မိဘများ ရှောင်ရှားသင့်တဲ့ စကားလုံးများ

ကလေးများကို ပြုစုပျိုးထောင်တဲ့ နေရာမှာ အပြုသဘော မဆောင်တဲ့ စကား၊ ကလေးရဲ့ အတွင်းစိတ်ကို ထိခိုက် စေတဲ့ စကားများဟာ မပြောဆို သင့်သော စကား (သို့) ပြောဆိုရန် ရှောင်ရှား သင့်တဲ့ စကားတွေ ဖြစ်ပါတယ်။ အဲဒီစကားလုံများကို မသိလို့ပဲ ဖြစ်ဖြစ်၊ သိရက်နဲ့ အမူမဲ့ အမှတ်မဲ့ ပြောဆို မိတာပဲ ဖြစ်ဖြစ် ဆင်ခြင် ရှောင်ရှားနိုင် အောင် ကောက်နူတ် ဘာသာပြန် တင်ပြ လိုက်ရပါတယ်။

၁။ စာကြိုးစားတယ်ဆိုတာ အပင်ပမ်းခံရတယ်။ ဆင်းရဲဒုက္ခ များများခံရမယ်။

ကလေးများကို စာကျက်ဖို့၊ စာကြိုးစားဖို့ တိုက်တွန်းတဲ့ အခါမှာ ကျွန်တော်တို့ဟာ ယခု အနာခံမှ နောင် အသာစံမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ဆိုဆုံးမလေ့ ရှိတယ်။ ဘယ်လိုဘယ်လို ဒုက္ခခံသင့်တယ် ဆိုတာကို ဥပမာ တွေနဲ့ သားသမီးတွေကို ရှင်းပြတတ် ကြပါတယ်။ ဒါပေမဲ့ လူရဲ့ ပင်ကိုယ် သဘာဝအရ ပျော်စရာ ကောင်းတဲ့ အရာနောက်ကို ကောက်ကောက် ပါအောင် လိုက်စားတတ်ပြီး ဒုက္ခမှန်သမျှကို အတွင်းစိတ် ထဲမှ စပြီးတော့မှ တွန်းဖယ်ငြင်းဆို တတ်ပါတယ်။ တကယ်လို့ ပညာသင်ယူခြင်းကို ဒုက္ခရောက်တယ်လို့ ကလေးကတွဲပြီး ယူဆသွားရင် ပညာသင်ယူဖို့ အလိုအလျောက် ငြင်းဆိုတတ်ပါတယ်။ တကယ်တော့ ကလေးတွေဟာ အာသာတဲ့ဘာသာရပ်မှာ ပျော်ရွှင်မူကို ရှာဖွေတွေ့ရှိတတ် ပါတယ်။ အချို့က သင်င်္ချာ တွက်နေရရင် ပျော်တတ်သလို၊ အချို့က သမိုင်းကို ပိုမိုနှစ်သက်တတ်ပါတယ်။ အဲဒီနှစ်သက်တဲ့ ဘာသာ ရပ်မှာ ပျော်ရွှင်တဲ့ စိတ်ကလေးကို အခြားဘာသာရပ် အားလုံးဆီကို ကူးပြောင်းပေးနိုင်ဖို့ မိဘများ ကြိုးစားပြီး နည်းလမ်း ရှာသင့်ပါတယ်။

၂။ မင်းဟာ အဖေအမေတို့ရဲ့ မျော်လင့်ချက်ပဲ၊ မင်းကိုပဲ အားကိုးရမှာ…

ကလေးများ အမှားလုပ်မိရင်၊ မကောင်းခဲ့ရင် မိဘများ မျော်လင့်ချက် ကင်းမဲ့သွားပြီ ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်စေပါတယ်။ ကလေးများရဲ့ နုနယ်နေတဲ့ စိတ်ကလေးတွေကို မလိုအပ်ပဲတဲ့ ဖိအားများ သွား စေတဲ့ စကားလုံး၊ တစ်ခုခုကို စွန့်စားပြီး မလုပ်ခင်မှာ ရပ်တန့်သွားစေမဲ့ စကားလုံးများ လည်းဖြစ်ပါတယ်။ ကလေးရဲ့အတွင်းစိတ်လွတ်လပ်မူကို ချုပ်ချယ်မိစေပြီး ဘာပဲဆုံးဖြတ်ဆုံးဖြတ်၊ မိဘရဲ့မျော်လင့်ချက်ကို အရင်ဦးစားပေး စဉ်းစားတော့ ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်၊ အားကိုးစိတ်ကို ပါထိခိုက် သွားစေ ပါတယ်။

