သင်၏ ခက်ခဲသော အိပ်ယာ ထချိန်များကို ကော်ဖီ သောက်ရန် စွဲဆောင်ခြင်းဖြင့် နိုးထစေမည့် နှိုးစက်

မနက် အိပ်ရာထရန် ပျင်းသူများကို ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် များစွာတွေ့ရှိ ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ၄င်းပျင်းသူများ အနေဖြင့်လည်း အိပ်စက် ခါနီးတွင် မိမိတို့ နှိုးထချင်သည့် အချိန် အား နှိုးစက် ပေးထားသော်လည်း တကယ်တမ်း နှိုးစက်မှ အသံထွက်ပေါ် လာသော အခါ နှိုးစက်ကို ပိတ်ပစ်၍ ပြန်လည် အိပ်စက်ကြ ပေသည်။

ထို့ကြောင့် အိပ်ရာထရန် ပျင်းသူများအား အလျင် အမြန် အိပ်ရာ ထလာစေရန် ရည်ရွယ်၍ ဗြိတိန် အခြေစိုက် Designer Josh Renouf မှ Barisieur ဟု အမည်ပေးထာသော ကော်ဖီဖျော်ထားမည့် နှိုးစက် တစ်ခုကို တီထွင်ဖန်တီး ထုတ်လုပ် ခဲ့ပါသည်။

Barisieur တွင် အောက်ခြေ၌ ကော်ဖီစေ့များ၊ သကြားများ၊ နို့များကို သိုလှောင် သိမ်းဆည်းရန် နေရာ များ ပါဝင်ပြီး ၄င်းကို ညအချိန်ကတည်း၌ပင် မနက်နိုးလျှင် သောက်နိုင်ရန် ပြင်ဆင် ပေးထားရမည် ဖြစ် ပါသည်။ ထို့နောက် သင့်အနေဖြင့် နှိုးထမည့် အချိန်အား သတ်မှတ် ပေးထားပြီး ၄င်းအချိန် ရောက်ရှိပါက ကော်ဖီအား အလိုအလျောက် ဖျော်ပေးထားကာ အဆိုပါ ကော်ဖီနံဖြင့် သင့်ကို အိပ်ရာထရန် စွဲဆောင်မှု ပြုလုပ်ပေးမည် ဖြစ်ပါသည်။

Barisieur သည် လက်ရှိတွင် တီထွင်နေဆဲ အခြေအနေတွင် ရှိပြီး ကော်ဖီဖျော်စက်နှင့် နှိုးစက်နာရီ နှစ်ခုပေါင်းအား အမေရိကန် ၂၅၀ မှ ၄၂၀ အတွင်း ကျသင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။


Ref:TTJ
WorldWide(BMSTU)
TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...