အမေရိကန်ရေတပ်မှ ထုတ်ဖော် ပြသခဲ့သော အံမခန်း ဒီဇိုင်းဆန်း သယ်ယူပို့ဆောင်ရေး ရေယာဉ်

အမေရိကန် မရိန်း တပ်ဖွဲ့ဝင်များ အနေဖြင့် မကြာ သေးမီက ၄င်းတို့၏ ကုန်းရေနှစ်သွယ် သွား လာသော ကုန်တင် ရေယာဉ် တစ်မျိုး Ultra Heavy-lift Amphibious Connector (Uhac) ကို ဟာဝိုင်အီရှိ မရိန်းတပ်ဖွဲ့များ လေ့ကျင့်ရာ နေရာ၌ ကျင်းပ ပြုလုပ်သော ပြပွဲတွင် ထုတ်ဖော် ပြသ ခဲ့သော်လည်း ၄င်းရေယာဉ် အနေဖြင့် မည်သည့် အချိန်၌ စတင် တာဝန် ထမ်းဆောင် မည်ကို မသိရှိ ရပေ။

Uhac အနေဖြင့် တစ်နာရီလျှင် အမြန်နှုန်း ၂၅ မိုင် (၄၀ ကီလိုမီတာ) မောင်းနှင်နိုင်ပြီး ၃ မီတာ အမြင့်ရှိ သော အတားအဆီးများကို ကျော်လွှားနိုင်ပေသည်။ ပြပွဲတွင် နိုင်ငံပေါင်း ၂၀ ကျော်ပါဝင်ခဲ့ပြီး သင်္ဘော ၄၀ စင်း၊ ရေငုပ်သင်္ဘောများ နှင့် လေယာဉ်အစီး ၂၀၀ ထက်မနည်းပါဝင်ခဲ့ပြီး လူပေါင်း ၂၅၀၀၀ ကျော် ရှိကာ တီထွင်လျက်ရှိသော နည်းပညာများနှင့် ထုတ်လုပ်နေမှုအခြေအနေများအကြောင်း ဆွေးနွေးခဲ့ကြ သည်။

ရေယာဉ်အနေဖြင့် တပိုင်းပုံစံ အခြေအနေတွင် ရှိနေပြီး အလူမီနီယံဖြင့် တည်ဆောက်ထားကာ အလျား ၁၃ မီတာ၊ အကျယ် ၈ မီတာ နှင့် အမြင့် ၅ မီတာရှိသည်။ တစ်စီးလုံးပုံစံ အနေဖြင့် ဆိုပါက အမေရိကန် ထုတ် ကမ္ဘာ့ပေါ်ရှိ အကောင်းဆုံး တင့်ကားဖြစ်သော M1A1 တင့်ကားသုံးစီး၊ သို့မဟုတ် ကုန်တန်ချိန် ၂၀၀ တန်ကို သယ်ဆောင်နိုင်မည်ဖြစ်ပြီး အတိုင်းအတာအနေဖြင့် အလျား ၂၅ မီတာ ၊ အမြင့် ၁၀ မီတာ ရှိမည်ဖြစ်သည်။

ရေယာဉ်အနေဖြင့် ကုန်းပေါ်သို့ ရောက်ရှိသွားသည့်အခါ တင့်ကားကဲ့သို့ပင် ခက်ခဲကြမ်းတမ်းသော သဲ နှင့် ရွံမြေများကိုပင် ဖြက်ကျော်မောင်းနှင်နိုင် မည်ဖြစ်ပါသည်။ လက်ရှိ ထုတ်လုပ်ထားသော နမူနာယာဉ် အနေဖြင့် တစ်နာရီလျှင် ၅ မိုင်သာ ရောက်ရှိသေးသော်လည်း နောက်ဆုံးအဆင့် ထွက်ရှိလာပါက ၄င်းနှုန်းထက် ငါးဆ ပိုမိုရောက်ရှိနိုင် မည်ဖြစ်ကြောင်း သိရှိရပါသည်။


Ref:DM
WorldWide(BMSTU)
TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...