၃။ မင်းဘာဖြစ်လို့ အဲလောက် “ အ ” ရတာလဲ

ကိုယ့်ကလေးကို သိပ် 'အ' တာပဲလို့ မိဘများက မှတ်ချက်မပေး သင့်ပါဘူး၊ မိဘများ အသိအမှတ်ပြုပေး သလို၊ အဓိပ္ပါယ် သတ်မှတ်သလို၊ ကလေးတွေဟာ ကိုယ့်ကိုကို ထင်မြင် သွားတတ်ပါတယ်။ ကိုယ့်ကိုကို ထင်မြင်သလို ဖြစ်သွားတတ်ပါတယ်။ အလွန်အန္တရာယ် ရှိတဲ့ စကားလုံးတွေပါ။

၎။ ကလေးတွေ ဘာနားလည်လို့လဲ၊ ဘာတွေလာပြီး ရှောက်မေးနေတာလဲ၊

ကလေးတွေဟား စူးစမ်းချင်တဲ့ သဘာဝရှိတော့ မိဘများကို နိုက်နိုက်ချွှတ်ချွှတ် မေးမြန်းတတ်ပါတယ်။ မိဘများဟာ မအားလပ်လို့ပဲ ဖြစ်ဖြစ်၊ စိတ်ရူတ်တဲ့ အခါပဲ ဖြစ်ဖြစ် မင်းတို့ ကလေးတွေ ဘာနားလည် လို့လဲ၊ ဘာတွေလာပြီး ရှောက်မေးနေတာလဲ…သွားသွား၊ စသည်ဖြင့် ပြောဆိုမောင်းထုတ် တတ်ပါတယ်။ ကလေးများရဲ့ စူးစမ်းတတ်တဲ့ စိတ်ဟာ ကလေးများရဲ့ အနာဂါတ်ဘ၀ အတွက် အလွန်အရေးကြီး တဲ့ အတွက်ကြောင့် အဲဒီစကားလုံးများကို ရှောင်ရှားသင့်ပါတယ်။

၅။ မင်းဒီအိမ်က ကလေး မဟုတ်ဘူး၊ မိဘနဲ့ကို မတူဘူး

မိဘများ ကိုယ့်ကိုမချစ်တော့ဘူး၊ ကိုယ့်ကိုမလိုချင်တော့ဘူး လို့ ကလေးတွေ အထင်ရောက် သွားစေတဲ့ စကားလုံးမျိုးဖြစ်ပါတယ်။ ကလေးများ မိမိကိုမိမိ တန်ဖိုးထားတတ်တဲ့ ( Self-respect) စိတ်ကို ထိခိုက်စေ တတ်ပါတယ်။

၆။ ငါမရဘူးဆိုရင် မရဘူးပဲ၊ အိမ်စာမပြီးရင် ကစားဖို့ စဉ်းကို မစဉ်းစားနဲ့

ကလေးဟာ ကလေးပါပဲ၊ မိဘများရဲ့သူတို့အတွက် ကောင်းစေချင်တဲ့ စေတနာအရင်းခံကို နားလည်ချင်မှ နားလည်မှာပါ။ သူတို့ဟာ မိဘများရဲ့ညင်ညင်သာသာ ပြောဆိုမူကို နစ်သက်ပါတယ်။ ဖေဖေမေမေ မတရားဘူးလို့ အထင်ရောက်သွားစေမဲ့ စကားလုံးတွေဖြစ်ပါတယ်။

ရ။ မိဘမျက်နာကို အိုးမဲ မသုတ်နဲ့ ၊ မိဘကို အရှက်မရစေနဲ့၊ မင်းတို့ စာကောင်းကောင်းကြိုးစား

