တူရကီ ပင်လယ်ကမ်းခြေမှာ ခေါင်းနှစ်လုံးနဲ့ လင်းပိုင်ကို တွေ့ရှိ

အသက် (၃၉)နှစ် အရွယ်ရှိ မီတင်က ကျွန်တော် ပင်လယ်ပြင်မှာ လင်းပိုင်တွေကို တွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီလိုလင်းပိုင်မျိုး ကိုတော့ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ ကြားလည်း မကြားခဲ့ဖူးပါဘူး။ ကျွန်တော့်ရဲ့ မျက်စိမှားသွားတယ်လို့တောင် ထင်ခဲ့ပါတယ်။ ကျွန်တော် အရမ်းကို အံ့အား သင့်ခဲ့ရ ပါတယ်လို့ ပြောကြား သွားခဲ့ပါတယ်။ ဒီလင်းပိုင်ကို ရဲတပ်ဖွဲ့ဝင်တွေက လာရောက် ယူဆောင်ခဲ့ပြီး စမ်းသပ်ဖို့ ဓာတ်ခွဲခန်းကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ အေကေ ဒီနစ်တက္ကသိုလ်မှ အဏ္ဏ၀ါ ဇီဝဌာနက ပရော်ဖက်ဆာမီမက်က လူသားတွေမှာလည်း ခေါင်းနှစ်လုံးအမြွှာရှိကြောင်း၊ လင်းပိုင်မှာလည်း ခေါင်းနှစ်လုံး အမြွှာရှိခဲ့လို့ လေ့လာဖို့ အခွင့်အရေးတွေရတော့မှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါ တယ်။
ref;The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook