ဘီပိုး ကာကွယ်ဆေး ထိုးနည်း

1. B ပိုး ကာကွယ်ဆေး ထိုးပြီးရင် Duration of protection ဘယ်လောက်ရှိလဲ သိချင်ပါတယ် ခင်ဗျာ။
2. ဘီပိုးကာကွယ်ဆေး ၄ လုံးထိုးပြီးရင် ရောဂါမကူးဖို့ ကာကွယ်နိုင်ပြီလား သိချင်လို့ ပါဆရာ။ ထိုးဖို့ ၁ လုံး ကျန်နေသေးတယ်။ ကာကွယ်ဆေး ၅ လုံးပြည့်အောင် မထိုးရသေးပဲနဲ့ ရောဂါပိုးရှိသူနဲ့ French kiss လုပ်မိရင် ရောဂါ ကူးနိုင်ပါသလား သိချင်ပါတယ်။ တကယ်လို့ ရောဂါကူးတယ်ဆိုရင် ကိုယ့်မှာ ရှိမရှိဘယ်လို ပြန်စစ်ရ မလဲ။ ဘယ်လို ကုရမလဲ ဆိုတာလဲ သိချင်ပါတယ်။
3. ကျွန်တော် လွန်ခဲ့သော ၁ဝ နှစ်က အသည်းရောင်း အသားဝါ B ကာကွယ်ဆေး ထိုးခဲ့ပါတယ်။ ပထမ နှစ်မှာ ၃ ကြိမ် ထိုးခဲ့ပါတယ်။ အဲဒီထိုးတဲ့ ဆေးခန်းက ၅နှစ် ကာကွယ်ပေးတယ်လို့ ပြောပါတယ်။ အဲဒါကြောင့် အဲဒီဆေးခန်းမှာဘဲ လွန်ခဲ့သော ၅ နှစ်က ၁ လုံး ထပ်ထိုးခဲ့ပါတယ်။ ကျွန်တော်အားလုံးပေါင်း ၄ လုံးထိုးပြီးပါပြီ အဲဒါထပ်ထိုးစရာ လိုမလို သိချင်ပါတယ်။ တချို့က ၄လုံးထိုးပြီးလျှင် မလိုတော့ဘူးပြောလို့ပါ။ တချို့ ကတော့ ၃ လုံးထိုးပြီးနောက် ထိုးတဲ့ အလုံးက ၅ နှစ်ဘဲ ကာကွယ်ပေး တယ်ပြောလို့ပါ။ နောက်လ ဆိုလျှင် နောက်ဆုံး ၄လုံးမြောက် ထိုးတဲ့ရက် က ၅နှစ် ပြည့်ပါပြီ။ ထပ်လိုမလို ဖြေကြားပေးပါ။

ဘယ်လိုလူတွေကို အသဲရောင် (ဘီ) ကာကွယ်ဆေး ထိုးပေးသင့်သလဲ ယေဘုယျ လမ်းညွှန်ချက်
• မွေးစကလေးတိုင်းနဲ့ အသက် ၁၈ နှစ်ကလေးမှန်သမျှ၊
• ကျန်းမာရေးဝန်ထမ်းတွေ၊
• မျိုးပွါးဆိုင်ရာဖြစ်နိုင်သူများ အရွယ်ရောက်သူတွေနဲ့ လူရွယ်တွေ၊
• ကျား-ကျား အတူနေသူတွေ၊
• တအိမ်ထဲမှာ (ဘီ) ပိုးရှိနေတဲ့ မိသားစုဝင်တွေနဲ့ အတူနေသူတွေ၊
• သူများကလေးကို မွေးစားသူတွေ၊
• အာရှ၊ တောင်အမေရိက၊ အာဖရိကနဲ့ ပစိဖိတ်ကျွန်တွေကို ခရီးသွားမဲ့ တခြားတိုင်းပြည်ကလူတွေ၊
• ကျောက်ကပ်မကောင်းလို့ ကျောက်ကပ်စစ်နေရသူတွေ၊
• ပြုပြင်ရေးစခန်းတွေမှာ အလုပ်လုပ်နေကြရသူတွေ၊
• ဆီးချိုရောဂါရှိသူတွေ။

Engerix B (Hepatitis B Vaccine) ဘီိပိုး-ကာကွယ်ဆေးကို နည်းလမ်း ၃ မျိုးနဲ့ ထိုးနိုင်တယ်။
(၁) ပဌမ ၁ လုံး၊ နောက် ၁ လ အကြာ ဒုတိယ ၁ လုံး၊ နောက် ၅ လ (ပဌမ ဆေးထိုးပြီးနောက် ၆ လ) အကြာ တတိယ ၁ လုံး။ ဒီနည်းသုံးရင် ဆေးစထိုးပြီးနောက် ၇ လနေရင် ဘီပိုးကို ကာကွယ်နိုင်သွားပြီ ဖြစ်တယ်။ ဝ - ၁ - ၆ လ ထိုးနည်းလို့ ခေါ်တယ်။
(၂) ဆေး ၃ လုံးကို တလစီခြား ထိုးနိုင်တယ်။ ဒီနည်းက မြန်မြန်တော့ ကာကွယ်နိုင်ပေမဲ့ ၁၂ လ အကြာမှာ စတုတ္ထ ၁ လုံး ထပ်ထိုးရမယ်။ ဝ -၂ -၁၂ လ နည်းလို့ခေါ်တယ်။
(၃) အရေးတကြီး ဘီပိုးများတဲ့ ဒေသတွေကို ခရီးထွက်ရမယ်ဆိုရင် ဝ - ၇ -၂၁ ရက် နည်းသုံးနိုင်တယ်။ နောက် ၁၂ လ အကြာမှာ စတုတ္ထ ၁ လုံး ထပ်ထိုးရမယ်။

ကိုယ်သုံးတဲ့ကာကွယ်ဆေးရဲ့ ဆေးညွှန်းကို အတိအကျလိုက်နာရပါမယ်။ မတူတာလေးတွေရှိတယ်။ ဆေးထိုးပြီးလို့ တခုခု (ဖျားတာ) ဖြစ်ရင် ဆရာဝန်ကနေ ဆေးထိုးဇယား ပြင်ပေးလိမ့်မယ်။ အသက်၊ ကျန်းမာရေးအေခြအနေ နဲ့ အန္တရာယ်အပေါ် မူတည်တယ်။

IM အသားဆေးဖြစ်တယ်။ ဆေးကို အသေအခြာလှုပ်ပြီးမှထိုးပါ။ မျက်စိနဲ့ အသေအခြာ ကြည့်ပါ။ နဲနဲနောက်လာမယ်။ တခြားဆေးတွေနဲ့ ဆေးထိုးပိုက် တခုထဲမှာ ရောမထိုးပါနဲ့။ ဆေး အသက် ၁၂ နှစ်ကနေအထက် 20 micrograms (1 ml) IM ထိုးပါ။ မွေးစကလေးနဲ့ ၁၂ နှစ်အောက် ကလေးတွေ 10 micrograms (0.5 ml) IM ထိုးပါ။ ပခုံးနေရာမှာ မထိုးပါနဲ့။ ကလေးငယ်လေးတွေဆိုရင် ပေါင်ရှေ့-ဘေး နေရာမှာ ထိုးနိုင်တယ်။

HBsAg ဘီပိုး ရှိတဲ့ မအေကနေ မွေးတဲ့ကလေးကို ဘီ ကာကွယ်ဆေးနဲ့အတူ Hepatitis B immunoglobulin ဆေးကိုပါ မွေးပြီး ၁၂ နာရီအတွင်းမှာ တပြိုင်ထဲ နေရာခွဲထိုးပါ။ တကယ်လို့ ဘီပိုးဝင်တာ ခံရလောက်တယ်လို့ ယူဆရင်လဲ ကာကွယ်ဆေးနဲ့အတူ Hepatitis B immune globulin (HBIG) ကိုပါ တခါတည်း ထိုးပေးမယ်။ ဒီဆေးက Antibodies ဖြစ်တယ်။ အကြာကြီး မခံဘူး။ ဒီဆေးအကြောင်း သပ်သပ်ရေးထားပါတယ်။

• ဆေးထုတ်လုပ်တဲ့ကုမ္ပဏီ မတူလဲ ကာကွယ်မှုပေးပါမယ်။
• ဆေးထိုးထာပြီးနောက် ဘယ်တော့အထိ ကာကွယ်နိုင်သလဲဆိုတာ အတိအကျမပြောနိုင်သေးပါ။ တချို့က ၅ နှစ်နေရင် Booster dose ထပ်ထိုးဘို့ သတ်မှတ်တယ်။ ၃ လုံးပြည့်သူတွေမှာ ၁ဝဝ% ကာကွယ်နိုင်တယ်လို့လဲ ယူဆတယ်။ ထပ်ထိုးစရာ မလိုတော့ဘူးလို့ ယူဆတာလဲရှိတယ်။
• ဆေးပေါ်စကတည်းက ယူဆချက်ဖြစ်တဲ့ ဆေး ၃ လုံးအပြည့်ထိုးထားရင် ၅-၇ နှစ်အထိ ကာကွယ်မယ် ဆိုတာကိုလဲ မစွန့်လွှတ်သေးပါ။ အခုထိသိရတာက ၂၅ နှစ်တာကာကွယ်နိုင်တယ်လို့ ဖြစ်ပါတယ်။
• ယူကေနိုင်ငံမှာ စဉ်တိုက်ဆက်တိုက်ကာကွယ်မှု လိုအပ်သူတွေ ဥပမာ ကျန်းမာရေးဝန်ထမ်းတွေကို ၅ နှစ်နေရင် ကာကွယ်ဆေး ၁ လုံး ထပ်ထိုးစေတယ်။ 


ဒေါက်တာတင့်ဆွေ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...