ကလေးများ စာကြိုးစားခြင်းဟာ မိမိအတွက် မဟုတ်တော့ပဲ မိဘမျက်နာရဖို့၊ မိဘမျက်နာ အိုးမဲမသုတ် မိစေဖို့ ဆိုတဲ့အဓိပ္ပါယ်မျိုး သက်ရောက်သွားစေတယ်။ ကလေးများဟာ ကိုယ့်တာဝန်ကို ကိုယ်ထမ်းရမဲ့ အပြင် ဖေဖေမေမေရဲ့မျက်နာ ဆိုတဲ့တာဝန်ကိုပါ တပါတည်း ထမ်းဆောင်ရတဲ့ အတွက် ဖိအားများ သွား စေပါတယ်။ ကိုယ်ဘာဖြစ်ချင်လဲ၊ ကိုယ်ဘာဝါသနာဘာလဲ လို့ စဉ်းစားခြင်း၊ (သို့) စဉ်းစားတတ် အောင် သင်ယူခြင်းထက်၊ မိဘကိုယ့်ကို ဘာဖြစ်စေချင်သလဲ ဆိုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်သွားစေတတ်ပါတယ်။ မိဘဖြစ်စေချင်တာ မိဘ မျက်နာရအောင်လို့ ဆိုတာဖြစ်သွားရင် ကလေးများရဲ့အနာဂါတ်ကို ထိခိုက်သွား စေနိုင်ပါတယ်။

၈။ မင်းကို ရိုက်တာဟာ မင်းကိုကောင်းစေချင် လွန်းလို့၊

အမှန်တော့ ကလေးများကို မိဘက လုံးဝမရိုက်သင့်ပါဘူး၊ ရိုက်တယ်ဆိုတာ စကားနားမထောင်လို့ (သို့ ) မလိုက်နာလို့ အပြစ်ပေးတဲ့ သဘော၊ ကြောက်အောင် မှတ်ခိုင်းတဲ့ သဘော ဆောင်ပါတယ်။ ကြောက် စိတ်ဟာ မိဘလိုချင်တဲ့ ကိစ္စတစ်ခုခု ပြီးမြောင်အောင် လုပ်ဆောင်ဖို့၊ ဥပမာ စာကျက် ခိုင်းတာမျိုးကို ရိုက်မှ ကြောက်လို့ လုပ်ရလေတော့ တွန်းအားဖြစ်တတ်ပေမဲ့ အပြုသဘော လုံးဝမဆောင်ပါဘူး။ ကြောက်ဖို့ မလိုအပ်တော့ဘူး ဆိုတဲ့ အချိန်ကျရင် လုပ်ဖို့လည်း မလိုအပ်တော့တဲ့ သဘော ဖြစ်သွားတတ်ပါတယ်။ ကောင်းစေချင်လို့ ရိုက်တာလို့ ပြောတာဟာ ကလေးကို ရိုက်အပြီး မိဘများရဲ့ စိတ်ထဲမှာ စိတ်မကောင်း ခြင်း၊ နောင်တရခြင်း စတဲ့ ခံစားချက်တွေကို ပြန်လည်ဖြေသိမ့်တဲ့ စကားလုံးဖြစ်ပါတယ်။

၉။ စာပဲ ကောင်းကောင်းကြိုးစား၊ ကျန်တာ မင်းဘာမှ မစဉ်းစားနဲ့၊

စာကြိုးစားတာက လွှဲလို့ ကျန်တာ ကလေးနဲ့ ဘာမှ မဆိုင်တဲ့ သဘောပါ။ ပညာဆိုတာ ဗဟုသုတကို စုစောင်းခြင်းသက်သက် မဖြစ်သင့်ပါဘူး၊ လက်တွေ့ကျကျ အသုံးချတတ်မှ ပညာဟာ တန်ဖိုးရှိမှာပါ။ လက်တွေ့ ဘ၀နဲ့ ကင်းကွာသွားတဲ့ ကလေးဟာ ဘ၀တစ်ခုလုံး ရုန်းကန်ဖို့အတွက် အရည်အချင်းများ ဆုံးရူံး သွားတတ်ပါတယ်။ ကလေးများဟာ သဘာဝအရ စော့ကစားချင်တယ်။ သူငယ်ချင်း အပေါင်း အသင်း တွေနဲ့ ပျော်ရွှင်ချင်တယ်။ ပတ်ဝန်းကျင်ကို စူးစမ်းချင်ပါတယ်။ ဒါတွေအားလုံးဟာ ကလေးများကို ပိုမိုသန်မာဖို့၊ ပတ်ဝန်းကျင်ကို ၀င်ဆန့်တတ်ဖို့ အလိုအလျောက် လေ့ကျင့်ပေးပါတယ်။ စာတစ်ခုတည်းသာ ကလေးက အာရုံပြုနေရင် စာကလွှဲရင် ကိုယ့်ကိုကို နိုင်နင်းဖို့တောင် ဘာမှမလုပ်တတ်တော့တဲ့ ကလေး ဖြစ်သွားနိုင်ပါတယ်။


အောင်ကိုလတ်
ref;https://www.facebook.com/aung.k.latt.5?hc_location=timeline
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...