလိုက်ရပါတယ်..။

Camera Bag ဝယ်ရာမှာ အဓိက စဉ်းစားရမှာကတော့ ကျောပိုးအိတ်လို ဟာမျိုးဝယ်မှာလား..။ ဘေး လွယ်အိတ် ဝယ်မှာ လား..။ ရေစိုခံသလား..။ ဘယ်လောက်အထိ အလေးချိန် ခံနိုင်သလဲ...။ ဘယ်လောက် ဆန့်သလဲ...။ Laptop ဆန့်သလား ..။ လေယာဉ်ခဏခဏ စီးနေရတဲ့သူဆိုရင် လေယာဉ်ရဲ့ ခွင့်ပြုတဲ့ အလေးချိန်က ဘယ်လောက်လဲ...။ ကိုယ့်အိတ်ရဲ့ အများဆုံး လေးချိန်ကဘယ်လောက်လဲ...။ အဲ့လောက် ထိ စဉ်းစားဖို့လိုပါတယ်..။ သို့မဟုတ်ရင်တော့ စောစောက ကျွန်တော်ပြောသလိုပဲ ၀ယ်လိုက်ရှုံး လိုက် ဖြစ်ပါလိမ့်မယ်...။

အရေးအကြီးဆုံးအချက်က Weather Proof ဖြစ်ဖို့ပါ..။ ဖြစ်နိုင်ရင် Rain Cover ပါတဲ့ AW version တွေကို တိုက်တွန်းပါတယ်..။

3. Filters

ဆိုင်ရောက်တယ်..။ ကင်မရာကလည်း ၀ယ်ရတယ်..။ Lens ကလည်း ၀ယ်ရတယ်..။ အိတ်...။ Tripod တွေ ကလည်း ၀ယ်ရတယ်..။ နောက်ဆုံး ဆိုင်ရှင်က မေးတယ်...။ Filter ယူဦးမလား...?

"အေးဗျာ..။ ဈေးအသက်သာဆုံးဟာ ပေးပါ..."

အဲ့ဒီ့မှာ စတွေ့တာပါပဲ...။ လူက ကုန်တာတွေများလို့ ဘူနေတဲ့အချိန်မှာ ဆိုင်က အလိုက်မသိ ထပ်ရောင်း...။ ကိုယ်ကလည်း ကြားဖူးထားတာက Filter မပါရင် ဘာဖြစ် ညာဖြစ်ဆိုတော့ ၀ယ်ချ လိုက်ရော ဈေးပေါပေါနဲ့....။

Filter ကြီးတပ်ပြီးရိုက်တော့မှ...။ ပုံတွေက ကြည်သင့်သလောက် မကြည်...။ ဒေါင့်လေးဒေါင့်မှာ အမဲတွေ ကပေါ်...။ အရောင်တွေက မညီ...။ ဘာတွေ ဖြစ်ကုန်မှန်းကို မသိတော့ပါဘူး..။ ကြေကွဲပေါ့...။ Lens ကြောင့်ပဲ ဖြစ်သလိုလို Camera က ပဲ ဖောက်သလိုလို...။ ဘာမှ မဟုတ်ပါဘူး Filter ကြောင့်ပါ...။

ဓာတ်ပုံသမားတွေကြားမှာ Filter တပ်မှ ကောင်းတယ်ဆိုတဲ့သူတွေနဲ့ Filter မတပ်မှ ကောင်းတယ် ဆိုတဲ့သူတွေရယ်ဆိုပြီး နှစ်ဖွဲ့ ရှိပါတယ်။ ဒါဗဟုသုတပါ...။ ရှင်းပါတယ်..။ တပ်တိုင်းလည်း မကောင်း သလို.. မတပ်တိုင်းလည်း မကောင်းပါဘူး..။

Filter အများကြီးတပ်ခြင်းဟာ Lens quality ကို ကျစေပါတယ်...။ Filter မတပ်ပဲ သုံးတာက Lens ရဲ့ Coating နဲ့ မတော်တဆ ထိခိုက်မှုကိုများစေပါတယ်..။ အဲ့ဒီ့တော့ ဘာလုပ်ရမလဲ...။ Filter တပ်ပါ...။ ဒါပေမယ့် Quality ကောင်းတဲ့ Multi Coated (MC) ဖြစ်တဲ့ Filter တပ်ပါ...။ UV ပဲ ဖြစ်ဖြစ် ND ပဲဖြစ်ဖြစ် Screw In Filter ၀ယ်ပြီဆိုရင် MC ဖြစ်တဲ့ဟာကို ၀ယ်ဖို့ မမေ့ပါနဲ့...။ ဒီလိုမှ မဟုတ်ရင်တော့ အကုန်ကြီး ကုန်မယ့် အထဲမှာ ဒီကောင်ကလည်း ပါးပါးလေးနဲ့ များများ လှီးမှာ ဖြစ်ကြောင်း...။P.S- ကျွန်တော်အခု သုံးနေတဲ့ Gear အချို့ကို ဖော်ပြလိုက်ပါတယ်..။ ကြွားတာမဟုတ်ပါဘူး..။ ယှဉ်ကြည့်လို့...။ သုံးသပ်လို့ရအောင်ပါ..။

Tripod - Manfrotto ProB X
Camera Bag - Lowepro Vertex 200 AW
Filter: Kenko MC









လေးစားစွာဖြင့်

Black Dream
http://www.aperture21.com

P.S - Dedicated To Sayar Pe Myin Oo
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...